စီးရီးခွေ ထွက်ရှိဦးမယ့် စိုးနန္ဒာကျော်

0
299

Soe-Nan-Da-Kyaw-(2)သရုပ်ဆောင် စိုးနန္ဒာကျော်က ဖေဖော်ဝါရီလမှာ “အပြင်းစား လောင်ကြိုး” တေးအယ်လ်ဘမ် ထွက်ရှိမှာဖြစ် ကြောင်းကို..

“ညီမရဲ့ “အပြင်းစားလောင်ကြိုး” ဒီဗီဒီခွေကို ဖေဖော်ဝါရီ လလောက်မှာ ထွက်မှာပါ။ ညီမရဲ့ ပထမဦးဆုံး စီးရီးခွေဖြစ် တော့ အခက် အခဲလေး တွေလည်း ရှိတယ်။ သီချင်း ၁၅ ပုဒ် လောက်ပါမှာပါ။  R & B ၊ Pop အမျိုးအစား လေးတွေပါ” လို့ ပြောပါတယ်။ စိုးနန္ဒာကျော်က အနုပညာလောက ထဲကို အသက် ၁၈ နှစ်ကျော် လောက်ကစပြီး ဝင်ရောက်လာတာ ဖြစ်ကာ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဇာတ်လမ်း ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ကြောင်း ကို..

“ညီမ အသက် ၁၈ နှစ်ကျော် လောက်က ဒီအနုပညာ လောကထဲ ကို ရောက်ခဲ့တာပါ။ ညီမက ကျရာ ဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်း တစ် ယောက် ဖြစ်ချင်တယ်။ အဲဒီ အတွက်ကြောင့် ကိုယ်သရုပ် မဆောင်ဖူးသေးတဲ့ ကာရိုက် တာ ပေါင်းစုံကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင် ကြည့်ချင်တယ်။ ဇာတ်လမ်း ရိုက်ကူး တော့မယ်ဆိုရင် တချို့က ဇာတ်ကြို ရတယ်။ ဇာတ်ကိုကြည့်ပြီး မကြိုက်ဘူးဆိုရင် ပယ်လိုက်တာ မျိုးတွေရှိတယ်။ တချို့ဟာ တွေကျတော့ ဇာတ်ကြည့်လို့ တစ်ခန်းတည်း ရှိပေမယ့် လည်း ကိုယ့်အတွက် လုပ်ကွက် ရှိတယ်၊ ပရိသတ်တွေ ကိုယ့်ကို အသိ အမှတ်ပြုနိုင်မယ့် နေရာမျိုး၊ ကိုယ်လည်း မလုပ်ဖူးသေးတဲ့ ကာ ရိုက်တာမျိုး ဆိုရင်တော့ လက်ခံ ရိုက်ကူးဖြစ်တယ်” လို့ ဆိုပါ တယ်။ စိုးနန္ဒာကျော်က ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ဝါရင့် အနုပညာရှင်တွေနဲ့ ပါဝင်ရမယ် ဆိုရင် သူတို့ အနှောင့် အယှက် မဖြစ်အောင် ဂရုစိုက်ကြောင်းကို..

“ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့မယ် ဆိုရင် ညီမ အစစအရာရာ ဂရုစိုက်ပြီး ပြင်ဆင်လေ့ရှိတယ်။ ကိုယ်နဲ့အတူ ပါဝင်ရတဲ့ အနုပညာ ရှင်တွေက ဝါရင့် အနုပညာရှင်တွေ ဖြစ်တဲ့ အတွက် သူတို့တွေ က ကိုယ့်ကြောင့် အနှောင့်အယှက် မဖြစ်အောင်လို့ ဂရုစိုက်ပေးတယ်” လို့ ပြော ပါတယ်။

စိုးနန္ဒာကျော်က “ကိုယ့်သမိုင်းကိုယ်ရေး ကြသူများ” ရုပ်ရှင်ဇာတ်ကားမှာ အဓိက မင်းသမီး အနေနဲ့ ပါဝင်ရိုက်ကူးထားပြီး ရဲလေး နဲ့အတူ ရိုက်ကူး ထားတဲ့ “အွန်လိုင်း ပေါ်ကစနိုက်ကြော်” ဗီဒီယို ဇာတ်ကားလည်း ထွက်ရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ချယ်ရီ၊
ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here