ဇာတ်သိမ်းခန်းကို နှစ်ခါပြန် ရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကား

0
153

မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ် ရေးက ဂျမန်းစီစဉ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးတဲ့ “ဘယ်ရည်း စားကို အချစ်ဆုံးလဲ”ရုပ်ရှင်ဇာတ် ကား အထူးပွဲကို ဇန်နဝါရီလ ၂၁ရက် နေ့ မနက် ၇နာရီ ၃ဝမိနစ်က သမ္မတ ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီဇာတ် ကားက အချစ်ဟာသ ဇာတ်ကား အမျိုးအစားဖြစ်ပြီး အလင်းရောင်၊ ဟန်လင်းသန့်၊ အားဝေ၊ နန့်ချစ်နဒီ ဇော်၊ မေမြင့်မိုရ် နဲ့ ကောင်းထွန်းတို့ က အဓိကပါဝင် သရုပ်ဆောင် ထား ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူး ပုံ ဖော်ထားတဲ့ ဒါရိုက်တာ ဝင်းလွင် ထက်က…

“ဒီဇာတ်ကားလေးကို လွန်ခဲ့တဲ့ သုံးနှစ် ကတည်းက ရိုက်ကူးထား တာပါ။ ရိုက်ကူးခဲ့တဲ့ အချိန်တုန်းက ကျေနပ်မှု ရှိပါတယ်။ ဒါပေမဲ့ အချိန် ကလည်း သုံးနှစ်တောင် ကြာသွားပြီ ဆိုတော့ အားမလိုအားမရဖြစ်တဲ့ အပိုင်းလေးတွေ ရှိပါတယ်။ ဒီဇာတ် ကားထဲမှာ Gay ပုံစံ အချိုး အကွေ့လေးတွေ ပါဝင် ပါတယ်။ အလင်းရောင် နဲ့ ဟန်လင်းသန့် နှစ်ယောက် စလုံးကလည်း သရုပ်ဆောင် နိုင်ကြတဲ့ သူတွေဖြစ်တဲ့ အတွက် ရိုက်ကူးရတာ သိပ်ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အလင်းရောင် ရဲ့ ကာရိုက်တာက နည်းနည်း လုပ်ရခက်ပါတယ်။ မှတ်မှတ်ရရ ဒီဇာတ်ကားရဲ့ အဆုံး ဇာတ်ဝင်ခန်းကိုတော့ နှစ်ခါပြန် ရိုက်ကူး လိုက်ရတယ်။ အခုတော့ ဒီဇာတ်ကားကို လူတွေ တော်တော် စိတ်ဝင်စားနေ ကြပါပြီ။ ဒီကောင်လေးက Gay လား။ မ Gay ဘူးလားဆိုတာကို သိပ်မကြာခင် ပရိသတ် တွေ မြင်တွေ့ ရမှာပါ” လို့ ပြောပါတယ်။ “ဘယ်ရည်းစား ကို အချစ်ဆုံးလဲ” ရုပ်ရှင်ဇာတ် ကားကြီးကို ဇန်နဝါရီလ ၂၇ရက်နေ့ကစပြီး ရုံတင်ပြသ လျက် ရှိနေပြီဖြစ် ပါတယ်။

မြတ်မိုးပွင့်၊


LEAVE A REPLY

Please enter your comment!
Please enter your name here