တေးစီးရီး ဖြန့်ချိရေးပိုင်းကို ခြေချတော့မယ့် အဆိုတော် ဝေလျံ

0
252

Wai-Hlwanဒီနှစ်သင်္ကြန် အတွက် သင်္ကြန် တေးစီးရီးခွေ၂ခွေမှာ ပါဝင် သီဆိုထားတဲ့ အဆိုတော် ဝေလျံနဲ့ သင်္ကြန် သီချင်း ရိုက်ကွင်းမှာ တွေ့ဆုံခိုက် အင်တာဗျူး မေးမြန်းဖြစ်ခဲ့ပါတယ်။ အိမ် ထောင်ကျသွားတာ နှစ်လပြည့် သွားပြီဖြစ်တဲ့ ဝေလျံက သူတို့ ဘဝရှေ့ရေး အတွက် အလုပ်တွေ ကြိုးစားပြီး ပိုက်ဆံစုနေကြောင်း ဆိုပါတယ်။ သူက Player Distribution ဆိုတဲ့ နာမည်နဲ့ တေးစီးရီး ဖြန့်ချိမှာဖြစ်ပြီး ဘာသီချင်းခွေတွေ ထွက်ရှိလာမလဲ ဆိုတာ ကိုတော့…

Love Player ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် စီစဉ်တဲ့ အတွဲခွေ လေး ထွက်လာမယ်။ နောက်ပြီးရင် ကိုဂျက် စီစဉ်တဲ့ အောင်သွယ် (၂)ဆိုတဲ့ အတွဲခွေလေးမှာ မိစန္ဒီနဲ့ ဆိုထားတဲ့ အတွဲခွေ လေးထွက်လာမယ်။ ၂ ခွေစလုံးက ကျွန်တော့်ရဲ့ Player Distributionကနေ ထွက်မှာ။ Player Distribution က Music Distribution တစ်ခုကို ထောင် လိုက်တဲ့သ ဘောပါပဲ။ ဖြန့်ချိရေး အပိုင်းကိုပဲ တာဝန်ယူပြီး လုပ်ပေးမှာ ပါ။ ထုတ်လုပ်ရေး မဟုတ်ပါဘူး” လို့ ဝေလျံက ပြောပါတယ်။ ဝေလျံ အနေနဲ့ “အေးဆေးပါအေး ဆေးပါ”၊ “ရှေ့ဆက်မယ့် ဘဝ”၊ “လက်ပစ်ဗုံး” ဆိုတဲ့ တေးစီးရီးခွေတွေ ထွက်ရှိ ထားပြီး ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်း မှာလည်း ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဗီဒီယိုဇာတ် ကားတွေမှာ ခပ်စိပ်စိပ် တွေ့လာရတဲ့ အတွက် နောက်ပိုင်းမှာ သရုပ်ဆောင်တစ် ယောက် အနေနဲ့ ရပ်တည်တော့မှာလား လို့မေးတဲ့အခါ..

“သရုပ်ဆောင် ပိုင်းကကျတော့ တစ်ကား နဲ့ တစ်ကား ကြိုးစားပြီး တော့ လေ့လာနေရတဲ့ အပိုင်းတွေပေါ့။ ကိုယ့် ကို ပေးတဲ့ ကာရိုက်တာ တစ်ခုမှာ အကောင်း ဆုံးဖြစ်အောင်တော့ ကြိုးစားတယ်။ အဓိက ကတော့ လှဖို့ထက် သဘာဝကျဖို့ကို ပိုပြီး တော့ ဦးစားပေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သဘာဝ ကျကျ သရုပ်ဆောင်နိုင်တဲ့ Actor တစ်ယောက် ဖြစ်ချင်လို့ ပါ။ Music ကကျတော့ ကိုယ်နဲ့ မိသားစုဝင် တစ်ယောက်လို ဖြစ် နေတယ်။ ရုပ်ရှင်က ကျတော့ မိသားစုဝင် မဖြစ်သေးတာကို ဖြစ်အောင် ကြိုးစားနေတုန်းပါပဲ”  လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here