လူငယ် အကျိုးပြု ကိစ္စတွေ လိုက်လံဆောင်ရွက်နေတဲ့ နောနော်

0
372

Naw-Nawနောနော်က ခုနောက် ပိုင်းမှာ ဂီတအလုပ်အပြင် ပရဟိတ အလုပ်တွေကို ပါအားသွန်ခွန် စိုက် လုပ်ဆောင်နေသူ ဖြစ်ပြီး ဂီတသမား တစ်ဦး ဘဝကနေ ဘာသာရေးပိုင်း ဘက်ကို ရောက်ရှိသွားခဲ့ သူလို့လည်း ပရိသတ် အများက ထင်မြင်ကြပါတယ်။

“ကျွန်တော် အခုလူငယ် အကျိုးပြုတွေလိုက်လုပ်ဖြစ်တယ်။ ဒါပေမဲ့ ဒါကို ဘာသာရေးလို့ မမြင်စေချင်ဘူး။ အဓိက ကျွန်တော်က ဘာလိုက် လုပ်လဲ ဆိုတော့ ဥပမာ-မူးယစ်ဆေးဝါးစွဲတယ်။ အရက်သောက် တယ်။ မိန်းမ လိုက်စားတယ်ပေါ့။ ဒါတွေဟာ မကောင်းမှန်း သိပေမယ့် ရှောင်ရ ခက်တယ်။ ဒီလိုလူငယ်တွေကိုလိုက်ပြီးတော့ ရှောင်ရန် ဆောင်ရန်လေးတွေ ညွှန်ပြ တယ်။ ကျွန်တော်နဲ့ စိတ်တူ ကိုယ် တူ လူတွေစုပြီး လိုအပ်နေတဲ့ လူငယ်တွေ အတွက် နယ် လှည့်ပြီးတော့ ပညာပေးဟော ပြောရေးတွေ လုပ်တယ်။ အဲ့ဒီလို သွားတဲ့ အခါ တချို့မြင်ရတာတွေ စိတ်မကောင်းဘူး။ ပြောရရင် ကျွန်တော်တို့ ဆိုလည်း အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ် ဆိုတာ ပြော ရရင် အရေးမှမကြီးတာ။ မိန်းမ လိုက်စားတာရောပေါ့။ လူငယ်တွေပဲ သောက်ကြ စားကြတယ်။ ယောက်ျားပဲ မိန်းမ လိုက်စား တယ်။ ဒါပေမဲ့ဒါက မဟုတ်ပါဘူး။ ဒါ တွေမလုပ်ဘဲ လည်း တခြား နည်းလမ်းတွေ အများကြီး နဲ့လောကကြီးမှာ အသက်ရှင် ဖြတ်သန်းလို့ ရပါတယ်။ အဲ့ဒါတွေကို လုပ်မယ် ဆိုရင် ကိုယ့် မှာ အနုတ် လက္ခဏာ ရလာမယ်။  အထီးကျန် လာမယ်။ စိတ် ဓာတ် ကျပြီးဘာမှ လုပ်ချင်စိတ် မရှိတော့ဘူး။ ငါ့ဘဝက သွားပြီပေါ့။ အဲ့လို လူမျိုးတွေ အတွက် ကျွန်တော်က လိုက်ပြောတာ။ မျှော်လင့်ချက် ဆိုတာရှိတယ်။ ဘဝက ဘယ်တော့မှ စိတ်ဓာတ် ကျစရာ မလိုဘူး။ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးအခေါ် နဲ့ နိဂုံးချုပ် သွားစရာမလို ဘူး။ ဒါတွေကို လိုက်ပြီး ပြောပြ တာပါ”လို့နောနော်က ပြော ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here