G-Dragon နဲ့ ကောလာဟလကို ဖြေရှင်းလိုက်တဲ့ Dara

0
99

 g_dragon_dara__22092009194723

JTBC  ရဲ့ “As You Say”  အစီ အစဉ်မှာ တင်ဆက်သူHaHa   က Dara  ကိုG-Dragon  နဲ့ ချိန်းတွေ့နေတာအတွက် ဝမ်းသာတယ် လို့ ပြောလိုက်ပါတယ်။Dara   က အထင်လွဲရခြင်း အ ကြောင်း အရင်းကို အခုလို အခု အသေးစိတ်ပြောပြသွားပါတယ်။

“Big Bang  ရဲ့ ဖျော်ဖြေ မှုပြီးဆုံးသွားတော့ ပါတီကို သွားဖို့ G-Dragon  နဲ့အတူ လမ်းလျှောက် ထွက် လာခဲ့တာပါ။ ပရိသတ်တွေ တအားများလို့ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါက သတင်းတွေထဲမှာ ခေါင်းစဉ်ကြီးနဲ့ ပါလာနိုင် တယ်လို့ ကျွန်မမထင်ခဲ့ဘူးလေ လို့ပြောခဲ့ပြီး အဲ့ဒီ နောက် တင်ဆက်သူတွေက G-Dragon  က သူမပခုံးကို သိုင်းဖက်ထားခဲ့တယ်လေ” လို့ ထပ်မံမေးခွန်းထုတ် လိုက်ပါတယ်။

Dara   က ရှက်သွားခဲ့ပြီး ဖက်ထားတဲ့အပေါ်မှာတော့ တိကျတဲ့ အဖြေမပေးခဲ့ပါဘူး။YG Entertainment   ကတော့ ထွက်ပေါ်နေ တဲ့ ကောလာဟလအတွက် “သူတို့တွဲနေကြတာ မဟုတ်ပါဘူး။ အဲ့ဒီနေ့ကG-Dragon  က သိုင်းဖက်လိုက်တာက အပျော်သဘော ဓာတ်ပုံရိုက်ချင်လို့ပါ။ အပျော်ရိုက်လိုက်တဲ့ ဓာတ်ပုံကနေ တွဲနေတယ်ဆိုတဲ့ သတင်းဘက်ကို ရောက်ရှိသွား တာပါ” လို့ ဖြေရှင်းခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here