လူငယ်ကြိုက်ဖက်ရှင် ၂ဝ၁၇ ဖက်ရှင်ရေစီး

0
225

YouthFashionအနုပညာရှင်တွေ ကြားထဲမှာ၊ လူငယ်တွေကြားထဲမှာ ပေါက်နေတဲ့ ဖက်ရှင်တစ်ခု ကိုပြပါဆိုရင် Bomber Jacket Fashion ကို ညွှန် ရမှာပါ။ ဒီဖက်ရှင်က ၂ဝ၁၇ ခုနှစ်ထဲမှာ ခေတ် အစားဆုံးလို့ ပြောနိုင်သလို ၂ဝ၁၆ ခုနှစ်မှာ ကတည်းက လူကြိုက် များနေတဲ့ ဖက်ရှင် တစ်ခု ဖြစ်လာခဲ့တာပါ။   လူမှုကွန်ရက် စာမျက်နှာ အသီးသီး တွေမှာ Bomber Jacket တွေနဲ့ လန်းနေ ကြတယ်။ တချို့ အနုပညာ ရှင်တွေ Bomber Jacket  နဲ့ Fashionable ဖြစ်နေကြတယ်။ ဒါဟာ ဖက်ရှင်ရေစီးကြောင်းတစ်ခု ပါပဲ။  Bomber Jacket တွေကို ဖက်ရှင် ဆိုင် အသီးသီးမှာ ဝယ်ယူလို့ ရသလို ဟစ်ဟော့ပ် အဆိုတော် ဖြိုးလေးတို့ Superior Clothing မှာလည်း ဝယ်ယူလို့ရနေပါပြီ။

“သူကတော့ ၂ဝ၁၆ ခုနှစ် မကုန်ခင်ကတည်းက ခေတ်စားနေ တာပေါ့နော်။ ကျွန်တော့်  Trend အတွက် လုပ်နေတုန်းက ခေတ် မစား သေး ဘူး။ ဒါပေမဲ့ ကျွန်တော်က ကြိုက်တယ်။ ကြိုက်လို့ လုပ်လိုက်တာ တစ်ခါတည်း ကွက်တိ သွားကျတာ ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကောင် တွေက ဝတ်ရတာ Rapper မှ မဟုတ်ဘူး။ လူတန်း စားပေါင်းစုံ ဝတ်ဆင်လို့ရတယ်။ အပြင်တွေ ဘာတွေသွားလည်း အပေါ် က စွပ်သွား လိုက်ရင် ပွဲတိုးတာပေါ့။ အဲဒီ Bomber  ဖက်ရှင်ကလည်း သင်္ကြန်ပြီးတဲ့ အထိ ရှိနေဦးမယ်လို့ မြင်ပါတယ်။ အဲဒီ ကောင်လေးတွေဆို လူကြိုက် တော်တော် များတယ်။ ရန်ကုန် ရာသီဥတု အတွက် အဲဒီ ဂျက်ကက် လေးတွေက အပါးလေး တွေ ထုတ်ထား တာ ဆိုတော့ မအိုက် ဘူးပေါ့။ အဆင်ပြေပါတယ်” လို့ ဖြိုးလေး က ပြောပါတယ်။

အားလုံး က သိကြတဲ့ အတိုင်း မြန်မာနိုင်ငံရဲ့ ဟစ်ဟော့ပ် ဖက်ရှင် ရေစီးမှာတော့ ဒီဘက်နောက် ပိုင်း နှစ်တွေမှာ ဟစ်ဟော့ပ် အဆို တော် SZ ရဲ့  Run YGN ၊ ဖြိုးလေးရဲ့ Genius ၊ နေဝင်းရဲ့ OMG  ဖက်ရှင် ဆိုင်တွေက လူငယ် တွေကြား ထဲမှာ ရေပန်းစား လှပြီး ပေါက်ပေါက် မြောက်မြောက် လည်း ရှိလှပါတယ်။ ဟစ်ဟော့ပ် ဖက်ရှင် တွေက များသော အားဖြင့် ရှူးတို့၊ ဂျက်ကက် တို့နဲ့ Dressing  အပြည့် ဆိုရင် ပွဲလမ်း သဘင်လောက် သာ သင့်တော်ပြီး ရပ်ကွက်ထဲ၊ လမ်းထဲ တွေ၊ အိမ်နေ ရင်း၊ ထသွားထလာ တွေ အတွက် ကတော့သိပ် အဆင် မပြေလှပါဘူး။ အဲဒီအတွက် တီရှပ် တို့လို၊ ဘောင်းဘီတို့လို၊ ခြေညှပ် ဖိနပ်တို့လို ပစ္စည်းတွေက ဈေးကွက် မှာ အရောင်းရဆုံးပါ ပဲလို့ သိရပါ တယ်။

“အဓိက ကတော့ ဈေးကွက် ထဲမှာ အဲဒါတွေပဲ ရောင်းရတာ။ ဂျက်ကက်နဲ့ တီရှပ်နဲ့ ယှဉ်ကြည့်ရင် တောင် ဂျက်ကက် က ဈေးလည်း များ တော့ ဈေးကွက် အဲဒီလောက်ကြီး မရှိဘူးပေါ့။ ဝယ်နိုင်တဲ့သူ ရှိတယ်။ မဝယ်နိုင်တဲ့ သူရှိတယ်။ တီရှပ်က တော့ တော်တော် များများ တတ်နိုင် ကြတယ်။ အဲဒီလိုမျိုး ဟာတွေက အမြဲထွက်ဖို့ရှိသလို ဘောင်းဘီတိုတို့၊ Slipper တို့လည်း ထွက်ဖို့ရှိပါတယ်” လို့ ဖြိုးလေး က ဆက်လက် ပြောပါ တယ်။ ၂ဝ၁၇ ခုနှစ် အတွက် ရေပန်းစားလာမယ့် ဖက်ရှင်တွေနဲ့ သူ့ အမြင်ကို ဟစ် ဟော့ပ် အဆိုတော် နေဝင်းက..

“ကျွန်တော်တို့ သီချင်းဆိုတဲ့ သူတွေကတော့ ဝတ်လို့ရတာ ပေါ့လေ။ တကယ်တမ်း အပြင်ပန်းမှာ ကျတော့ ဝတ် လို့ မရဘူးဗျ။ အဓိက ကတော့ ၂ဝ၁၇ ခုနှစ် မှာ ကာလာ တွေတအား ထူးဆန်းတယ် လို့ ကျွန်တော် ထင်တယ်။ အဖြူ၊ အမည်း ကာလာက အခု Classic  ဖြစ်နေ ပြီပေါ့။ တီရှပ် တွေဆိုရင်လည်း အောက်နားတွေ ကမညီ တာတို့၊ စောင်းနေတာ တို့၊ ကာလာတွေက Super Color တွေနဲ့ ရှင်း ရှင်းလေးတွေ သွားနေတာမျိုးလေး တွေလည်း တွေ့ရတယ်။ သေချာတာ ကတော့ ကျွန်တော်တို့ တွေက ဖြစ်ပေါ်လာတဲ့ ဖက်ရှင် အပေါ် မှာ ကိုယ်ဝတ်ချင်တဲ့ စတိုင်နဲ့ ပေါင်းပြီးတော့ ကိုယ်ပိုင်ဒီ ဇိုင်းလေး တွေဖြစ်အောင် ဝတ်တာ တော့များ ပါတယ်” လို့ပြောပါ တယ်။  OMG ဆိုင်မှာတော့ ၂ဝ၁၇ ခုနှစ် အတွက် အသစ် ထွက် လာမယ့် ဖက်ရှင် ဒီဇိုင်း တွေ က..

“ကျွန်တော့် OMG က Jeans Hoody တွေထွက်ရှိပါ တယ်။ ကာလာ လေးမျိုး ထွက်ရှိပါတယ်။ ယောက်ျား လေး ရော၊ မိန်းကလေး ရော ဝတ်လို့ ရပါတယ်။ နောက်တစ်ခုက OMG စာလုံးသေး သေးလေး တွေ ရေးထားတဲ့ ဘောင်းဘီတိုရယ်၊ လက်ရှည်ရယ်၊ Hoody ရယ်၊ ဦးထုပ်ရယ် ထွက်တယ်။ အဲဒါက ဟစ် ဟော့ပ် စတိုင် ကျတဲ့ ဖက် ရှင် ပေါ့။ နောက်တစ်ခု ကကျ တော့ ကျွန်တော် ဒီလထဲမှာ OMG ဆိုင်ဖွင့်တာ ၃ နှစ်ရှိပါပြီ။ ၃နှစ်ပြည့် အမှတ်တရ အတွက်ကို Jacket တွေထုတ်ထားတာ ရှိတယ်။ ကာလာ တွေက ထူးဆန်းတယ်။ နောက် တစ်ချက် ကနှစ်ဖက်လှ ဖြစ် တယ်။ နှစ်ဖက်လှ ဖြစ်တဲ့ အတွက် တစ်ထည် တည်းဝယ် ပေမယ့် နှစ်ထည်ဝတ် လို့ရသလိုမျိုး ဖြစ်တာ ပေါ့။ ဒီလ ကုန် ကျရင်  Valentine’s Day အတွက်ထွက်ရှိ မယ်။ သင်္ကြန် အတွက် ထွက်ရှိမယ်။ တောက်လျှောက် ပါပဲ”လို့ သူက ဆိုပါတယ်။  ဖက်ရှင် ဆိုတာ လူသား တိုင်းအတွက် အရေး ပါပါတယ်။ အခုခေတ်လို အရှိန် အဟုန် ပြင်း ပြင်းနဲ့ စီးဆင်းနေတဲ့ ဖက်ရှင် ရေစီးခေတ်ကြီး ထဲမှာ တော့ ဖက်ရှင် က သိပ်ကို အရေးပါနေပါပြီ။ သင်ကော ဘယ်လို ဖက်ရှင်မျိုးကို နှစ်သက်စွာ ဝတ်ဆင်ပါသလဲ။ သင့် ဖက်ရှင်က သင့်ကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးပါသလား။ ၂ဝ၁၇ ခုနှစ်မှာ Fashionable ဖြစ်တဲ့ လူသားတစ်ယောက် အဖြစ် သင့်ကိုယ် သင် မှတ်တမ်း တင်လိုက်ပါ။

“ဖက်ရှင် ကတော့ ကျွန်တော် ကိုယ်တိုင်လည်း ကြိုက်တယ်။  လူတစ်ယောက် မှာလည်း လိုအပ် တယ်လို့ ထင်ပါတယ်။ ကိုယ့်ဒီဇိုင်း၊ ကိုယ့်ပုံစံနဲ့ ဖက်ရှင် ကျနေတာမျိုးကို ဖြစ်စေချင်တယ်။ အခုချိန်မှာ လူငယ်တွေ အကုန်လုံးက ဝတ်တတ် ကြတယ်။ မဝတ်တတ်တဲ့ လူငယ်ဆို တာ တော်တော် ရှားသွား ပြီ။ မြင်ရ တာ စိတ်ချမ်းသာပါတယ်။  လူတိုင်း ကို လည်း ဖက်ရှင် ကျကျ ဖြစ်စေချင် တယ်။ ဖက်ရှင်ကျကျ ဝတ်ပါ လို့လည်း တိုက်တွန်းချင်ပါ တယ်” လို့ ဟစ်ဟော့ပ် အဆိုတော် ဖြိုးလေး က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here