ကလေး စာပေ မဖွံ့ဖြိုး မတိုးတက်ခြင်း ဟာ ကလေးများရဲ့ အနာဂတ်ကို သာမက နိုင်ငံရဲ့ အနာဂတ် ကိုပါ ဖျက်ဆီးရာ ကျကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

0
177

Kids-Sarpayပြန်ကြားရေး ဝန်ကြီး ဌာနနှင့် မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့ ပူးပေါင်း ကျင်းပသော ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီက မန္တလေး မြို့၊ မြန်မာ့သတင်း အချက်အလက်  နည်းပညာ တက္ကသိုလ် (MIIT) ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးထင် ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

“မြန်မာပုံပြင်တွေ၊ မြန်မာ ကလေး ကဗျာတွေ၊ မြန်မာ့ကျေးလက် အငွေ့အသက်တွေ ကြားမှာ ကြီးပြင်း လာတဲ့ ကျွန်တော်တို့ တစ်တွေ ရင်ထဲ မှာ ကလေး စာပေတွေဟာ အမြဲတမ်း ရှင်သန် အသက် ဝင်နေပါတယ်။ အဲဒီ ကဗျာတွေ၊ စာပေတွေကြောင့် နိုင်ငံ ချစ် စိတ်တွေ ပေါ်ပေါက် လာခဲ့တယ်။ တိုင်းအကျိုး ပြည်အကျိုး ထမ်းရွက်လိုတဲ့ စိတ်တွေ မြင့်မားလာ ခဲ့တယ်။ ဘဝ အခက်အခဲတွေ ကို ကျော်ဖြတ်နိုင်တဲ့ အားမာန် သတ္တိတွေ  ရခဲ့တယ်။ အားလုံးသိကြတဲ့ အတိုင်း  ကလေးစာပေဟာ တစ်ချိန်က မြန်မာ စာပေရဲ့  စာအုပ် စာပေ ထဲမှာ ဂုဏ် သရေရှိစွာ ပေါ်ထွန်းခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အား လျော့ပျက်ပြယ်ခဲ့ ရတာကို ဝမ်းနည်း ဖွယ် တွေ့မြင်ခဲ့ ရပါတယ်။ ကလေး စာပေ မဖွံ့ဖြိုး မတိုးတက်ခြင်းဟာ ကလေးများရဲ့အနာဂတ်ကို သာမက နိုင်ငံရဲ့ အနာဂတ်ကိုပါ ရိုက်ချိုးဖျက် ဆီးရာ ကျနေတဲ့ အတွက် ကလေးစာ ပေ ဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရမှာ ဖြစ်ပါ တယ်။ ကလေးများ ဖွံ့ဖြိုး တိုးတက်ရေး ၊ ကလေးစာပေနဲ့ ကလေး စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံ ရဲ့ အနာဂတ်ကို များစွာ အကျိုး သက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်။ ကလေးများ စာပေနဲ့ ရင်းနှီးပြီး စာပေ ဝန်းကျင်မှာ မွေ့လျော်အောင် အဖွဲ့ အစည်း အသီးသီး က ပူးပေါင်း ပါဝင် ပေးကြပါ” ဟု ကလေးစာပေ ပွဲတော် ဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အထက်ပါ အတိုင်း ပြော ကြားခဲ့သည်။ ကလေး စာပေ ပွဲတော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ၃ ရက်တိုင် ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ လ ၂၇ ရက် ပထမနေ့ တွင် မန္တလေး မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများ၏ ဖျော်ဖြေရေး အစီအစဉ် များ၊ မြန် မာနိုင်ငံရုပ်စုံ သဘင်အသင်း ၏ ကပြဖျော်ဖြေ တင်ဆက်မှုများ၊ ကျောင်းသား၊ ကျောင်းသူလေး များ၏ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်း စကားပြော ပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲ၊ ဆေးရောင် ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဂိမ်းကစား ပွဲများ၊ 3D ပြပွဲ၊ မျက်လှည့်ပြပွဲ၊ ကလေး ရုပ်ရှင်ပြပွဲ၊ ကလေး စာကြည့် တိုက် ခင်းကျင်းပြသခြင်း တို့ ပါဝင် ကြောင်း စာရေးဆရာ၊ စာပေပညာ ရှင်များ၏ ကလေး စာပေ မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၊ စာပေဟော ပြောပွဲများ ပါဝင်ကြောင်း စာအုပ် ဆိုင်များ၊ စာအုပ်တိုက်များ၊ စာပေ ဖြန့်ချိရေးများက စာအုပ် များကို အထူး ဈေးနှုန်းများဖြင့် ဈေးလျှော့ ရောင်းချပေးကြောင်း သိရှိရသည်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here