၂ဝ၁၈ မှာ အိမ်ထောင်ပြုမယ့် ဝန

0
606

WA-NAအဆိုတော်ဝနက သူ့ရဲ့ ဒုတိယစီးရီးကို “တရား သဖြင့်” လို့ အမည်ပေးထား ပြီး ၂ဝ၁၇ ခုနှစ် အတွင်းမှာ ထွက်ရှိလာပြီ လို့ သိရပါတယ်။ ဒုတိယ စီးရီး မှာလည်း Rock အငွေ့အသက်တွေ နဲ့ ထွက် ရှိလာမယ့်ဝနက သူ့ကိုယ်သူ အောင်မြင်ပြီလို့ မခံယူထားကြောင်း သိရပါတယ်။

“အခု လတ်တလောမှာ ဒုတိယအခွေ စီစဉ်နေ ပါတယ်။ အခွေလေးရဲ့ နာမည်ကိုတော့ “တရားသဖြင့်” လို့ ပေးထား တယ်။ သီချင်း အသံသွင်းတာ ၂ပုဒ်ပဲ ကျန်တော့တယ်။ Rock  ရသတွေနဲ့ ထပ်ဆင့်သွားမှာပါ။ အခုချိန်ထိ ဂီတနဲ့ ပတ်သက်ပြီး ကျွန်တော် အောင်မြင်တဲ့ အကြည့်နဲ့ ကျွန် တော်ကိုယ် ကျွန်တော် မကြည့်ဘူး” လို့ ပြောပါတယ်။

ဂီတလောကထဲ ကို ၁၄နှစ်သား အရွယ်ကတည်း က ဝင်ရောက်လာတဲ့ ဝနက အနုပညာ လောကထဲမှာ နာကျင်စရာတွေ အမျိုးမျိုး ရခဲ့တယ်လို့ ဆိုပါ တယ်။ အနုပညာ မျိုးရိုး ဆိုလို့ သီချင်းနဲ့ ပတ်သက်ပြီး သီချင်းပဲရှိ တယ်လို့ဆိုတဲ့ ဝနက…
“ကျွန်တော် ဂီတ လောကထဲကို အသက် ၁၄နှစ်သား ကတည်းက ဝင်ရောက် ခဲ့တယ်။ ကျွန်တော့်မှာအနု ပညာမျိုးရိုး လည်းမရှိဘူး။ ကျွန်တော့် ရဲ့ဂီတ အနုပညာ အဆက်အသွယ် ဆိုလို့ သီချင်းနဲ့ ပတ်သက်ပြီး သီချင်းပဲရှိတယ်။ ကျွန်တော် အနုပညာလောက ထဲ ဝင်လာ ကတည်းက အခုချိန်ထိ နာကျင်စရာတွေ ရော၊ ကြင်နာစရာတွေ လည်း ကြုံခဲ့ရတယ်။ သောက ဆိုတာမျိုး ကလည်း အမျိုးမျိုးပါပဲ။ မဖြစ်ခင်က လည်း မဖြစ်လို့၊ ဖြစ်ပြီး တော့ဖြစ်ပြီး နောက်ပိုင်း ပေါ့။ အခက်အခဲ ဆိုတာကတော့ အခုထိ ကျော် လွှားနေရတုန်းပါပဲ။ ကျွန်တော့်ရဲ့ “အသင့်ဖြစ်ထားတယ်” အခွေထဲက အနီးဆုံးလူ သီချင်းကလည်း ပေါက်တယ်။ ပရိသတ် တွေဆီက ကျွန် တော့်ကို ဆက် သွယ်ပြီး တော့ အားပေးတာလည်း ရှိခဲ့တယ်။ ကျွန်တော့်ရဲ့ ဂီတပန်းတိုင် ကတော့ သီချင်းတွေဆို၊ သီချင်းတွေ ရေးရင်းနဲ့ သေတဲ့အထိ လုပ်သွားမှာပါ”လို့ ဆိုပါတယ်။

ဝနက သူ့ရဲ့အချစ်ရေးကိုတော့ ဒဿန တွေနဲ့ ဖွဲ့ထားတာ မရှိပါဆိုကာ ၂ဝ၁၈ ခုနှစ် အတွင်း မှာလည်း အိမ်ထောင် ပြုသွားမယ် လို့ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here