သင်္ကြန်စီးရီး၊ ရော့ခ် စီးရီးများနဲ့ စည်သူလွင်

0
294

si copy

အဆိုတော် စည်သူလွင်က ၂ဝ၁၇ခုနှစ် သင်္ကြန်အတွက် သင်္ကြန်စီးရီးတစ်ခွေကို CD/DVD    ဆက်တိုက်ထွက်ရှိလာမယ်လို့ သိရပါတယ်။ စည်သူလွင်က တစ်ကိုယ်တော် သင်္ကြန်စီးရီးအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ထွက်ရှိခဲ့ပြီး အခုတစ်ခေါက် စီးရီးကတော့ သုံးခွေမြောက်   ဖြစ်ပါတယ်။

“သီချင်း အဟောင်းလေးတွေပါပဲ။ အရင်စီးရီးတွေမှာ မဆိုဖြစ်ခဲ့တဲ့ သီချင်းလေးတွေပါမယ်။ ဒီမှာတော့ စုံတွဲတစ်ပုဒ် နှစ်ကိုယ်တူ ချစ်သမျှကို ဆန်းသစ်လနဲ့ ဆိုထားတယ်။ ဒီအခွေကို       တော့ ချိုကြည် သာကထုတ်မယ်။ နာမည်ကတော့ မူရာကျော့ရဲ့ သင်္ကြန်လုလင် ဆိုပြီး ပေးထား        တယ်။ မြန်မာမှုဟန် သီချင်းတွေပါပဲ။ သီချင်းအားလုံး ၁၂ ပုဒ် ပါပါမယ်” လို့ စည်သူလွင်ကပြော ပြီး ဖေဖော်ဝါရီလ အတွင်းမှာ CD နဲ့  DVD  ထွက်ရှိလာမယ်လို့ သိရပါတယ်။

သူ့ရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလုပ်ဖို့ စီစဉ်ထားတဲ့ စည်သူလွင်က “လုပ်မယ်ဆိုရင်လည်း သေချာလေးပြင်ဆင်ပြီး လုပ်ချင် တယ်။သီချင်းတွေကအစ မတူအောင် ပြင်ဆင်ချင်တယ်။ ကြည့်ရတဲ့သူတွေလည်း အမြင်လေးဆန်းအောင်၊ သီချင်းလေးတွေကိုလည်း ပုံစံလေး နောက်တစ်မျိုး  နဲ့ ခံစားရအောင်ပေါ့။အဲဒီလို သေချာပြင်ဆင်မှာပါ။လောလောဆယ်တော့ မလုပ်ဖြစ်သေးပါဘူး။ အခွေလေးတွေ အရင် ထွက်နိုင်အောင် လုပ်ပါဦးမယ်။လောလောဆယ်တော့ သင်္ကြန်ခွေလေး ထွက်မယ်။ သင်္ကြန်ခွေကတော့ သူ့ရာသီနဲ့ သူ ထွက်ရ တာဆိုတော့ အဲဒါလေးကို အရင်လုပ်နေ တယ်”  လို့ ပြောတဲ့ စည်သူလွင်က ရော့ခ်သီချင်းတွေ သီးသန့်ပါဝင်မယ့် စီးရီးသစ်တစ်ခွေကို လည်းထပ်မံ စီစဉ်နေတယ်လို့  သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here