၂ နှစ်အတွင်းမှာရုပ်ရှင်ရုံ ၁ဝဝ အထိ တည်ဆောက်သွားမည်

0
194

100 Cinema copy

ရုပ်ရှင်ရုံတစ်ရာစီမံကိန်းရဲ့ ပထမ ဦးဆုံး ရုပ်ရှင်ရုံ ဖွင့်လှစ်ခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့က မှော်ဘီ မြို့နယ်၊ တပ်ကြီးကုန်းရပ်ကွက် ၊ ဦးပိုင်အမှတ် (၆/၃)၊ ရွာသစ်ကွင်း၊ အမှတ်(၅၈၄)မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ် ပါတယ်။ ရုပ်ရှင်ရုံတစ်ရာစီမံကိန်းကို Paradiso Cinemas Co. ,Ltd  ကနေပြီး တည်ဆောက်နေတာဖြစ် ပါတယ်။ ၂ နှစ်အတွင်းမှာတော့ ရုပ်ရှင်ရုံတစ်ရာ အထိတည်ဆောက် သွားမှာဖြစ်ပြီး ရုပ်ရှင်ရုံမ ရှိသေးတဲ့ ဒေသတွေကို အဓိက ပစ်မှတ်ထားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။

100 Cinemas copy

လက်ရှိဖွင့်လှစ်လိုက်တဲ့ ရုပ်ရှင် ရုံမှာ ခုံအရေအတွက် ၃၂ဝ အထိ ပါဝင်နေပြီး  3D ရုပ်ရှင် ဇာတ်ကားတွေ အထိပြသနိုင်တဲ့ အဆင့်မြင့်ဒ စ်ဂျစ် တယ် ရုပ်ရှင်ရုံလည်း ဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာပဲ အဆင့်မြင့် ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံစုစုပေါင်း ၄၅ ရုံအထိ တည်ဆောက် သွားမှာဖြစ် တယ်လို့ Paradiso Cinema ကုမ္ပ ဏီရဲ့CEO ဖြစ်သူ ဦးတင်မောင်ဝင်း က ပြောထားပါတယ်။

“အခုလက်ရှိလည်း ၃ ရုံဆက် တိုက်တည်ဆောက်ထားတယ်။ လာ မယ့်တစ်ပတ်ထဲမှာလည်း နောက်ထပ် ၅ ရုံတည်ဆောက် သွားပါမယ်။ ၂ဝ၁၇ ခုနှစ်ထဲမှာ ၄၅ရုံ အထိတည်ဆောက်ဖို့ လျာထားပြီးပါပြီ။ မှော်ဘီရုံဟာ ကျွန်တော်တို့အတွက် ပထမဦးဆုံး ပိုင်းလော့ခ် ပရောဂျက်ဖြစ်တဲ့အတွက် အခက် အခဲတော့ အနည်းငယ် ရှိခဲ့ ပါတယ်” လို့ ဦးတင်မောင်ဝင်း က ပြောပြပေးပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ရှိနေတဲ့ ရုပ်ရှင်ရုံ       အရေအတွက် စုစုပေါင်းဟာ ၅ဝ ရုံခန့်ပဲ ရှိသေးတာကြောင့် အဲဒီရုံ ၅ဝ ခန့်ရဲ့ တစ်နှစ်လုံးရဲ့ ငွေကြေး လည် ပတ်မှုဟာ ၅ ဘီလီယံလောက် အထိပဲ ရှိနေပြီး ၂ဝ၁၇ ခုနှစ်မှာ Paradiso Cinema ရုပ်ရှင်ရုံ ၄၅ ရုံ ပေါ် ပေါက်လာပြီးပါက တစ်နှစ် ပတ်လုံး ငွေကြေးလည်ပတ်မှုဟာ ၁ဝ ဘီလီယံ အထိ ငွေကြေးစီးဆင်းမှု ဖြစ် လာလိမ့် မယ်လို့ ဦးတင်မောင်ဝင်းက သုံးသပ် ပြောပြပေးခဲ့ပါတယ်။ ရုပ်ရှင် ဥက္ကဋ္ဌ ဦးလူမင်း ကတော့ …

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၅၁သန်းကျော်သော ပြည်သူ ပြည်သားတွေ အတွက် ရုပ်ရှင်ရုံ လိုအပ်ချက်၊ နောက်ပြီးတော့ အဘက် ဘက်က ယိုယွင်းကျဆင်း နေတဲ့  ရုပ်ရှင်ဈေးကွက်အတွက် ရုပ်ရှင်ရုံလိုအပ်ချက်က နံပါတ်တစ် နေရာမှာ ရှိနေပါတယ်။  ကျွန်တော် တို့ ရုပ်ရှင် လောကတိုးတက်ဖို့ အဓိက လိုအပ်နေတဲ့ ရုပ်ရှင်ရုံ တိုးတက်ရေး အတွက် ရုံတစ်ရာ စီမံကိန်းဆိုတာက ကျွန်တော်တို့ အတွက် များစွာ အ ထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်” လို့ ထောက်ပြပြောပြပေးခဲ့ပါတယ်။

အကယ်ဒမီလွင်မိုး ကတော့ သူ့အနေနဲ့ ဏမေေိငျသ ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူဆောင်ရွက်ပေးရတဲ့ ကဏ္ဍတွေကတော့

” ကျွန်တော်ကတော့ ငွေရေး ကြေးရေး ရှာဖွေရေးအပိုင်းနဲ့ နေရာ ရှာဖွေရေးအပိုင်းတွေကို လုပ်ပါ တယ်။ နောက်ပိုင်းမှာလည်း ဒီ ရုပ်ရှင် ရုံ ပုံစံအတိုင်းပဲ လုပ်ရတာ ဖြစ်တဲ့အ တွက် ပထမဦးဆုံး ရုပ်ရှင်ရုံ အဖြစ် ရန်ကုန်မြို့နဲ့ နီးတဲ့နေရာ ရုပ်ရှင်ရုံ မရှိတဲ့ နေရာကို   ရွေးချယ်လိုက်တာ ပါ။ အဲဒီနေရာက မှော်ဘီ ဖြစ်ပါ တယ်။ ပိုင်းလော့ခ် ပရောဂျက် အနေ နဲ့ လုပ်တာဖြစ်တဲ့အတွက် ရုံတစ်ခုလုံး ဘယ်လိုပဲ ပြီးသွားတယ် ဖြစ်ဖြစ် တခြားလိုအပ်ချက်တွေဆိုတာ ရှိနိုင် တယ်။ ခုံတွေရဲ့ အနီးအဝေး၊ လူတွေ ကာတာ ၊ကွယ်တာ၊ အဲယား ကွန်း ပူတာအေးတာ၊ အသံကျယ်တာ၊ တိုးတာ ရှိနိုင်တယ်။ အဲ့ဒါကြောင့် ဒီရုံကို ပိုင်းလော့ခ် ပရောဂျက် အနေ နဲ့ ဆောက်လုပ်ပြီးတော့ ဒီကနေပြီး တော့ ရလာမယ့် ပြင်ဆင်ချက်တွေနဲ့ တစ်နိုင်လုံးမှာ ရုပ်ရှင်ရုံတွေ တည် ဆောက်သွားမှာ ဖြစ်ပါ တယ်ခင်ဗျ။ မတ်လထဲမှာပဲ မုံရွာ၊ ဖျာပုံ၊ အောင် ပန်း ရုပ်ရှင်ရုံတွေကို တစ်ပြိုင်နက်တည်းဖွင့်လှစ်မှာလည်း ဖြစ်ပါတယ်” လို့ ပြောပြပေးပါတယ်။

Paradiso Cinema  ရုပ်ရှင်ရုံ တစ်ရုံ ရဲ့ ကုန်ကျစရိတ်ဟာ ကျပ်သိန်း နှစ်ထောင်ကနေ နှစ်ထောင့်သုံးရာ အထိ ကုန်ကျစရိတ် ရှိတယ် လို့လည်း သိရပါတယ်။  Paradiso Cinemas  ကုမ္ပဏီကို မြန်မာအနုပညာရှင်နဲ့ ပြည်တွင်း စီးပွားရေးပညာရှင်တို့ရဲ့ ငွေကြေးရှယ်ယာ စုပေါင်းမှုက ၆ဝ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး နိုင်ငံခြားသား တွေက ၄ဝ ရာခိုင်နှုန်းရှယ်ယာ ပါဝင် နေပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here