နန်းမြတ်ဖြိုးသင်း ပြောတဲ့ ခေတ်ရေစီးထဲက ခေတ်ဖက်ရှင် အကြောင်း

0
211

Nan-Myat-Phyo-Thin-(2)ဖက်ရှင်ဆိုတဲ့ အလှအပ ဝတ်စားဆင်ယင်မှု ထုံးဖွဲ့ ဓလေ့ဟာ ခေတ်ရေစီး ကြောင်း နဲ့ အတူ ဆန်းသစ် ပြောင်းလဲနေ တာမို့ တစ် နှစ် ထက် တစ်နှစ် အသွင် အပြင် ခြားနားကာ ပိုသစ် လွင်လာလျက် ရှိ ကြပါ တယ်။ ဖက်ရှင်ရဲ့ အနှစ် သာရဟာ ခေတ် ကိုရှေ့ ဆောင်ရှေ့ ရွက်ပြု ကြ မယ့် လူငယ်ထုအကြား မှာ ပုံ သဏ္ဋာန်မျိုးစုံနဲ့ ထုတ်ဖော်ပြလျက် ရှိ ကြပါတယ်။ ဖက်ရှင်ရဲ့ အဓိကကောင်း ကျိုးတွေဟာ လူ တစ်ယောက် ရဲ့ ရုပ်ပိုင်း ဆိုင် ရာ၊ စိတ်ပိုင်း ဆိုင်ရာ များကို စမတ်ကျ စေသလို နုပျို သစ်လွင်တဲ့ အလှတရားနဲ့ ဆွဲဆောင် ဖမ်းစားခြင်း ပဲ ဖြစ်ပါတယ်။ အဲဒီလို ခေတ်ရေစီးထဲမှာ ရွေ့လျား ပြောင်းလဲ ဆန်းသစ်နေတဲ့ ဖက်ရှင် ရေစီးထဲကို အနုပညာရှင် တွေက ပိုမိုပြီးတော့ အလှအပ နဲ့ အောင်မြင် မှုဘဝ တစ်ခု တည်ဆောက် ရယူနိုင်ဖို့ စတိုင်လှလှ  စမတ်ကျကျ ဖက်ရှင် အလှအပ လိုက်စားကြ ရတာမို့ ခေတ် လူငယ် အမျိုးသမီးသရုပ် ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ ခေတ် ရေစီး အပြောင်းအလဲထဲ ဆန်းသစ် ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီး အပေါ်အမြင် ကို မေးမြန်းဖြစ်ခဲ့ပါ တယ်။

“အရင်ကဆို နန်းမြတ်  Cute  လေးတွေ ဝတ်တာများတယ်။ အခု ၂ဝ၁၇ ခုနှစ်မှာ Cute ပုံစံလေးတွေ နည်းနည်း လျှော့ပြီးတော့ Hot  ဖြစ်တာလေးတွေ ရွေးချယ်ပြီး ဝတ် မယ်လို့ စဉ်းစားထားတယ်။ ဖက်ရှင် က ဒီလိုပဲ တဝဲလည်နေတာပဲ။ အရင်တုန်းက ပုံစံတွေ ပဲ ပြန်ခေတ် စားလာမယ် လို့ ထင်တယ်။ ဖက်ရှင် ဆိုတာက လူတစ်ယောက်ရဲ့ Personality ကို ဖော်ပြတယ်လို့ နန်းမြတ် ထင်ပါတယ်။ အဓိကက တော့ ဖက်ရှင်က ခေတ်ရေစီးကြောင်း လည်း ရှိသလို တစ်ဖက် ကလည်း ကိုယ်နဲ့လိုက်ဖက်မယ့် ဖက်ရှင်ကို ရွေးချယ် တတ်ဖို့လည်း လိုမယ်ထင် တယ်။ ဆံပင်ပုံစံဆိုရင် နန်းမြတ် က ပုံစံမျိုးစုံ ပြောင်းတာကို ဝါသနာ ပါ တော့ ပြောင်းဖြစ်တယ်။ နှစ်တစ်နှစ် ရယ်မှ မဟုတ်ဘူး။ စိတ်ကူးပါရင် ပြောင်းဖြစ်တယ်” လို့ ခေတ်ရေစီးနဲ့ အတူ ပြောင်းလဲ ဆန်းသစ်နေ တဲ့ ဖက်ရှင်နဲ့ ပတ်သက် ပြီး ပြောပါ တယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး အမြဲတမ်း လေ့လာဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက အနုပညာ သမား တစ်ယောက် ဖြစ်တဲ့ အတွက် နေ ရာဒေသ နဲ့ သင့်တော်တဲ့ အဝတ်အစား ကိုလည်း ရွေးချယ်တတ် ဖို့ အရေးကြီး ဆုံး ဖြစ်ကြောင်း ပြော ပါတယ်။

“ခေတ်မီတာတွေ၊ လှတာတွေ ထက် ပထမ အဆင့်က နေရာဒေသ ပွဲလမ်းသဘင်တွေနဲ့ လိုက်ဖက်မယ့် အဝတ်အစားကို ရွေးချယ်တတ်ဖို့ လိုမယ်လို့ နန်းမြတ်ထင်တယ်။ အခု နောက်ပိုင်းမှာ ဖက်ရှင်ကို လေ့လာ ရတာလည်း လွယ်ကူလာတယ်။ တစ်ပြေးညီ လေ့လာခွင့် ရလာ တယ်။ အဲဒီလို ဖြစ်လာတော့ နန်းမြတ်တို့က လည်း ပိုပြီးကြိုးစား၊ ပိုပြီးခေတ်ရှေ့ ပြေးအောင် ဖက်ရှင် နဲ့ပတ်သက်ပြီး အမီ လိုက်ရတယ်” လို့ ပြောပါတယ်။ လတ်တလောမှာ နန်းမြတ်ဖြိုးသင်း က ဒါရိုက်တာ အောင်ဇော်လင်း ရိုက် ကူးတဲ့ “ကြယ်” ရုပ်ရှင် ဇာတ်ကားကြီး ကို ကျော်ထက်နဲ့ အတူ ရိုက်ကူးနေ ပြီး လာမယ့် ဖေဖော်ဝါရီလ တစ်လ လုံးကိုတော့ ဇာတ်ကား ရိုက်ကူးမှု တွေ နားမှာ ဖြစ်ပြီး သူ့ရဲ့ တစ်ကိုယ် တော် စီးရီး အတွက် သီချင်းတွေလုပ် သွားမှာဖြစ်ကြောင်း သိရပါတယ်။ စီးရီး မထွက်ခင်မှာလည်း သူ့ရဲ့ MTV  သီချင်း တစ်ပုဒ်ကို အွန်လိုင်းပေါ်မှာ ဖြန့်ချိ သွားမှာဖြစ်ကြောင်း နန်းမြတ် ဖြိုးသင်း က ပြောပါတယ်။

“ဒီဇာတ်ကား ရိုက်ကူးပြီးရင် ဖေဖော်ဝါရီတစ်လကို သီချင်းပဲ တောက်လျှောက် လုပ်ဖြစ်မယ်။ အခု လောလောဆယ် သီချင်း ၇ ပုဒ် လောက် တေးရေးတွေဆီက ရထား ပြီးပြီ။ လုပ်ဖို့ပဲကျန်တော့တယ်။ အွန်လိုင်းမှာ ညီမသီချင်း တစ်ပုဒ် ဖြန့်ဖို့ရှိတယ်။ MTV ပါ တစ်ခါ တည်း ပါမယ်။ ၂ လပိုင်းလောက် ဖြန့်ဖို့ လုပ်ထားတယ်။ အခု လုပ်မယ့် စီးရီး ထဲမှာ အဆွေး သီချင်းပုံစံလေးတွေ ပါမယ်။ ရှိုးဆို လို့ ကောင်းမယ့် အမြူး ပုံစံ သီချင်းလေးတွေ လည်း ပါမယ်။ စီးရီးကို ၂ဝ၁၇ ခုနှစ်မှာ ထွက်မယ်လို့ စီစဉ်ထားတယ်။ ဒီစီးရီးကို နန်းမြတ် Mini Album  ထုတ်ရင်လည်း ထုတ် မယ်။ မသေချာသေးဘူး” လို့ ပြော ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here