အိမ်ထောင်ရှင်များနှင့် အပျိုကြီး လူပျိုကြီးများ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် Mrs. နှင့် Miss Myanmar 2017 ပြိုင်ပွဲ ပြုလုပ်မည်

0
196

Miss Golden Land Myanmar Organization ကနေ စီစဉ်တဲ့ အိမ်ထောင်ရှင်များနဲ့ အပျိုကြီးများ ဝင်ရောက်ယှဉ်ပြိုင် နိုင်မယ့်  Mrs. Myanmar 2017 နဲ့ Ms. Myanmar 2017 အလှမယ် ရွေးချယ်ပွဲကြီးကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် ကန်တော်ကြီး ပဲလေ့စ်ဟို တယ်မှာ ကျင်းပသွားမယ် လို့ သိရပါတယ်။Ms.Myanmar 2017  ပွဲကိုတော့ အသက် ၂ဝကျော် နှင့်အထက် အိမ်ထောင်ရှိသူများ၊ အပျိုကြီးများ၊Single man ၊ Divorce ၊  Seperate တို့က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး Mrs.Myanmar 2017 ပွဲကိုတော့
အသက် ၂ဝကျော်ကတည်းက လက်ရှိခင်ပွန်းနဲ့ အတူနေထိုင်လျက် ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတို့ က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီပြိုင်ပွဲ ၂ခုစလုံးအတွက် ပြိုင်ပွဲဝင်များက အမည်၊ အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ ၃ပုံတို့နဲ့ အတူ အရည်အချင်းကန့်သတ်ချက် မရှိကို အသက်၂ဝကျော်မှ အသက် ၆ဝကျော်အထိ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရှိကြောင်း ထပ်မံသိရပါတယ်။ အခုလို ပြိုင်ပွဲမျိုး စီစဉ်ဖြစ်ပုံကို တော့ Miss Golden Land Myanmar Organization  မှ Founder & CEO
ကိုဝေယံအောင် က “ပျော်ပွဲရွှင်ပွဲအနေနဲ့ရော၊ ပရဟိတ အနေနဲ့ပါ၊ ပြီးတော့ သူတို့ရဲ့ မိသားစုတွေ ဘဝမှတ်တိုင် တစ်ခုဖြစ်အောင် ရယ်၊ အမှတ်တရ အဖြစ်ပါ ရည်ရွယ်ပြီး ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ အစကတော့ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက်ဆိုပြီး Mrs. Myanmar  ပွဲဆိုပြီး လုပ်ဖို့စီစဉ်ခဲ့တာပေါ့နော်။ ဒါပေမဲ့ စိတ်ဝင်စားတဲ့ သူတွေက များလာတော့ အိမ်ထောင်ရှိသူတွေ၊ အပျိုကြီးတွေ၊ Single man တွေ၊Divorce တွေ၊ Seperate တွေက Ms.Myanmar အတွက်ဖြစ်ပြီး ယခု လက်ရှိ အမျိုးသားနဲ့ အတူနေထိုင် ကျတဲ့
အိမ်ထောင်ရှင်အမျိုးသမီး တွေအတွက် Mrs.Myanmar  ဆိုပြီး ၂ပွဲလုပ်ဖို့ စီစဉ်လိုက်တာပါ။ ဒါက ကျွန်တော်တို့က ပြည်တွင်းပွဲအဖြစ် လုပ်ပေးတာပါ။ Winner  တွေက နိုင်ငံပြိုင်ပွဲတွေပါ သွားရောက် ယှဉ် ပြိုင်ကြမယ်ဆိုရင်တော့ သူတို့အ တွက် အခွင့်အလမ်းတွေ
လုပ်ပေး သွားမှာပါ။ အခု ကျွန်တော်တို့ Miss Golden Land Myanmar ကို နိုင်ငံတကာ ကမ်းလှမ်းထားတဲ့ အလှ မယ်ပြိုင်ပွဲ ၆ပွဲတောင် ရှိပါတယ်” လို့ ပြောပါတယ်။ Ms.Myanmar 2017 နဲ့ Mrs.Myanmar 2017  ပြိုင်ပွဲအတွက်ကို ပြိုင်ပွဲဝင်ပေါင်း ၁ဝဝေ ရွးချယ်သွားမှာဖြစ်ပြီး ပြိုင်ပွဲ ကြီးအတွက် သူတို့ကို နယ်ပယ်အသီး သီးက အနုပညာရှင်များ၊ အတတ် ပညာရှင်များတို့နဲ့အတူ  Miss Golden Land Myanmar  မှ အလှ မယ်လေးများက Training  ပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီပြိုင်ပွဲ ကြီးမှာတော့
Mrs.Myanmar 2017အတွက် အသက် ၂ဝကျော်မှ အသက် ၄၅နှစ်အထိ ပြိုင်ပွဲဝင်များ ကိုMrs.Myanmar Winner  ဆု၊ အသက် ၄၅နှစ်မှ အသက် ၅၅နှစ် အထိကို Classic Mrs. Myanmar Winner ဆု၊ အသက် ၅၅နှစ်မှ အသက် ၆ဝအထိကိုSenior Mrs. Myanmar Winner ဆုတို့ကို ရွေး ချယ်ချီးမြှင့်ပေးသွားမှာဖြစ်ပြီး၊  Ms. Myanmar 2017 ပြိုင်ပွဲဝင်များကို လည်း အသက် ၂ဝနှစ်မှ ၄၅နှစ်ကိုMs. Myanmar Winner ဆု၊ အသက် ၄၅နှစ်မှ ၅၅နှစ်ကို Classic Ms. Myanmar Winner ဆု၊ အသက် ၅၅နှစ်မှ ၆ဝနှစ်ထိကှိုSenior Ms. Myanmar Winner   ဆုဆိုပြီး အသီးသီးဆုများ ချီးမြှင့် ပေးသွားမှာဖြစ်ကြောင်း သိရပါ တယ်။

ဒီပြိုင်ပွဲဝင် လျှောက်လွှာများ ကိုတော့ ဖေဖော်ဝါရီလ ၇ရက်နေ့ အထိ နောက်ဆုံးထားပြီး လျှောက် ထားနိုင်ကြောင်း သိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here