ကလေးတွေရဲ့ ကာယဥာဏစွမ်းအား ဖွံ့ ဖြိုးတိုးတက်ဖို့ ကူညီပေးနေတဲ့ ထားထက်ထက်

0
272

Htar HtetHtet(1) copy

အလှမယ် ထားထက်ထက်က အခုလတ် တလောမှာတော့ 5 Plus ကနေ စီစဉ်ဆောင် ရွက်နေတဲ့Super Kids Program  မှာ ပါဝင်   ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ် က အစိုးရမူလတန်းကျောင်းမှ ကလေးသူငယ် များအတွကInternational School  များလို Activities တွေရစေရန်နဲ့ ကလေးများ ကျန်းမာပျော်ရွှင်ပြီး အားကစား စွမ်းရည်တိုး တက်လာစေရန်အတွက် ရည်ရွယ်ပြီး ဆောင် ရွက်ပေးတဲ့ အစီအစဉ်လေးတစ်ခုဖြစ်ကြောင်း အလှမယ် ထားထက်ထက်က ပြောပါတယ်။

“အားကစားနဲ့လည်း ပတ်သက် တယ်။ ကလေးတွေအတွက် အရင်တုန်းကလို ကျောင်းပေါင်းစုံ ပွဲမျိုးလေး အစိုးရကျောင်းက ကလေးေ တွကို လုပ်ပေးချင်တယ်ဆိုတာနဲ့ ထားထက်လည်း စိတ်ဝင်စားပြီး ပါဝင်ဖြစ် တာပါ။ ဒီအစီအစဉ်မှာ တခြား ဘယ်သူတွေ ပါမလဲဆို တာ တော့ သေချာမသိရသေးဘူး။ သူတို့ ဆီက အစီအစဉ် တင်ဆက်သူ အစ်ကို တစ်ယောက်တော့ပါတယ်။ Celebrity  တစ် ယောက်၊   နှစ်ယောက်လောက်တော့ပါဦး မယ်ထင်ပါတယ်။ ခုလောလောဆယ်တော့ ထားထက် မနေ့က အင်းစိန်ကျောင်းမှာရှိတဲ့ ကလေးတွေနဲ့ ဂိမ်းဆော့တဲ့ ကစားနည်းလေး တွေကိုလုပ်ဖြစ်တယ်။ ဒါကအားကစား တစ် ခုထည်းတင် မဟုတ်ပါဘူး။ ဥာဏ်ရည်ထက် မြက် မှု၊ ကာယ ဥာဏအတွက်ပါ ပါပါ တယ်။ ဒီလိုလေး လုပ်ပေးခြင်းဖြင့် ကလေးတွေ Team Work   လည်းရရှိမယ်၊ ပျော်ရွှင်မှုတစ် ခုလည်း ရရှိမယ်။ ပြီးတော့ ပြိုင်ပွဲစိတ်ဓာတ် ကလေးတွေနဲ့ အချင်းချင်း ဂရုစိုက်မှုလေး တွေ၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေပါ အများ ကြီးရရှိမယ်လို့ ထား ထက် ထင်ပါတယ်။ ဒီလိုမျိုး အစီအစဉ်လေး တွေကInternational   ကျောင်းတွေမှာ ဆိုရင် Acitivities  တွေက အများကြီး ရှိတယ် လေ။ အစိုးရကျောင်းက ကလေးတွေကျ ကျောင်းစာနဲ့ ရိုးရိုး ကစားနည်းလောက် ပဲရှိတယ်။ အခုလို အစီအစဉ်လေးတွေ မရှိ တော့ အခုလို လုပ်ပေးရတာ သူတို့အတွက် အင်မတန်ကောင်းပါတယ်။ ထားထက် ကလေးတွေအတွက် တစ်ထောင့်တစ်နေရာ ကနေ လုပ်ပေးခွင့်ရလို့ ဝမ်းသာပါတယ်” လို့ ဒီအစီအစဉ်မှာ သူပါဝင်လုပ် ဆောင်ပေးရတဲ့ အကြောင်းအရာ များနဲ့ ပတ်သက်ပြီး ပြောပြ ပါတယ်။ ဇာတ်ကားရိုက်ကူး မှုတွေ အနေနဲ့ကတော့ ဇန်နဝါရီ လက ရိုက်ကူးထားတဲ့ ‘ဖွေးမိန်းမ ရဲ့ ဘော်ဒီဂတ်’ ရုပ်ရှင် ဇာတ်ကား ကြီးရဲ့ လက်ကျန်အခန်းများ ဆက် လက်ရိုက်ကူးနေကြောင်း သိရပါ တယ်။

ဇင်မာနွယ်၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here