ရွှေသမီး စိုးရိမ်နေတဲ့ ရုပ်ရှင်ဇာတ်ကား

0
374

Shwe-Temee-(2)ဆရာကြီး မင်းသိင်္ခရေးသားပြီး ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်မယ့် “မနုစာရီ” ရုပ်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင်မယ့် ရွှေသမီးက ဒီဇာတ်ကား အတွက် “မနုစာရီ” ဝတ္ထုကို သေချာ ပြန်လေ့လာနေ ကြောင်း ဆိုပါတယ်။

“ဝတ္ထုစာအုပ်ကို သေချာ ပြန်ဖတ်နေတယ်။ မနုစာရီရဲ့ စိတ်ထားလေးတွေကို အဓိကထား ပြီး ကြည့်နေပါတယ်။ ဒီဇာတ်ကား ကို သေချာလေး လုပ်ရမယ်ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါကမြန်မာ နိုင်ငံရဲ့ အထင်ကရ ဝတ္ထုတစ်အုပ် လို့ ပြောလို့ရတယ်။ ပြီးတော့ ဆရာကြီး မင်းသိင်္ခရဲ့ ပထမဆုံး လုံးချင်း ဝတ္ထုလည်း ဖြစ်တဲ့ အတွက် ပိုပြီးတော့ မှလည်း တာဝန်က ကြီးပါတယ်။ အဲဒီ အတွက် သေ ချာလေး လုပ်နေပါတယ်” လို့ ပြောပါတယ်။ “မနု စာရီ” ဇာတ်ကား အ တွက် အဝတ်အစား ပိုင်း၊ မိတ်ကပ်၊ ဆံပင်ပိုင်းတို့ကို ဒါရိုက်တာ ညိုမင်း လွင်တို့ရဲ့ Night School ထုတ်လုပ် ရေးမှအကုန် စီစဉ်ပေး ထား ကြောင်း သိရပါတယ်။ “မနုစာရီ” ဇာတ်ကား ရိုက်ကူးဖို့ အတွက် စိုးရိမ်စိတ်တွေ၊ ကြောက် စိတ်တွေ ဖြစ်ပေါ်နေကြောင်း ကိုလည်း ရွှေသမီးက …

“ဒါက မြန်မာ တစ်နိုင်ငံလုံးမှာ ရောင်း အား အကောင်းဆုံး စာအုပ်လည်း ဖြစ်တယ်။ မြန်မာ တစ်နိုင်ငံလုံးက တအားကို စွဲလမ်းခဲ့ရတဲ့ စာအုပ်လည်း ဖြစ်တယ်။ အဲဒီအထဲမှာ ပါတဲ့ နေရာတွေ ကိုဆိုရင် စာဖတ် ပရိသတ် တချို့တွေက သွားရောက် ကြည့်ရှုခဲ့ ရတာတွေတောင် ရှိခဲ့တယ်။ အာဇာနည်ကုန်း နားမှာ ရေတွင်းပျက် ရှိတယ်ဆိုလို့ သွားကြည့်ရတဲ့ အထိ တောင် ရှိခဲ့ကြတယ် ဆိုတော့ ဒါညီမအတွက် တာဝန်ကြီး နေပါပြီ။ ပြီးတော့ ဒီဇာတ်ကား အတွက် ညီမကို ရွေးလိုက် ပြီဆိုတဲ့ အချိန်မှာ ကလည်း တချို့က ဒီဇာတ်ကောင်နဲ့ မလိုက်ဘူး၊ တချို့ကလည်း လိုက်တယ်ပေါ့နော်။ ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူး ဆိုတာတွေပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေ ပြော ကြတယ်။

အဲဒီအတွက် ကိုယ်ကိုယ်တိုင်လည်း နည်းနည်း လေးတော့ စိုးရိမ်မှုတွေရော၊ ကြောက်တဲ့စိတ် တွေရော ရှိနေပါ တယ်။ ညီမ ဒီဇာတ်ကား ရိုက်ကူးရတဲ့ အတွက် ဒီဇာတ် ကား လေးပေါ်မှာ မျှော်လင့်ချက် ဆို တာထက် ကြိုးစားမှု ဆိုတာလေးကို ပိုပြီး ပြချင်ပါတယ်။ ပြီးတော့ ညီမ လုပ်နိုင်တဲ့ အထိ လုပ်နိုင်တာထက် ပိုပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ ပြောပြခဲ့ ပါတယ်။ အခု လတ်တလော မှာတော့ ရွှေသမီးက ဒါရိုက်တာ သားကြီး ရိုက်ကူးနေတဲ့ “ကကြိုးပျက်တိမ်တိုက်” ဗီဒီယို ဇာတ်ကားကို အောင်မင်းခန့် တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here