ဆရာမြသန်းစံ ရဲ့ facebook ပေါ်က ဓမ္မရသစာစုများ အတွဲ (၁) စာအုပ်ထွက်ရှိ

0
404

_MG_1534ငွေသော်တာ စာပေတိုက်ကနေ ၁၁ အုပ်မြောက် ထုတ်ဝေလိုက်တဲ့ စာအုပ်ကတော့ စာရေးဆရာ မြသန်းစံရဲ့ “facebook ပေါ်က ဓမ္မ ရသစာစု များ အတွဲ (၁)” စာအုပ်ပါ။ စာအုပ်စတင် ဖြန့်ချိခြင်းနဲ့ စာရေးသူ၊ စာဖတ်သူတို့ ရင်းနှီး နွေးထွေးစွာ တွေ့ဆုံခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့ခင်း ၁ နာရီ အချိန်က ၃၅ လမ်း (အလယ်) ရှိ ပေါ်ပြူလာဂျာနယ်တိုက် (Asian Fame Media Group) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဆရာမြသန်းစံက မိတ်ဆက်စကား ပြောကြားတဲ့ အခါမှာ ငွေသော်တာ စာပေတိုက်ရဲ့ ၁၁ အုပ်မြောက် ထုတ်ဝေတဲ့ စာအုပ် ဖြစ်တဲ့အတွက် တက်ရောက်လာတဲ့ စာဖတ် ပရိသတ်တွေ၊ မိတ်ဆွေ တွေ ကို ၁၁ မီးငြိမ်းစေဖို့ ဆုတောင်း စကားကို လည်း ဆိုပါတယ်။ လက်ရှိ အချိန်မှာ တရားဓမ္မနဲ့ ပျော်မွေ့နေ တဲ့ ဆရာမြသန်းစံ အနေနဲ့ စာမရေး တာ အတော် ကြာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။  facebook ဆိုတာ အဆိပ်ပင်တွေ ဖုံးလွှမ်းနေတဲ့ သစ် တောကြီး နဲ့တူတယ်လို့ ခံစားမိတဲ့  ဆရာမြသန်းစံက အဆိပ်မိ သူတွေ အတွက် အဆိပ်ဖြေဆေး အနေနဲ့ သစ်ပင် တစ်ပင် ဝင်စိုက်လိုက်ခြင်း သဘောဖြစ်ပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာ ဓမ္မရသစာစု လေးတွေ ရေးသားနေတာ ကိုလည်း တွေ့ရပါတယ်။ ထွက်ရှိလာတဲ့ သူ့ရဲ့ စာအုပ် အသစ်နဲ့ ပတ်သက်ပြီး ဆရာ မြသန်းစံ က..

“စီးရီး အလိုက် ထွက်သွားမယ့် သဘောရှိတာပေါ့။ ဒါကတော့ စာမူ အဟောင်းတွေပေါ့။ ဘဝဇာတ်လမ်း၊ ဓမ္မမှတ်တမ်း ၃  ။ ရေးခဲ့ဖူးတဲ့ စာအုပ်က အားလုံးပေါင်း ၂၁ အုပ်ရှိတယ်။ ၂၁ အုပ်ကိုပဲ ပြန် ကန့်ပြီး ထွက်တာပေါ့။ အရင်တုန်းက ၂၁ အုပ်ဆိုတာ အထူကြီးပေါ့။ တစ်ခါ တလေ ကျတော့လည်း စာအုပ် ကြီးက ထူတော့ သိပ်ပြီးမဖတ် ဖြစ်ကြဘူး။ ထွက်တုန်း ကတော့ ၂၁ အုပ်က တစ်အုပ်စီ ထွက်ခဲ့တာ။ ဒါ ပေမဲ့ မှတ်တမ်း အနေနဲ့ ပြန်လုပ်တဲ့ အခါကျတော့ ၃ အုပ်ပဲ ပြန်တွဲတယ်။ ဒါလည်း ကြာပြီပေါ့။ တစ်အုပ်ကို တစ်သောင်းခွဲ လောက် နဲ့ဆိုတော့ ဘယ်သူမှ မဝယ်တော့ဘူးပေါ့။ စာ ကြည့်တိုက်တွေ နဲ့ ပိဋကတ်တိုက် တွေလောက်ပဲ သုံးတယ်။ ဒါကကျ တော့ ပေါ့ပေါ့ ပါးပါးနဲ့ ပြန်ပြီးတော့ ဖတ်လို့လွယ်အောင်၊ ကိုယ့်ဘဝ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဓမ္မလေးတွေကို သိအောင် ဆိုပြီးတော့ ပြန်လုပ်ပေး လိုက်တာ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here