ဒီနှစ် အတွက် အကယ်ဒမီ မမှန်းဘူး အိန္ဒြာကျော်ဇင်

0
227

MIN_3452အိန္ဒြာကျော်ဇင်ရဲ့ သုဒြာ ထုတ်လုပ်ရေး က Reflection ရုပ်ရှင် ဇာတ်ကား နဲ့ “တစ်နေ့ရွှေ တစ်နေ့ငွေ” ရုပ်ရှင်ဇာတ်ကား ၂ ကား ရိုက်ကူး ထားပြီး နောက်ထပ် ရိုက်ကူးဖို့ အတွက်လည်း ဇာတ်လမ်း တွေ ရှာနေတုန်း ပဲဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက် မှာတော့ ပထမဆုံး ရိုက်ကူးတဲ့ Reflection  ရုပ်ရှင်ဇာတ်ကားထဲက ဟက်စကီးနဲ့ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေ ကို မော်လမြိုင် လေဆိပ် မှာသွားရောက် ရိုက်ကူးခဲ့ ရကြောင်း သိရပါတယ်။ ဇာတ်ကားကောင်းဖို့ အတွက် အစွမ်းကုန် ကြိုးစားထားတယ်လို့ ဆိုတဲ့  ..

“Reflection  ဇာတ်ကားက ပထမဆုံး ဆင်းန်အဖွင့်နဲ့ နောက်ဆုံး အပိတ် ကျန်နေတယ်။ မခိုင်ကြီးနဲ့ ကစ်ကစ် နှစ်ယောက်ပဲ သရုပ်ဆောင် ရမှာ။ အစ်မတို့ မပါဘူး။ လေယာဉ် မရသေးတာနဲ့ပဲ ကြားထဲမှာ နည်း နည်း ကြာသွားတယ်။ ဟက်စကီးက တော်တော်လေးကို တစ်ဆင့် ပြီး တစ်ဆင့် အထက်ကို တင်ပြီး ပြောရတယ်။ ရန်ကုန် လေဆိပ်မှာ လည်း ရိုက်ကူးလို့ မရဘူး။ မင်္ဂလာဒုံ လေဆိပ်မှာလည်း ရိုက်ကူး လို့မရဘူး။ မှော်ဘီမှာ ရိုက်ကူးလို့ရမလား ဆိုတော့လည်း မရဘူး။ မော်လမြိုင် လေဆိပ်မှာပဲ လိုက်ရိုက်ကူးလို့ ရမယ် ဆိုပြီး အဲဒီအ ထိလိုက် ရိုက်ကူးရတယ်။ ဟက်စကီး ငှားရတော့ ကုန်ကျစရိတ် လည်းများတယ်။ မငှားလို့လည်း မရဘူး။ မခိုင်ကြီးရဲ့ ကာရိုက် တာကို ပံ့ပိုးပေးတာက လည်း ဒါမျိုးတွေ ပံ့ပိုးပေးမှ သူ့ရဲ့ကာရိုက်တာက ပိုထိ ရောက်တယ်။ အဲဒါတွေကလည်း အကုန်အကျတော့ ခံရတာပေါ့။ ဟက်စကီးက တစ်နာရီကို ဒေါ်လာ ၃ဝဝဝ ကျော် ဝန်းကျင်လောက် ရှိမယ်။ အဲဒီကိစ္စက ကိုပြေတီဦးနဲ့ ပြောကြတာပဲ။ အစ်မတို့ကတော့ ဇာတ်ကား တစ်ကားလုံး ကောင်းဖို့ အတွက်ကို အစွမ်းကုန် ကြိုးစားထားတယ်။ ပရိသတ် အကြိုက်နဲ့ ထပ်တူညီအောင်လို့ ကြိုးစားထား ပါတယ်။ ပရိသတ်ကလည်း အစ်မတို့ ကြိုးစားထားတာ ကို မြင်မှာပါ။ အဲဒီ အတွက်လည်း အားပေးကြမယ်လို့ ယုံကြည် ပါတယ်” လို့ ပြောပါတယ်။

ဒီနှစ် အကယ်ဒမီ ပေးပွဲမှာတော့ ပရိသတ်တွေက “နှင်းဆီပန်သူ” ရုပ်ရှင်ဇာတ် ကားနဲ့ အိန္ဒြာကျော်ဇင်ကို အကယ်ဒမီ မှန်းထားကြပါတယ်။ အိန္ဒြာကျော်ဇင် ရဲ့ အကယ်ဒမီရင်ခုန်သံကို မေးကြည့်တော့..

“အကယ်ဒမီ ကတော့ အစ်မအတွက် ဘယ်လိုမှ မမှန်းပါဘူး။ အဲဒီ ဇာတ် ကားကို ပရိုဂျူဆာက အစ်မ ထင်တာတော့  ဇာတ်ကား တစ်ကားလုံး ခြုံကြည့်ရင် ဇာတ်ကားကောင်း တစ်ကားလို့ ပြောလို့ရတယ်။ အဲဒါ ကြောင့် ဒါရိုက်တာဆုတို့၊ Dubbing တို့၊ Editing တို့ အဲဒီလိုတွေ အတွက်ပဲ မှန်းတယ် ထင်ပါတယ်။ အစ်မက တော့ မမှန်းပါဘူး။ ဒီဇာတ်ကားမှာ အစ်မ ကတော့ ကိုယ်လုပ်ရမယ့် အကွက်တွေ အကုန်လုံးကို ကြိုးစား ပြီး အတတ် နိုင်ဆုံး ကာရိုက်တာ မိအောင် လုပ်ထားတယ်။ မမစိမ်း ဆိုတဲ့ နှလုံးရောဂါသည် ကာရိုက်တာ ပေါ့။ အဲဒါလေးကို ကြိုးစားပြီး ကာရိုက်တာ မိအောင် လုပ်ထားပါ တယ်” လို့ပြောပါတယ်။ လောလော ဆယ်မှာ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်း တွေကို ရွေးချယ် လက်ခံ ရိုက်ကူး ဖြစ်သလို ကြော်ငြာတွေလည်း ရိုက်ကူး ဖြစ်နေကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ ဧဒင် ထုတ်လုပ်ရေးအတွက် “လေဒီဒိန်းဂျား” ရုပ်ရှင်ဇာတ်ကားကို ခန့်စည်သူ၊ ခိုင်သင်းကြည်၊ ပိုင်ဖြိုးသု တို့နဲ့ ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါ တယ်။

“အဲဒီဇာတ်ကားက သူပြောချင် တဲ့ မက်ဆေ့ခ်ျက ဒီဇာတ်ကားရိုက်ကူး တဲ့ ပရိုဂျူဆာတွေက အမျိုးသမီးတွေ ပဲလေ။ ဒါကြောင့် ယောက်ျားတွေ နဲ့ ပတ်သက်ပြီး မိန်းမတွေခံစားရတဲ့ ခံစားချက်တွေ ကို အဓိကထားပြီး ဇာတ်လမ်း ဖွဲ့ထားတာပေါ့။ အစ်မက အဲဒီဇာတ်ကား ထဲမှာ ယောက်ျားတွေ နဲ့ ပတ်သက်ပြီး ခံစားရတဲ့သူ။ အဲဒါ ကို ယောက်ျားတွေ နဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ မိန်းမတွေ အတွက်ကို ပြန်ပြီး ကလဲ့စားချေ ပေးတဲ့ ဇာတ် လမ်းမျိုးပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here