ရန်ကုန်နဲ့ မန္တလေးမှာ ဒီဇိုင်နာသင်တန်းတွေ ဖွင့်လှစ်သင်ကြားနေတဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shi Mi Zu)

0
229

Htay Htay Tin copy

ဝတ်စုံဒီဇိုင်းတွေကိုFashion  ကျကျ ဖန်တီးလေ့ရှိတဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shi Mi Zu) က ဖက်ရှင် ဒီဇိုင်းများကို စိတ်ဝင်စားတဲ့ တက် သစ်စ လူငယ်ဒီဇိုင်နာများ အတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်မှာ သင်တန်း သားများကို   မြန်မာဝတ်စုံ၊ အနောက် တိုင်းဝတ်စုံ ချုပ်လုပ်နည်းများ အဓိက သင်ကြားပေးလျက်ရှိပြီး သင်တန်းဖွင့်ခဲ့တာ ၂နှစ်ကျော်ပြီ ဖြစ် ပါတယ်။ သင်တန်းတွေ ဖွင့်လှစ် သင်ကြားဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒီဇိုင် နာ ဌေးဌေးတင်က

“အစ်မ သင်တန်းတွေဖွင့်ပြီး သင်ကြားပေးတာက ကိုယ်တတ် သလောက် ပညာကို မျှပေးချင်လို့ပါ။ အစ်မကိုယ်တိုင်လည်း ဒီလုပ် ငန်းကိုပဲ ဇောက်ချလုပ်တယ်။ ဝါသနာလည်း ပါတယ်။ အစ်မကို Facebook  မှာ သင်တန်းမဖွင့်ဘူးလားလို့ လာလာ မေးကြတယ်။ ပထမ စစဖွင့်ချင်း ကတော့ တစ်လကို နှစ်ယောက်၊ သုံးယောက်လောက်ပဲ စသင်တယ်။ နောက်ပိုင်းတော့ ရန်ကုန်မှာရော၊ မန္တလေး မှာရော သင်ပေးဖြစ်တယ်။  ရန်ကုန်မှာဆိုရင် သင်ပေးတာ ၂နှစ် ကျော်ပါပြီ။ မန္တလေးမှာဆိုရင် ၁နှစ် ကျော်ရှိပါပြီ။ အစ်မက မြန်မာ ဝတ်စုံ ချုပ်နည်းသတ်သတ်၊ အနောက်တိုင်း ဝတ်စုံသတ်သတ် သင်ပေးပါတယ်။ သင်တန်းသားတွေအနေနဲ့လည်း ကြိုက်နှစ်သက်ရာ ကို ရွေးချယ်နိုင်တာ ပေါ့” လို့ ပြောပါတယ်။

ဒီဇိုင်နာဌေးဌေးတင်က ဒီဇိုင်နာအလုပ်နဲ့ အသက်မွေးဝမ်း ကျောင်းပြုလုပ်မယ့် တက်သစ်စ လူငယ်များအတွက်လည်း ဇွဲမလျှော့ ဘဲ ကြိုးစားသင့်ကြောင်းကို “အစ်မ လူငယ်တွေကို ပြောချင်တာကတော့ ဘယ်အလုပ်မဆို ဆုံးခန်းတိုင်အောင် လုပ်စေချင်တယ်။ ကိုယ့် ရည်မှန်းချက် ပန်းတိုင်ရောက်အောင်ပေါ့။ အစ်မ ကိုယ်တိုင်လည်း ကလေးဘဝကတည်း က ဒီစက်ချုပ်ပညာကို ဝါသနာ ပါခဲ့ တယ်။ အစ်မ Dozo   မှာလည်း သင် တန်းတက်ခဲ့တယ်။ ဂျပန်ဆရာမ လည်း ခေါ် သင်ဖူးပါတယ်။ အစ်မ ကြိုးစားတယ်။ ဒီဇိုင်နာ အလုပ်က စိတ်ဖိစီးမှု များ ပါတယ်။ ဒါလေး ကို ထိန်းပြီးလုပ်စေ ချင် တယ်။ ရည်မှန်းချက်ပန်းတိုင် မ ရောက်ခင် လက်လျှော့တာက သူတို့ရဲ့ စိတ်ကူး နဲ့ပဲ ဆိုင်တယ်။ ကိုယ့်ဖြစ်ချင်တဲ့ ရည်မှန်းချက် မဖြစ်တော့ဘူးပေါ့။ တစ်ခုပေါ့ လုပ်ငန်းခွင်ထဲမှာ စေတနာထားပြီး လုပ်စေချင်ပါတယ်” လို့ ပြောပါ တယ်။

ဒီဇိုင်နာ ဌေးဌေးတင်က ရှေ့ ဆက်ပြီး မြန်မာပြည်နဲ့ သင့်တော်တဲ့ မြန်မာဝတ်စုံ၊ Elegant  ဖြစ်တဲ့ အနောက်တိုင်းဝတ်စုံများကို ထပ်မံ ဖန်တီးသွားမယ်လို့ သိရပါ တယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here