ပရိသတ်ဆီက ဘာမှကြိုပြီး မမျှော်လင့်ထားပါဘူး မိုးစက်ဝိုင်

0
193

Moe Set Y (2)

မိုးစက်ဝိုင်က ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ “ပက်ပက်စက်စက် ညှို့” ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး၊ ရွှေထူးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ ဒီဇာတ်ကားဟာ မိုးစက်ဝိုင်အတွက် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး၊ ကာရိုက်တာပီပြင်ဖို့ ကြိုးစားမှုတွေနဲ့ ပတ်သက်လို့ …

” မိုးစက်က ဒီဇာတ်ကားထဲမှာ ပြင်ဦးလွင်က ပန်းသည်မလေးပါ။ ဒီဇာတ်ကားထဲမှာ မိုးစက်ကာရိုက်တာတွေ ပြောင်းပြောင်းပြီး သရုပ်ဆောင်ရတယ်။ ရိုမန့်စ်လည်းပါတယ်။ သနားစရာ အဆုံး လည်းပါတယ်။ ရက်စက်တဲ့ အခန်းတွေလည်း ပါသေးတယ်။ ပထမတုန်း ကတော့ မိုးစက်က ဆင်းရဲနွမ်းပါးတဲ့အခန်း လွတ်လွတ်လပ်လပ် ကာရိုက်တာလေးပေါ့။ ဒီလိုတောသူမလေး ပုံစံကနေ ရုတ်တရက်ကြီး လှလှပပပုံစံလေး ဖြစ်သွားပြန်ရော။ အဲဒီအတွက် ဆင်းန် တွေ ပြောင်းလိုက်ရင် မိတ်ကပ်တွေလည်းပြောင်းရတယ်။ ဒီဇာတ်ကားက မိုးစက် အတွက် တော်တော်စုံတယ်။ မိတ်ကပ်အပြောင်းအလဲတွေလည်း တော်တော်လုပ် ရသလို အခက်အခဲတွေလည်း ရှိခဲ့ပါတယ်”လို့ မိုးစက်ဝိုင်က ပြောပါတယ်။

ဒီဇာတ်ကားကို သူ့အတွက် သူ့မိတ်ဆွေ ပရိသတ်တွေအတွက် အမှတ်တရတစ်ခုကျန်ရစ်စေဖို့ရည်ရွယ်ထားတယ်လို့ မိုးစက်ဝိုင်ကဆိုပါတယ်။ ဒီဇာတ်ကား မှာ သရုပ်ဆောင်မှုတွေ ပီပြင်အောင်တအားကြိုးစားထားတဲ့အတွက် ကိုယ်ကိုတိုင် ဒီဇာတ်ကားကို ပြန်ကြည့်ချင်ပါတယ်ဆိုတဲ့ မိုးစက်ဝိုင်က…

” မိုးစက်က ဒီဇာတ်ကားကို ပရိသတ်ဆီက ဘာမှကြိုပြီး မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ကိုယ့်အတွက်၊ ကိုယ့်ကိုအားပေးလာတဲ့ ပရိသတ် အတွက် ကိုယ့်မိသားစု၊ သူငယ်ချင်းတွေအတွက် အမှတ်တရလေး ကျန်ခဲ့ချင်တာပါ။ ဒါရိုက်တာကော၊ သရုပ်ဆောင်တွေရော အားလုံး ကြိုးစား ထားကြတယ်။ ကိုနေတိုးဆိုရင်လည်း ဒီဇာတ်ကား ကို အသေးစိတ် ကြီးကြပ်တယ်။ မိုးစက်နဲ့ မောင်လေးရွှေထူးက အသစ်တွေဆိုတော့ ဒိုင်ရာ လော့ခ် နဲ့ ပတ်သက်ရင် ရုပ်ရှင်အထာကို မသိကြဘူး။ ကိုယ့်ဒိုင်ယာလော့ခ်ကိုလု ပြီး မြန်မြန်ပြောမိကြတယ်။ အဲဒီအတွက်လည်း ဒါရိုက်တာက သေချာ လေးသင် ပေးတယ်။ ကိုနေတိုးကလည်း အိုက်တင်ပိုင်းဆိုင်ရာမှာ တကယ်တော်ပါတယ်။ သူကလည်း ကိုယ်တွေကို တွဲခေါ်ပေးပါတယ်။ ကိုနေတိုးနဲ့ နှစ်ယောက်အတူ သရုပ်ဆောင်ရတဲ့အချိန်မှာ သူက သရုပ်ဆောင် တအားကောင်းပြီး ကိုယ် က မကောင်းဖြစ်နေမှာလည်း သူမလိုချင်ဘူး။ အဲဒီအတွက် ကိုနေတိုးက မိုးစက်ကို အိုက်တင်မရောက်ရောက်အောင် စိတ်ရှည်ရှည်နဲ့ သင်ပြပေးပါ တယ်။ ဘယ်နှစ်ကြိမ်ပဲ လုပ်ရလုပ်ရပါ။ မောင်လေးရွှေထူးနဲ့တော့ မိုးစက်က အနှုတ်ဇာတ်လေး သရုပ်ဆောင်ရပါတယ်။ အဲဒီဇာတ်ကားတွက်ပဲ မိုးစက် တစ်လလုံး စိတ်နှစ်ထား ပါတယ်” လို့ ကြိုးစားမှုတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here