The Hollywood Reporter ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ အိန္ဒိယမင်းသမီးချောလေး Deepika Padukone

0
305

deepika-padukone-86a copy

Deepika Padukone  က လူကြိုက်များတဲ့ အိန္ဒိယ မင်းသမီး တစ်ဦးဖြစ်သလို ကမ္ဘာ့ထိပ်တန်း ဝင်ငွေအများဆုံး မင်းသမီးစာရင်းထဲက တစ်ဦးလို့ ပြောလို့ရပါတယ်။ Padukone  က ဆုတံဆိပ်များစွာကို ရရှိ ထားသူပါ။ အဖေက ကြက်တောင်ရိုက် ကစားသမားဖြစ်တာေ ကြာင့်  ငယ်ရွယ်စဉ်က ကြက်တောင်ကစားခဲ့ပြီး အမျိုးသားအဆင့်ထိ ရောက်ရှိ ခဲ့သူပါ။ ဖက်ရှင်မော်ဒယ် ဖြစ်လာပြီးနောက် ကြက်တောင် ရိုက် ကစား တာကို စွန့်လွှတ်ခဲ့သလို ရုပ်ရှင်ရိုက်ဖို့လည်း ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။

၂ဝဝ၇ ခုနှစ်မှာ “Om Shanti Om” ဇာတ်ကားနဲ့ Filmfare Award  ကို ရရှိခဲ့တယ်။ Padukone ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကတော့ Aaj Kal ၊ Lafangey Parindey ၊  Bachna Ae Haseeno ၊ Housefull  တို့ ဖြစ်ကြပါတယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ Cocktail  ဇာတ်ကားက ထိပ်ဆုံး ရောက် ရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ကို လျာထားခြင်းခံခဲ့ရ ပါတယ်။ ၂ဝ၁၃ မှာတော့ “Yeh Jawaani Hai Deewani” , “Chennai Express” ဇာတ်ကားများမှာ ပါဝင်ခဲ့သလို ၂ဝ၁၄ခုနှစ် မှာHappy New Year  ၊ ၂ဝ၁၅ မှာBajirao Mastani  အစရှိသည့် ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သူပါ။ သူမက ကိုယ်တိုင် ဒီဇိုင်းကို တီထွင်ပြီးဝတ်တတ်သလိုLive Love Laugh Foundation  ကို တည်ထောင်သူ တစ်ဦးပါ။

၂ဝ၁၅ ခုနှစ်မှာတော့  Tamasha  နဲ့ Bajirao Mastani   ဇာတ်ကား များ ပါဝင်ရိုက်ကူးခဲ့ပြီး Hollywood  ပထမခြေလှမ်းအဖြစ်  Return of Xander Cage ဇာတ်ကားပြီးတဲ့နောက်The Hollywood Reporter  ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here