၁၉၅ဝ နဲ့ ၁၉၆ဝ ကြားအချိန်ကာလကိုအခြေခံတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဖန်တီးချင်နေတဲ့ ဒါရိုက်တာ ဝင်းလွင်ထက်

0
218

12

ဒါရိုက်တာ ဝင်းလွင်ထက်ရဲ့ ‘ဘယ်ရည်းစားကိုအချစ်ဆုံးလဲ’ ရုပ်ရှင် ဇာတ်ကား ရုံတင်လျက် ရှိနေပြီးတော့ အောင်မြင်မှုတွေ ရရှိနေပါ တယ်။ အခုလက်ရှိမှာတော့ ‘ကိုယ်စောင့်နတ်’ လို့ အမည်ပေးထား တဲ့ ရုပ်ရှင်ဇာတ်ကားကို လွှမ်းပိုင်၊ ခင်ဝင့်ဝါတို့နဲ့ ရိုက်ကူးနေပါတယ်။ လိုကေရှင်းအသစ်တွေနဲ့သာ တင်ဆက်လေ့ရှိတဲ့ ဒါရိုက်တာ ဝင်းလွင်ထက်ဟာ အခုရုပ်ရှင် ဇာတ်ကား ကိုလည်း  မြင်တွေ့နေကျ မဟုတ် တဲ့ လိုကေရှင်းတွေမှာ သွားရောက်ရိုက်ကူးနေတာကြောင့် ပရိသတ်တွေ ကို အသစ်အဆန်းနဲ့ ရိုက်ချက် အသစ်တွေကို မြင်တွေ့ရမယ်လို့ အာမခံလိုက်ပါတယ်။

ZAW_8575 copy

“ဘာဖြစ်လို့လဲဆိုရင် ဒီရုပ်ရှင်ကို မရိုက်ကူးခင်ကတည်းက ဇာတ်ကားနဲ့ လိုက်ဖက်မယ့် နေရာတွေ၊ ပုံစံတွေကို ရှာဖွေထားတယ်။ ရိုက်ကူးရခက်ခဲတဲ့ နေရာတွေမှာတောင် သွားရောက်ရိုက်ကူး တယ်။ လှော်ကားဘက်တွေမှာလည်း ရိုက်ကူးမယ်။ ပြီးတော့ ‘ကိုယ်စောင့် နတ်’ ရုပ်ရှင်ကို ရိုက်ကူးရတာ စိတ်တိုင်း ကျလည်း ဖြစ်တယ်။ အားလည်း အားရပါတယ်။ ကျွန်တော့်စိတ်တိုင်းကျ သပ်သပ်ရပ်ရပ်နဲ့ ရိုက်ကူးထားပါတယ်” လို့ ဒါရိုက်တာ ဝင်းလွင်ထက်ကဆိုပါတယ်။ ၂ဝ၁၇ ခုနှစ်ထဲမှာတော့ သူရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ရုံတင်ဖို့ရှိလာမှာ ဖြစ်ပြီး အခု ရိုက်ကူးနေတဲ့ ‘ကိုယ် စောင့်နတ်’ ရုပ်ရှင်ကိုတော့ ဒီနှစ်ကုန် ဒါမှမဟုတ် နောင်နှစ် ၂ဝ၁၈ နှစ်စမှာမှသာ ရုံတင်နိုင်လောက်မယ်လို့ ဒါရိုက်တာဝင်းလွင်ထက်က မှန်းထားပါတယ်။

ZAW_8534 copy

စစ်ကားပုံစံStory  လိုမျိုးကိုMTV ရိုက်ကူးတင်ဆက်မှုတွေမှာသာ တွေ့မြင်ရပေမယ့် ရုပ်ရှင်ဇာတ်ကားအဖြစ်တော့ ဖန်တီးနိုင်ခြင်း လည်း မရှိသေးပေမယ့်Short Film  လေးတစ်ခုအဖြစ် ဖန်တီးဖို့တော့ ပြင်ဆင်ထားတာတွေ ရှိနေပြီဖြစ်ပါတယ်။

“၁ဝ မိနစ်စာ ဇာတ်လမ်းတိုပေါ့။ ကျွန်တော်ရိုက်ကူးဖို့လုပ်နေတယ်။ ဒါ့အပြင် အခုအချိန်မှာ ကျွန်တော် ရိုက်ကူးချင်နေတာက  Classic ဖြစ်တဲ့ ဇာတ်လမ်း (၁၉၅ဝ – ၁၉၆ဝ) ကြားကို အခြေခံပြီး တော့ လုပ်ရတဲ့ ဇာတ်ကားတစ်ကားကို ရိုက်ကူးချင်တဲ့ အာသီသတော့   ပြင်းပြနေပါတယ်။ ၁ဝ မိနစ်စာ Short Film  ကိုတော့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပါ။ အွန်လိုင်းပေါ်က   ကောင်မလေးတစ်ဦး ရေးထားတာကို ပြန်ပြီးတော့ ခံစားပြီးဇာတ်ညွှန်းရေး ထားတာပါ။ ကာယကံရှင် ကောင်မလေးကိုလည်းအကြောင်း   ကြားထားပါတယ်။ အဲဒါကို ဒီ ‘ကိုယ်စောင့်နတ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးသွားရင် ရိုက်ကူးနိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ဆိုပါ တယ်။

ထက်လူ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here