ငွေကြေးနှင့် စာရွက်စာတန်း အပေးအယူ ကိစ္စ ကြေညာချက် ပြန်လည် ရုပ်သိမ်း သွားရခြင်း အကြောင်း အကယ်ဒမီ မေသန်းနု ရှင်းလင်း ပြောကြား

0
498

may-than-nu1ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ အမှတ် (၂၉ဝ/ခ) တွင် နေထိုင်သူ ဒေါ်နှင်းလဲ့ အောင်က အကယ်ဒမီ မေသန်းနု (ခ) ဒေါ် သန်းသန်းဆင့် ကို တစ်ဦးနှင့်တစ်ဦး ငွေကြေး အပေးအယူ၊ စာရွက်စာတန်း အပေးအယူကိစ္စ နှင့် ပတ်သက်၍ ဆန္ဒစောစွာဖြင့် ၂၈-၉-၂ဝ၁၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဒေါ်သန်းသန်း ဆင့် (ခ) မေသန်းနု အနေဖြင့် အဘက်ဘက် မှ ထိ ခိုက်နစ်နာမှုများ ရှိစေခဲ့သကဲ့သို့ ၄င်း အပေါ် ချစ်ခင် အားပေးလျက် ရှိကြသော ပရိသတ်များ အကြားတွင်လည်း အနုပညာ ဂုဏ်သိက္ခာ ကျစရာ ဖြစ်ခဲ့ပါသည်။ သို့ကြောင့် အဆိုပါ ထုတ်ပြန် ကြေညာချက် ပါရှိပြီး နောက်ပိုင်း တွင် ဒေါ်နှင်းလဲ့အောင် နှင့် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု တို့သည် နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းမှု ပြု လုပ်ခဲ့ကြပြီး ၄င်း ထုတ်ပြန်ကြေညာချက်အား ပြန် လည် ရုပ်သိမ်းပေးရန် ဒေါ်နှင်းလဲ့အောင် ဘက်မှ သဘောတူခဲ့ကာ ကြေးမုံ သတင်းစာတွင် ထည့်သွင်း ထုတ်ပြန်ပေးခဲ့ပါသည်။ ထိုသို့ ငွေကြေးနှင့် စာရွက် စာတန်း အပေးအယူ ကိစ္စဆိုင်ရာ ကြေညာချက် ပြန် လည် ရုပ်သိမ်းသွားမှုနှင့် ပတ်သက်ပြီး ဒေါ်သန်းသန်း ဆင့် (ခ) မေသန်းနုက..

“ဒီကိစ္စက တစ်ယောက်ကို တစ်ယောက် နားလည် မှုလွဲကြတာပါ။ ဒါက နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီးပြီဆို တော့ သူတို့က ပြန်ပြီး ရုပ်သိမ်းပေးတာပေါ့။ အထွေ အထူးတော့ မဟုတ်ပါဘူး။ စီးပွားရေး လုပ်တာဆိုတော့ ဒီလိုကိစ္စက ဖြစ်တတ်ပါတယ်။ ဒါက အန်တီဆင့် တို့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်။ အခုလိုမျိုး ပြန်ဖြေရှင်း ပေးတဲ့ အခါကျတော့ အဆင်ပြေ သွားတာပေါ့။ သူနဲ့ လည်း ညီအစ်မလို ခင်နေတယ်။ အကုန်ပြန်ရှင်းပြ တော့ သူတို့ ပြန်ရုပ်သိမ်း ပေးပြီး သတင်းစာထဲ ပြန်ထည့် ပေးတယ်။ အန်တီဆင့် ကလည်း ဒါက ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ် ဆိုပြီး တောင်းပန်တော့ သူတို့ဘက်က ဒီလိုပြန်ပြီး လုပ်ပေးတာပါ။ ရှေ့ဆက်ပြီး ဒီကိစ္စကို ဘာမှလုပ်ဖို့ မရှိတော့ပါဘူး။ ဒါက အကုန်လုံး အဆင်ပြေ သွားပြီဖြစ်တဲ့ အတွက် လုပ်စရာလည်း မလိုတော့ပါဘူး” ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here