ချစ်ခြင်းဖွဲ့စကား ချစ်သူနား ဖွင့်ဆိုပြမည့် အနုပညာ

0
142

အချိန်တွေ တစ်နှစ်နဲ့တစ်နှစ်ပြောင်းလဲလာလိုက်တာ ၂ဝ၁၇ခုနှစ်ရဲ့ ချစ်သူများနေ့ (Valentine’s Day) ကိုရောက်ရှိလာတော့မှာပါ။ ဒီနေ့လေးကတော့ ချစ်သူစုံတွဲတွေအတွက် ပျော်စရာကောင်းတဲ့နေ့ရက်လေးတစ်ရက်ဖြစ်မှာပါ။ ကိုယ့်ချစ်သူကို ဘယ်လိုအံ့သြမင်သက်သွားအောင် Surprise လုပ်မလဲ၊ ကိုယ်ပေးလိုက်တဲ့ လက်ဆောင်လေးက ဘယ်လောက် Romantic ဆန်နေလေမလဲ၊ အဲဒီနေ့လေးမှာ ချစ်သူနဲ့အတူ အပြန်အလှန် ချောကလက်တွေစားရင်း ဖြတ်သန်းဖြစ်မလဲ စတဲ့ အတွေးများနဲ့ ကြိုတင်စိတ်ကူး ယဉ်ပြီးဖြတ်သန်းဖို့ စဉ်းစားထားသူတွေလည်း အများကြီးရှိကြမှာပါ။ အထူးသဖြင့် လူမှုကွန်ရက်တွေ ခေတ်စားနေတဲ့ ဒီနေ့ခေတ်အချိန်အခါကြီးမှာ ” ကိုယ်တွေကတော့ ဒီနှစ် Valentine’s Day မှာ FA(Forever Alone) ပါကွာ” ဆိုပြီး Status တင်သူတွေ ဒီနှစ် Valentine’s Day အတွက် ချစ်သူဆီက လက်ဆောင်ရပြီးပြီ”ဆိုတဲ့ Relationship တွေရဲ့ Status လေးတွေ စသဖြင့် ချစ်သူများနေ့နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာထက် တွေမှာတော်တော်ပျံ့နှံ့မှုအားကောင်းလျက်ရှိနေပါတယ်။ ဒီနှစ် Valentine’s Day ကို ချစ်ချစ်ခင်ခင်ဖြတ်သန်းကြမယ့် အနုပညာရှင်အတွဲလေးတွေလည်းရှိပြန်တော့ ဘာပဲပြောပြော အနုပညာရှင်တွေဆို စိတ်ဝင်စားတတ်ကြတဲ့ ပရိသတ်တွေအတွက် Valentine’s Day နဲ့ သူတို့ပြော စကားလေးတွေကို မေးမြန်းတင်ဆက်ဖြစ်လိုက်ပါတယ်။

sa

ကိုဝင်းမြတ် နဲ့ ဆန်းသစ်လ

Valentine’s Day မတိုင်ခင်က ညီမမွေးနေ့ဆိုတော့ မွေးနေ့မှာ အလှူလေးတွေသွားလုပ်မယ်။ Valentine’s Day မှာတော့ ညီမတို့ ချစ်သူနှစ်ဦး လျှောက်လည်မယ်။ ရှော့ပင်းထွက်ပြီး တစ်ယောက်ကို တစ်ယောက် လက်ဆောင်လေးတွေ ဝယ်ပေးမယ်၊ အဲဒီလောက်ပါပဲ။ မွေးနေ့အတွက်ကတော့ အခုကတည်းက မွေးနေ့လက်ဆောင် ကြိုပေးထားတယ်။ ညီမက ခွေးချစ်တတ်တော့ ညီမတအားလိုချင်နေတဲ့ ခွေးလေးတစ်ကောင် လက်ဆောင်ပေးထားတယ်။ Valentine’s Day နေ့ကတော့ ညီမအတွက် ပထမဦးဆုံးပါ။ ညီမရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ ပြီးရင် ဒီ Valentine’s Day က ပထမဆုံးပါပဲ။ ညီမရဲ့ချစ်သူနဲ့ကလည်း တွဲနေတာ တစ်နှစ်မပြည့်သေးဘူး။ ဧပြီမှ တစ်နှစ်ပြည့်မှာပါ။ Valentine’s Day ဆိုတာကတော့ သတ်မှတ်ထားတဲ့ နေ့ရက်တစ်ခုပေါ့။ ဒါပေမဲ့ ညီမတို့အတွက်ကတော့ ပုံမှန်ပါပဲ။ ညီမတို့ ပုံမှန်ချိန်း တွေ့နေသလိုမျိုးပဲ မုန့်တွေစားမယ်၊ ဝယ်ချင်တာရှိတာ ဝယ်မယ်။ အချိန်ရရင် ဘုရားသွားမယ်။ နောက်အိမ်မှာ အေးအေးဆေးဆေး မိသားစု နဲ့ အတူနေမယ်။ ဒီလောက်ပါပဲ။ Valentine’s Day ဆိုတာ အမှတ်တရနေ့လေးတစ်နေ့ အဖြစ်ထားပေးတဲ့အတွက် ကောင်းပါတယ်။ ချစ်ရသူတွေ တစ်ယောက် နဲ့ တစ်ယောက်အပြန်အလှန် လက်ဆောင်တွေပေးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်သတိလေး တွေရပြီး ကိုယ့်စိတ်ထဲမှာ တစ် ယောက်ကိုတစ်ယောက် ဘယ်လောက်ထိရှိကြလဲဆိုတာ ပြသကြ ပေါ့နော်။ ဒါပေမဲ့ ဒီ Valentine’s Day မှာ တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးရှင်းရှင်းလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ရင် ကောင်းတာပေါ့နော်။ ညီမတို့ ချစ်သူနှစ်ဦးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရယ်၊ သစ္စာရှိမှုရယ်၊ နောက်တစ် ယောက်နဲ့တစ်ယောက်အပြန်အလှန် မေတ္တာလေးတွေ ပေးနိုင်မယ်ဆိုရင် ရေရှည်လက်တွဲနိုင်မှာပေါ့နော်။ ပြီးတော့ ညီမတို့နှစ်ယောက်က လူငယ်တွေလည်းဖြစ်တယ်။ အသက် အရွယ်ချင်းလည်း အတူတူပဲ။ နှစ်ယောက်စလုံးက စိတ်ချင်းသဘော ထားချင်းလည်း နီးစပ်တယ်။ အနီးစပ်ဆုံးတူနေလို့ တအားကြီးညှိစရာတော့ မလိုပါဘူး။ သူ့အလုပ် ပေါ်ကိုလည်း ညီမက နားလည်မှုပေးတယ်။ ညီမအလုပ်ပေါ်ကိုလည်း နားလည်မှုပေးလို့ အဆင်ပြေပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားက အနေအေးတယ်။ အလုပ်ကြိုးစားတယ်။ ရိုးသားတယ်။ ညီမသဘောမကျစရာ တစ်ချက်မှမရှိပါဘူး။ စိတ်ထား တအားကောင်းပါတယ်။ ညီမအပေါ်မှာ သူက သူငယ်ချင်းကောင်းလည်း ဟုတ်တယ်။ မောင်နှမအနေနဲ့ဆိုလည်း တကယ်ကို အစ်ကိုတစ်ယောက်လိုပဲ ညီမအပေါ် တအားကောင်းတယ်။ သူက တစ်ခါတလေကျရင် ကိုယ့်ရဲ့ အုပ်ထိန်းသူတစ်ယောက်လို တောင် ဖြစ်တယ်။ အစစအရာရာ တိုင်ပင်လို့ရတယ်။ တစ်ခါတလေ တချို့ကိစ္စတွေ အမေက မလုပ်ပေးနိုင်တဲ့ ကိစ္စတွေဆို သူကလုပ်ပေး တယ်။ အဲဒီအတွက် ချစ်သူတစ်ယောက်ထက်ကို အုပ်ထိန်းသူ တစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို ညီမအပေါ်တအားကောင်းပါတယ်။ ညီမတို့နောက်တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကြာရင် လက်ထပ်ဖို့ စိတ်ကူးထားပါတယ်။

nw

နေဝင်းနဲ့ အိမ့်ချစ်ချော

” Valentine’s Day ကတော့ တကယ်ချစ်တဲ့ချစ်သူတွေအတွက် ကတော့ အရမ်းမိုက်တယ်ပေါ့လေ။ သူများတွေကတော့ အပိုတို့ဘာတို့ ပြောပေမယ့်လည်း ချစ်သူများနေ့ ဆိုတာ ခေတ်ကြီးကသတ်မှတ်ပေးထားတာ။ ချစ်သူများနေ့မှာတကယ်ချစ်တဲ့သူတွေ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း လက်ဆောင်လေးတွေပေးကြတာ ကြည်နူးဖို့ကောင်းပါတယ်။ ကျွန်တော်လည်း ချစ်သူကို လက်ဆောင်ပေးဖို့လေးတွေက ကိုယ့် ဘာသာနဲ့ကိုယ်တော့ရှိတာပေါ့။ ကျွန်တော်တို့ဆိုရင် ချစ်သူသက်တမ်းက ၇နှစ်ကျော်ပါပြီ။ ကျွန်တော့်ချစ် သူကို ကျွန်တော်ပြောချင်တဲ့စကားက သူကချစ်ဖို့ကောင်းတယ်။ တစ်ခါ တစ်ခါတော့ဆိုးတယ်ဗျ။ သူဆိုးပြီဆိုရင် ပြောရဆိုရသိပ် မကောင်းဘူး။ မကြိုက်ဘူး။ အဲဒီလို မျိုးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးတာလေးက တစ်မျိုးချစ်ဖို့ ကောင်းပါတယ်။ အေးအေးဆေး ဆေးဖြစ် သွားရင်လည်း တစ်မျိုးချစ်ဖို့ကောင်းပါတယ်။ တစ်မျိုးစီ တစ်မျိုးစီပေါ့။ စိတ်ဆိုးလိုက်၊ ပြန်ပြီးအဆင် ပြေလိုက်နဲ့ သူ့ရဲ့ Action တွေက တစ်မျိုးစီချစ်ဖို့ ကောင်းပါတယ်”

ntz

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ

” Valentine’s Day ဆိုတာ တော့ အရင်တုန်းကလည်း ပြောဖူးပါတယ်။ ချစ်သူရည်းစားရယ်မှ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေ၊ မိဘဆွေမျိုးတွေ၊ ကလေးတွေကို ချောကလက်တို့၊ မုန့်တို့ကျွေး ကြတာပေါ့။ ဒီတစ်ခေါက်လည်း အဲဒီလိုပါပဲ။ ချောကလက်ပါရမယ်ပေါ့။ ချောကလက်က ဘာဖြစ်လို့ လဲမသိဘူး။ အစဉ်အဆက်က ချောကလက်ပါတယ်ပေါ့။ ကျွေးဖြစ်မှာပါ။ လူဆိုတာက ပျော်ချင်ရင်တောင် နေ့လေးတွေသတ်မှတ်ပြီး ပျော်ကြတာဆိုတော့ Valentine’s Day ဆိုတာလည်း ချစ်သူရည်းစားအချင်းချင်း ဟဲ့ ရန်မဖြစ်ကြဘူးနော် ဘာညာစနောက်ပြီး ပျော်အောင်နေကြတဲ့ နေ့လေးလို့ နန်းသူဇာထင်တယ်။ ပျော်စရာ ကောင်းတဲ့နေ့ လေးဖြစ်မှာပါ။ နန်းသူဇာတို့ဆိုရင် ချစ်သူသက်တမ်း ၅နှစ်ကျော် ရှိသွားခဲ့ပြီပေါ့။ Valentine’s Day မှာတော့ သူ့ကို နန်းသူဇာ အမြဲတမ်း ပြောနေကျ စကားလေးရှိပါတယ်။ လိမ်လိမ်မာ မာနေပါ။ စိတ်အရမ်း မကောက်ပါနဲ့လို့”

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here