နှစ်ဖက်လုံး စိတ်သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ ပြီးမှ အိမ်ထောင်ဘက်ကို တွေ့ခဲ့တာ ပါ သဉ္ဇာနွယ်ဝင်း

0
375

ThinZarNweWin သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက သတို့သားလောင်း ကိုလှမျိုးမြင့် နဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မင်္ဂလာပွဲ ဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ သူတို့ နှစ်ဦးက မြန်မာထိုင်မသိမ်း ဝတ်စုံ၊ အနောက် တိုင်းဝတ်စုံ၊ တရုတ်ရိုးရာ မင်္ဂလာ ဝတ်စုံများဖြင့် Pre Wedding ဓာတ်ပုံ များ ရိုက်ကူးခဲ့ပါ တယ်။ သဉ္ဇာနွယ်ဝင်း က နာမည် ကျော် အဆိုတော် တစ်ဦးနဲ့ ချစ်သူ တွေ ဖြစ်ခဲ့တယ်လို့ ပရိ သတ်တွေ တော် တော် များများ သိရှိခဲ့ပြီးမှ ရုတ်တ ရက် လမ်းခွဲခဲ့ပြီး ဆိုင်းမဆင့် ဗုံမဆင့်ဘဲ သူ့ရဲ့မင်္ဂလာသတင်းကို ကြားသိ ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပြီး ဝေဖန်မှု တွေလည်း ရှိခဲ့ပါတယ်။ သူ့ရဲ့ မင်္ဂလာ ကိစ္စနဲ့ ပတ်သက်ပြီး သဉ္ဇာ နွယ်ဝင်း က ဇန်နဝါရီလ ၂၈ ရက်နေ့ မှာ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ဖြေရှင်းခဲ့ပါ တယ်။

“ချစ်ရတဲ့ ပရိသတ်ကြီး အားလုံး မင်္ဂလာပါ။ သဉ္ဇာရဲ့ မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြုလုပ် သွားမှာပါ။ သဉ္ဇာ့ ကို စိတ်ပူ ပေးကြ တဲ့ ပရိသတ် အားလုံး အတွက် ကျေးဇူး တင်ပါတယ်။ ပြီးခဲ့တဲ့ ကိစ္စတွေမှာ ဘယ်သူကမှ ဘယ်သူ့ကို ထားခဲ့တာ မျိုးမဟုတ် ဘဲ နှစ်ဖက်လုံး စိတ် သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ ပြီးမှ အိမ်ထောင်ဘက်ကို တွေ့ခဲ့တာ ပါ။ ကိုလှမျိုးမြင့်က သဉ္ဇာထက် သုံးနှစ် ကြီးပါတယ်။ အိမ်ထောင် မရှိတဲ့ လူပျိုပါ။ သဉ္ဇာ့ကို ချစ်တဲ့လူတိုင်း၊ မုန်းတဲ့လူတိုင်း စေတနာ ဒေါသနဲ့ စဉ်းစားပေးတာ ဖြစ်တဲ့ အတွက် တစ်ဦး တစ်ယောက် ချင်းစီကို ကျေးဇူး တင်ပါတယ်ရှင်။ ပရိသတ်ကြီး အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်း သာကြပါစေ” လို့ ရေးသား ထားတာ တွေ့ရပါတယ်။

photo-My Dream Wedding Studio


LEAVE A REPLY

Please enter your comment!
Please enter your name here