ဝမှာကြောက်တဲ့ အဆိုတော် မေဆွိ ရဲ့ နေထိုင် စားသောက်မှု အကြောင်း

0
348

May-Sweet-(1)အလုပ်တွေ ရှုပ်လွန်းပြီး စိတ်ဖိစီးမှုတွေ များနေတဲ့ အခါ အနည်းနဲ့ အများဆို သလို မိမိအပေါ်မှာ ထိခိုက်မှုတွေ ရှိလာ တတ်ပါတယ်။ အဲဒီ လို စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ကို ဘယ်လိုဖြေလျှော့မလဲ ဆိုတဲ့ မေးခွန်းကလည်း အရေးကြီးပါတယ်။ အနုပညာ လောက မှာ နှစ်ကာလ များစွာ ဖြတ်သန်းလာခဲ့ပြီး လက်ရှိအချိန်မှာ Myanmar Idol သီချင်းဆို ပြိုင်ပွဲရဲ့ ဒိုင်လူကြီး တစ်ဦး အနေနဲ့ တာဝန်ယူ ထား တဲ့ တေးသံရှင် မေဆွိက တော့အလုပ်တွေများလာတဲ့အခါ စိတ်ကို ဒီလိုမျိုး ဖြေလျှော့လေ့ ရှိပါတယ်။

“စိတ်ကို လောပြီးတော့ အလုပ်မလုပ်ဘူး။ စိတ် ကိုလောပြီး အလုပ်မလုပ်တဲ့ အတွက်ကြောင့်မို့လို့ စိတ်အေးချမ်းတယ်။ နောက်တစ်ခု က အန်တီဆွေ ၁၅ မိနစ်လောက် နေ့တိုင်းဘုရားရှေ့မှာ တရားထိုင်တယ်။ ဝင်သက်၊ ထွက်သက်လေး မှတ်ပြီးတော့ အဲဒီ လိုလေးနေ ပါ တယ်။ နောက်ပြီးတော့ ကိုယ်နဲ့ ကိုက်ညီတဲ့ အစားအသောက် ပေါ့နော်။ ဝစေမယ့် အစားအစာမျိုး ကိုရှောင် တယ်။ ရေများ များ သောက် တယ်။ အသီး အရွက် စားတယ်။ အသားတွေ ဘာတွေကကျတော့ လိုအပ်တဲ့ အာဟာရ အတွက် စားပါတယ်။ ဒါပေမဲ့ တအားကြီး များများ မစားဘူး။ ညနေဘက်ကျရင် ထမင်းကို လျှော့ စားပြီးတော့ အိပ်ချိန်နဲ့ သိပ်နီးတဲ့အခါမှာ အစားမစားတာမျိုး ကိုလုပ်ပါတယ်။ ကိုယ့် အိမ် အလုပ်ကို ကိုယ့်ဘာသာ လုပ်နေတဲ့ အခါကျတော့ နေ့စဉ် Rotate ဖြစ်နေသလိုမျိုး Exercise လုပ်စရာ မလိုတော့ဘူးပေါ့။ အဓိက ကတော့ ဒီတိုင်းပြည်မှာ ဝတဲ့ သူများ တဲ့အတွက်ကြောင့် မို့လို့ဝတာကို အန်တီဆွေ ကြောက်ပါတယ်။ ဒါကြောင့်မို့လို့ အန်တီဆွေ မဝအောင် လည်း နေပါတယ်။ ဝတဲ့ အခါကျတော့ အသက်ကြီးရင် ဒူးတွေ ဘာတွေ နာလာတယ်။ အဲဒီတော့ သတိထားရတယ်” လို့ မေဆွိ ကပြောပါတယ်။ ဆက် လက်ပြီး မေဆွိက လက်ရှိ သူမအကဲ ဖြတ်နေတဲ့ သီချင်းဆိုပြိုင်ပွဲ အပေါ် သုံးသပ်စကား ကိုလည်း ” ဆန်ခါတင် ဆယ်ယောက် ရွေးလာလိုက်တဲ့ အချိန်မှာ တော်တော်လေးကို ဦးနှောက် ခြောက်ပါတယ်။ တချို့ဆို မြင်းကောင်းခွာလိပ် သွားတဲ့ ကလေးတွေ လည်း ရှိတယ်။ အဲဒီဟာကျ တော့ ဘယ်လိုလို့ အန်တီဆွေ ထင်လဲဆိုတော့ သူတို့ဟာ Top Ten ထဲမှာပါဖို့ ရယ်ဒီ မဖြစ်သေး ဘူးလို့ပဲ စဉ်းစားမိပါတယ်။ အန်တီဆွေဘာ သုံးသပ်ချင်လဲ ဆိုတော့ သီချင်း အဆိုကောင်းတာ အပြင် ကံ၊ ဥာဏ်၊ ဝီရိယ အကုန်လုံး ကြိုးစားမှုဟာ လျှော့လို့မရပါဘူး”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here