သတ္တဝါအနန္တကို ချစ်ခင်ကြင်နာမြတ်နိုးတဲ့ စိတ်ကို မေတ္တာခေါ်တယ် ဆရာတော်ဘဒ္ဒန္တပဏ္ဍဝံသ(မဟာသဒ္ဓမ္မဇောတိကဓဇ) အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းတိုက်(မှော်ဘီ)

0
325

Aung Zabu Sayardaw copy

မေးမြန်းလျှောက်ထားသူ- ညိုသစ်ငယ်
မှတ်တမ်းတင်သူ- မျိုးကျော်(ကနောင်သွေး)

ဗုဒ္ဓဘာသာ သာသနာရောင်ဝါ ကမ္ဘာသို့ ထွန်းလင်း ဖြာစေအောင် သာသနာပြုလုပ်ငန်းများ လုပ်ကာ စွမ်းဆောင်ခဲ့ကြတဲ့ သာသနာပြု ဆရာတော်များထဲ မှာ မှော်ဘီ အောင်ဇမ္ဗူတောရဆရာတော်လည်း တစ်ပါး အပါအဝင်ဖြစ်ပါ တယ်။ ဗုဒ္ဓဘာသာတရား ပြန့်ပွား ရေးနဲ့
ဗုဒ္ဓသာသနာတော် ရေရှည်တည်တံ့ရေးအတွက် သာသနာ ပြု လုပ်ငန်းများ ဆောင်ရွက်နေပုံ၊ ၂ဝ၁၇ ခုနှစ်မှာ စင်ကြယ် သော သီလ ၊ မြင့်မြတ်သောအကျင့်တို့ဖြင့် ကျော်ဖြတ်သန်း နိုင် စေဖို့ရော၊  ဗုဒ္ဓ သာသနာတော် နှစ်၂၆ဝဝ ကျော် လာချိန် ဖြစ်လို့ ဆုတ်ကပ်ကမ္ဘာထဲ
ချင်းနင်းဝင်ရောက်နေတာမို့ ဘုရား အသိ၊ တရားအသိပွား နေထိုင်ရင်း ကျင့်ကြဖို့ပါ သြဝါဒစကားများ ကမ်းဆင့်မြွက်ကြားပေးဖို့   ပေါ်ပြူလာ ဂျာနယ်မှ အောင်ဇမ္ဗူတောရ ဆရာတော်ဘဒ္ဒန္တပဏ္ဍဝံသ  (မဟာသဒ္ဓမ္မဇောတိကဓဇ) ထံလျှောက်ထားမေးမြန်း ဖြစ် ခဲ့ရာ
စာဖတ်ပရိသတ်တို့ ဗုဒ္ဓသာသနာပြုကုသိုလ်ဒါန အတွက် ထပ်ဆင့်သဒ္ဓါတရားစိတ်ပွားများကြစေဖို့ ဖော်ပြ လိုက်ရပါတယ်။

မေး-     ဆရာတော်ဘုရားအနေနဲ့ လက်ရှိအချိန် မှာ မော်လမြိုင်မြို့ အောင်ဇမ္ဗူတောရမှာ ၅ ထပ် ကျောင်းဆောင်သစ်ကြီး လည်း ဖွင့်လှစ်ပြီးခဲ့ပြီလို့ သိရပါတယ်ဘုရား။ အောင်ဇမ္ဗူတောရ အနေနဲ့ ရှေ့ဆက်ပြီး သာသနာပြုလုပ်ငန်းတွေရဲ့ အစီ အစဉ်လေးတွေလည်း မိန့်တော်မူပါဘုရား။

ဖြေ- မော်လမြိုင် အောင်ဇမ္ဗူတောရကျောင်းမှာ တော့ ဆရာတော်ရဲ့တပည့်ဒေါက်တာရဟန်း တော်တွေက အလုပ်လုပ်ကြမှာပါ။ ဆရာတော်က တော့ ဒီ(မှော်ဘီ) အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်း ကြီးမှာကလည်း ရှေးဟောင်း ၃ဝ၁ဆူဘုရားကြီးကလည်း
ကမ္ဘာကျော်ဖြစ်တော့ ဗိမာန်ကြီးတစ်ခုတည်ဆောက် နေပါ တယ်။ ဒီဗိမာန်ကြီးနဲ့လိုက်ဖက်ညီတဲ့ ဥယျာဉ်တွေ၊ ပုဂံ ဘုရားတွေတည်ေ ဆာက်နေပါတယ်။ ၂ဝ၁၇ခုနှစ် အကုန် လောက်ဆို အားလုံးပြီးပြည့်စုံပါပြီ။ ၂ဝ၁၈ခုနှစ် ဒီဇင် ဘာလမှာဖွင့်မယ်လို့ စိတ်ကူးထား ပါတယ်။ ဒီကျောင်း တော်ကြီးကလည်း ဗုဒ္ဓဘာသာဝင်တွေမှာ အလွန်အရေး ကြီးတဲ့နေရာ ဌာနကြီးတစ်ခုဖြစ်နေတယ်။ ဒါကြောင့်မို့   မော်လမြိုင်လောက်မကနေရာတိုင်းကို ဆရာတော်အမြဲ အားထည့်ပြီး လုပ်ဆောင်နေပါတယ်။ ခမ်းခမ်းနားနားကြီး ပြီးစီးမှာပါ။ အဲဒီလို
ခမ်းခမ်းနားနား ကြီးပြီးတဲ့အခါကျတော့ ဗုဒ္ဓဘာသာဝင်တွေ၊ ဘာသာခြား တွေ၊ ပြည်ပဧည့်သည်တွေ၊ သံဃာတွေ မည်သူမဆိုပေါ့။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ ဂုဏ်ဆောင်ဖြစ်အောင်ပေါ့။ အားလုံးလည်း တင့်တောင့်တင့်တယ်နားနေစားသောက်လို့ရအောင်
စနစ် တကျပြုပြင် ထိန်းသိမ်းပြီးစောင့်ရှောက်နေပါတယ်။ ပြီးလည်းပြီးတော့မှာပါ။ ဗိမာန် ကြီးပြီးပြီဆိုရင်တစ်ဖက်က တရားလေးအား ထုတ်ကြမယ်။ တစ်ဖက်ကဘုရားလာဖူးတဲ့ သူတော်ကောင်းတွေ အတွက်ကို ဝေယျာဝစ္စစီစဉ်ရမယ်။ ဒီနှစ်မျိုးအတွက် စီစဉ်ထားပါတယ်။

မေး-    ဆရာတော်ဘုရားအနေနဲ့လာမယ့် ပြည်ထောင်စုနေ့ မှာလည်း ၇ရက် သားသမီးတွေနဲ့အတူအလှူပွဲကြီး ကျင်းပ မယ် လို့သိရပါ တယ်။ ပြည်ထောင်စုနေ့မှာ ပြုလုပ်မယ့် ဆရာတော်ဘုရားကြီးရဲ့အလှူပွဲကြီးအကြောင်းကိုလည်း သိပါရစေဘု ရား။  

ဖြေ-    ပြည်ထောင်စုနေ့မတိုင်ခင်မှာ ဆရာတော်ကို သိက္ခာ ထပ်ပြီးတော့ ကောင်းမှုတွေ ဆုတောင်းမေတ္တာအမျှဝေကြ မယ်။ ပြည်ေ ထာင်စုနေ့မှာတော့ ဘုရားဖူးလာတဲ့ ပုဂ္ဂိုလ် တွေကို ဆရာတော်ကောင်းမှုလေးနဲ့ ထမနဲ၊ မုန့်ဟင်းခါး၊ လက်ဖက်ထမင်း၊ ရွှေရင်အေးနဲ့ အကြော်စုံ ဧည့်ခံကျွေး မွေးမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီအတွက်လည်း အားလုံးစီစဉ်ပြီးပါပြီ။

မေး-    မြန်မာပြည်သူပြည်သားတွေအနေနဲ့ ၂ဝ၁၆ ခုနှစ်ကိုတော့ ကုသိုလ်၊ အကုသိုလ်၊ အကောင်းအဆိုး၊ အကျိုးအပြစ်အမျိုးမျိုး နဲ့ကျော်ဖြတ် ပြီးခဲ့ပါပြီဘုရား။ နှစ် သစ်၂ဝ၁၇ခုနှစ်မှာ စင်ကြယ်သောသီလ၊ မြင့်မြတ်သော အကျင့်တွေနဲ့အတူ အောင်မြင်စွာ
ဖြတ်သန်းနိုင်ဖို့အတွက် ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြဝါဒစကားကိုလည်း ချီးမြှင့် မြွက်ကြားတော်မူပါဘုရား။

  ဆက်လက်ဖော်ပြပါမည်
ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here