ပျော်ရွှင်မှုအပြည့်နဲ့ ဖြတ်သန်းခဲ့တဲ့ ရွှေပိုင် ရဲ့ မွေးနေ့ ညချမ်း

0
222

z1 copy

အဆိုတော် ဇော်ပိုင်နဲ့ ဇနီးဖြစ် သူ မမီမီနေမင်းဝင်း တို့ ရဲ့ သားလေး ရွှေပိုင်ရဲ့၅ နှစ် ပြည့်မွေးနေ့ပွဲကို ဇန် နဝါရီလ ၂၅ ရက် ည ၇ နာရီ အချိန် က ဆီဒိုးနားဟို တယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။ ဇော်ပိုင်တို့ဇနီးမောင်နှံက သားလေး ရွှေပိုင် အတွက် နှစ်စဉ် မွေး နေ့ပွဲ ပြု လုပ်ပေးဖြစ်ပြီး ယခုနှစ် မွေးနေ့မှာလည်း အရင်နှစ်များ နည်းတူ ဖျော်ဖြေရေး အစီအစဉ်များ၊ ကလေးများ အ တွက် ကစား ကွင်းများနဲ့ အတူ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များလည်း ပါဝင်ခဲ့ပါတယ်။ ဒီနှစ်မွေးနေ့ကတော့ ၅နှစ်ပြည့်ဖြစ်တဲ့အတွက် အရင်နှစ် တွေထက် ပိုအရွယ်ရောက်လာတဲ့ ရွှေပိုင်က သူ့မွေးနေ့ အပေါ် ကောင်းကောင်း ခံစားတတ်နေပြီလို့ မိခင်ဖြစ်တဲ့ မမီမီနေမင်းဝင်းက ပြောပါတယ်။

z2 copy

“ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုအဓိပ္ပာယ် ပြည့်ဝ တယ်။ သူက ခု ၅ နှစ် ရှိပြီဆိုတော့ မွေးနေ့ပွဲ လုပ်ချင် တာတွေ၊ သူကိုယ် တိုင် ပါဝင်ဖြတ်သန်းရတာတွေ၊ ပျော် ရွှင်မှုတွေကို ကောင်းကောင်း ခံစားတတ်နေပြီဆိုတော့ ပို လည်းပျော်ဖို့ ကောင်းတယ်။ အရင်နှစ်ေ တွကတော့ သူငယ် သေးတော့ သိပ်မသိသေးဘူး။ အခုတော့ သူကမွေးနေ့ပွဲ အကြောင်းတွေလည်း ပြန်ပြောတတ်နေပြီ။အဲဒီအတွက် ပိုပျော်စရာ ကောင်း ပါတယ်” လို့ မမီမီ ကပြောပါတယ်။ ရွှေပိုင်က  The British School Yangon မှာကျောင်း တက်နေပြီး ကျောင်း အား လပ်ချိန်တွေမှာလည်း ကြော်ငြာ တချို့ရိုက်ကူးဖြစ်တယ်လို့လည်း မိခင်ဖြစ်တဲ့ မမီမီက ပြောပြခဲ့ပါတယ်။

P-054  ၊ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here