မိတ်ကပ် Special Effect လောကသားတွေ အကယ်ဒမီဆု ရရှိနိုင်ဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားမယ့် ကိုအောင်ကျော်ထွန်း

0
211

KoAungKyawTunမြန်မာ့ရုပ်ရှင် လောကဟာ တိုးတက် ပြောင်းလဲလာတာ နဲ့အညီ မြန်မာ့ ရုပ်ရှင် ဇာတ်ကားတွေမှာလည်း နည်းပညာပိုင်း ဆိုင်ရာတွေ ရော ဇာတ်ရုပ် ပီပြင်စေဖို့ အထူးပြု လုပ်ချက်တွေဖြစ်တဲ့ Special  Effect (မိတ်ကပ် အထူးပြုလုပ်ချက်) တွေကို လည်း ဇာတ် ကားတွေ တော်တော် များများမှာ တွေ့မြင်လာရပါတယ်။ လက်ရှိ မှာတော့ မိတ်ကပ် အထူးပြု လုပ်ချက်တွေနဲ့ ပတ်သက်လို့ Special Effect ပညာရှင်   ကိုအောင်ကျော်ထွန်းတို့ SPF အဖွဲ့ က လုပ်ဆောင်ပေးလျက် ရှိနေ ပါတယ်။

ဗီဒီယို ဇာတ်ကားတွေ ရော ရုပ်ရှင် ဇာတ်ကားတွေမှာပါ ဇာတ်ရဲ့ လိုအပ်ချက်တွေ အရ မိတ်ကပ် အထူး ပြုလုပ်ချက်တွေကို ကိုအောင်ကျော် ထွန်းတို့က ဇာတ်ရုပ် သရုပ်သကန် ပီပြင်အောင် လိမ်းခြယ်ပေးလျက် ရှိပြီး ဒီပညာရပ်နဲ့ ပတ်သက်လို့ အကယ် ဒမီပေး မယ် ဆိုရင် ပေးလို့ရတဲ့ အထိ အကောင်းဆုံးဖြစ်အောင်လုပ် ဆောင်လျက် ရှိပါကြောင်း ကို အောင်ကျော်ထွန်း ကပြောလာပါ တယ်။

“ဇာတ်ကားတွေ တော်တော်များ များမှာ တကယ်ကို ပေးမယ်ဆိုရင် ပေးလို့ရတဲ့ လုပ်ကွက်လေးတွေ ရိုက်ထားပြီးပါပြီ။ အခု အန်တီ ဝါဝါဝင်း ရွှေရိုက်ကူးတဲ့ ဇာတ်ကားမှာလည်း နေတိုးကို လပြည့်ညမှာ မိစ္ဆာတစ် ကောင် အဖြစ် ပြောင်းသွားတဲ့ Effect ဆိုရင်ပေးမယ် ဆိုရင် ပေးလို့ရအောင် ကြိုးစားထားပါတယ်။ ကျွန်တော့်   အနေနဲ့ ကတော့ နိုင်ငံခြားက လူတွေ နဲ့ ယှဉ်ပြီးတော့ လုပ်စရာရှိတာ လုပ် ပေး ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဆင်ဆာအဖွဲ့နဲ့  လူကြီးတွေက မိတ်ကပ် Effect ကို ပေးသင့်တယ်လို့ ပထမဦးဆုံး ခံယူဖို့ လိုမယ်လို့ ထင်ပါတယ်။

ပေးသင့်တယ် ဆိုတာက မိတ် ကပ်  Effect က ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်မြောက်ရေးမှာ အတိုင်း အတာ တစ်ခုအထိ တစ်ဖက်တစ် လမ်းက ပါဝင်တယ် ဆိုတာ စာရင်း သွင်းဖို့လိုတယ်။ အကယ်ဒမီ အထိမ ရောက်သေးဘူး။ အခုဟာက စာရင်း ကိုမသွင်းသေးဘူး။ အစ်ကိုတို့ ဆိုရင် လည်း အကယ်ဒမီပေးပွဲ ကို ဖိတ်ကြား ခြင်းကို မခံရသေးဘူး။ ကျွန်တော့် အနေနဲ့ ပွဲကိုတက်ချင်တယ် ဆိုရင် လက်မှတ် သွားယူရင် ရပါတယ်။ ဒါပေမဲ့ သူတို့တွေကကို စာရင်းကို မရှိသေးတဲ့ အချိန်မှာပဲ ရှိပါသေး တယ်” လို့ ကိုအောင်ကျော်ထွန်း က ပြော ပါတယ်။

Special Effect  ပညာရပ်နဲ့ ပတ်သက်ပြီး ဘယ်ဇာတ်ကားတွေမှာ တော့ မိတ်ကပ် ပညာရပ်ကို အကောင်း ဆုံး ဖန်တီး ပေးထားပါတယ် ဆိုတာ မျိုးကို ဆင်ဆာအဖွဲ့ကို စာတင်ပြီး တော့ ကြည့်ပေးကြပါဦး လို့ ပြောဖို့ အတွက်လည်း အစီအစဉ် ရှိပါ ကြောင်း မိတ်ကပ် Special Effect လောကသားတွေ အကယ်ဒမီဆု ရဖို့ အတွက်ကိုလည်း အတတ်နိုင် ဆုံး ကြိုးစားမယ်လို့လည်း စိတ်ကူး ရှိ ပါကြောင်း သူ့ရဲ့မိတ်ကပ် Effect သင်တန်းသားတွေကိုလည်း တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ အကယ်ဒမီရ အောင် ကြိုးစားကြပါလို့ တိုက်တွန်း စကား ဆိုထားကြောင်း ၄င်းက ထပ် လောင်း ပြောကြားခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here