အမေအကြောင်း ဇာတ်လမ်းအပြီး တက္ကသိုလ် ဇာတ်လမ်းထပ်မံရိုက်ကူးမယ့် ဒါရိုက်တာ စင်ရော်မောင်မောင်

0
197

zin yaw

ဒါရိုက်တာစင်ရော်မောင် မောင်က ‘ထာဝရအမေ’ ရုပ်ရှင် ဇာတ်ကားကြီးကို မတ်လထဲမှာ ဆင်ဆာအပြီးသတ်မှာဖြစ်ပြီး နိုင်ငံ တကာကို အရင်ပြသသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီဇာတ် ကား အသံပိုမိုကောင်းမွန်ရန်အတွက် လည်း ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ထား ကြတဲ့ အနုပညာရှင်တွေ နဲ့အတူ post recording ပြုလုပ်ခဲ့ ပါတယ်။

‘ထာဝရအမေ’ ဇာတ်ကားက သူ့generation  မှာ မှတ်တိုင်ထူ နိုင်မယ့် ဇာတ်ကား တစ်ကား ဖြစ်မယ် လို့လည်း ယုံကြည် ကြောင်း ဒါရိုက်တာ စင်ရော် မောင်မောင်က ပြောပါတယ်။

“ဒီဇာတ်ကားကြီးက ကျွန်တော့် ဘဝမှာ စိတ်ရော၊ ကိုယ်ရော နှစ်နှစ် ကာကာရိုက်ကူးတဲ့အထဲမှ ကျွန်တော့် စိတ်ထင် ကျွန်တော် အကြိုက်ဆုံး ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ထင်တယ်။ ကျွန်တော့်သားအတွက် လည်း အမွေပေးနိုင်မယ့် ဇာတ်ကား တစ်ကားဖြစ် မယ်။ ကျွန်တော့်generation မှာလည်း ကျွန်တော့် အတွက် မှတ်တိုင်ထူမယ့် ဇာတ်ကား တစ်ကားဖြစ်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ဒါရိုက်တာ စင်ရော် မောင်မောင်က သူ့ရဲ့ ၂ဝ၁၇ခုနှစ်ရဲ့ အနုပညာအစီစဉ်များနဲ့ ပတ်သက် ပြီး လည်း “၂ဝ၁၇ခုနှစ်မှာ ဒီ ‘ထာဝရ အမေ’ ဇာတ်ကားပြီးသလောက် ဖြစ်မယ် မဇ္ဈိမအလင်း၊ ဘာသာရေး ဇာတ်ကားလည်း ပြီးသေ လာက် ဖြစ်မယ်။ အခု ကျွန်တော်ရိုက်ကူးဖို့ စီစဉ်တဲ့ ဇာတ်ကားက ရန်ကုန် တက္ကသိုလ် ဇာတ်လမ်းကို ရိုက်ကူးဖို့ ပြင်ဆင်နေ တယ်။ အဲဒါကို ရိုက်ကူးဖို့ ကျွန်တော်၃လလောက်တော့ အချိန် ယူရဦးမယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here