ဟန်းနီးမွန်း ထွက်မယ့် စုံတွဲတွေ ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကား

0
102

ခရေဖြူ ထုတ်လုပ်ရေးက စီစဉ် ပြီး ဝတ္ထု အကြည်တော်၊ ဇာတ်ညွှန်း နေစိုးသော်၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်တဲ့ “ဟန်းနီးမွန်း” ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲက သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကား က အချစ်ဟာသ ဇာတ်မြူး ရုပ်ရှင် ဇာတ် ကားဖြစ်ပြီး ကျော်ရဲအောင်၊ မြင့်မြတ်၊ ကျော်ကျော်ဗို၊ အိချောပို၊ ရွှေမှုန်ရတီ နဲ့ သရုပ်ဆောင် အင်အား များစွာက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူး ပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “အခက် အခဲရယ် လို့ သိပ်မရှိပါဘူး။ တိရစ္ဆာန် တစ်ကောင် ပါနေတာ တစ်ခုပဲ။ ကျန်တာ သိပ်ပြဿနာ မရှိ ဘူး။ အဓိကက ဒီဇာတ်လမ်းက ကြောင် ကို ဦးတည် ပြီး သွားရတာလေ။ ကြောင်ကိစ္စပဲ ခေါင်းစားရတယ်။ ကြောင်ကိုလည်း ဝယ်ခိုင်း လိုက်ရ တယ်။ အဲဒီကြောင်ကို ဝယ်တာ ၅ သိန်းလောက် ပေးရတယ်” လို့ ဇာတ် ကား ရိုက်ကူးတုန်းက အခက်အခဲကို ပြောပါတယ်။ ဒီ ဇာတ်ကားကို ဟန်း နီးမွန်း ထွက်မယ့် စုံတွဲတွေရော၊ ဟန်း နီးမွန်း မထွက်ရသေးဘဲ ကြိုတင် ပြင် ဆင်တဲ့သူတွေ အနေနဲ့ ဟန်းနီးမွန်း ထွက်ရင် ဘယ်လိုဖြစ်တတ်တယ် ဆို တာကို ကြိုသိရအောင်လို့ လာရောက် ကြည့်ရှု အားပေးစေလိုကြောင်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ပြောပါတယ်။ ဒီဇာတ်ကား ကို ဖေဖော်ဝါရီလထဲမှာ ရုံတင်ပြသသွား တော့မှာ ဖြစ်ပါတယ်။

P060
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here