ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေ ပဒေသာ ကပွဲကြီးကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၆ နာရီက အမျိုးသားက ဇာတ်ရုံမှာ ကျင်းပခဲ့ပါ တယ်။ ဒီပွဲမှာEmperor Music Band နဲ့အတူ ဇော်ဝင်းထွဋ်၊ Rဇာနည်၊ လင်းလင်း၊ ရဲအောင်၊ ဟေမာနေဝင်း၊ ကော်နီ၊ ထွန်း အိန္ဒြာဗို၊ ချမ်းချမ်း၊ စိုးပြည့်သဇင်တို့ က သီဆိုဖျော်ဖြေခဲ့ကြပြီး ဒါရိုက်တာ မောင် မျိုးမင်း(ရင်တွင်းဖြစ်)၊ ဒါရိုက်တာ ကျော် ဇောလင်း (အတွေးပုံရိပ်)၊ စိုးကျော်ဆန်း တို့ရဲ့ ချန်နယ်သစ် ဟာသ တစ်ခန်းရပ် ပြဇာတ်များကို ရန်အောင်၊ လူမင်း၊ မင်းမော် ကွန်း၊ ခန့်စည်သူ ၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ညီထွဋ်ခေါင်၊ ဦးအောင် လွင်၊ ကိုပေါက်၊ ငှက်ပျောကြော်၊ နေလင်း၊ 5 Star အဖွဲ့နဲ့ ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ မေသဉ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်နှင်းဝေ၊ အိချောပို၊ ယုသန္တာတင်၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ပိုင်ဖြိုးသု ၊ ရွှေသမီး၊ ရတနာဗို၊ ယွန်း ရွှေရည် စတဲ့ အနုပညာရှင်များက တင်ဆက် ကပြခဲ့ကြပါတယ်။ ပြေတီဦး ပညာရေး ဖောင် ဒေးရှင်းကို ၂ဝဝ၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ တာဖြစ်ပြီး အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၆ ဦးကို ပညာသင် ထောက် ပံ့ကြေး ပေးထား နိုင်ခဲ့ကြောင်း သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးကို တစ်လလျှင် ပညာသင်စရိတ် ၆ သောင်း ထောက် ပံ့ပေး လျက် ရှိပြီး ထောက်ပံ့ကြေး ပိုပေးချင်တဲ့ အတွက် အခုလို ရန်ပုံငွေ ပဒေသာ ကပွဲကြီးကို ပြုလုပ်ခြင်း ဖြစ်ကာ ဒီပွဲပြီးတဲ့အခါ ထောက် ပံ့ကြေး တိုး ပေးသွား မှာဖြစ်ကြောင်း ပြေတီဦးက ပြောပါတယ်။
ဒီပွဲမှာ သရုပ်ဆောင် ပြေတီဦး က ပညာရေး ဖောင်ဒေးရှင်း ၇ နှစ်တာ ကာလ အတွင်း ရရှိခဲ့တဲ့ ရန်ပုံငွေ များကို ရှင်းလင်း ပြောပြခဲ့ သလို ဖောင်ဒေးရှင်းကို လှူဒါန်း ခဲ့ကြတဲ့ အလှူရှင်များ အားလုံးကိုလည်း ကျေးဇူးတင် စကား ပြောကြား ခဲ့ပါ တယ်။ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ကို ရေရှည် အောင်မြင်အောင် အကောင် အ ထည် ဖော်နိုင်ခဲ့တဲ့ အပေါ် ပြေတီဦးက ..
“အကောင်အထည်ဖော်နိုင်ခဲ့တယ်၊ လုပ်နိုင်ခဲ့ တယ်။ အရင်တုန်းက စိတ်တွေ ပူခဲ့ရတယ်။ အဆင်ပြေ ပါ့ မလား။ ရေရှည် သွားနိုင် ပါ့မလား ဆိုပြီး အများ ကြီး တွေးပူခဲ့ရ တယ်။ အခုအချိန် မှာတော့ လက်ရှိအနေ အထားအရ တော်တော် လေး အ ဆင်ပြေပြေ လေးဖြစ်နေ ပြီ။ ခရီးလည်း တော် တော်ရောက် လာပြီ။ ကျောင်းသားတွေလည်း ၁၇၆ ယောက် ရှိပြီ။ ဂုဏ်ထူး ထွက် အောင် ကြိုး စားနိုင်တဲ့ ကျောင်းသားတွေလည်း အများကြီး ရှိပြီ။ ဘဏ်ထဲမှာ လည်း အခုအချိန်ထိ ရန်ပုံငွေက သိန်းပေါင်း ၅၃ဝဝ ကျော် ရှိတယ်။ ဒီပွဲ ကနေ ထပ်ရမယ့် ပိုက်ဆံတွေလည်း ရှိသေးတယ်။ ဒါကြောင့် ကျွန်တော် ကလေးတွေ ကို တစ်လ ၆ သောင်းကနေ လစာတွေလည်း တိုးပေးနိုင်တော့မယ်။ ဒီအချိန် မှာ တအား ဝမ်းသာပါတယ်။ စိတ်ချမ်းသာပါတယ်။ တစ်ခုပဲ ကျွန်တော်စိတ် ပူပါတယ်။ ဘဏ်ကပေးတဲ့ အတိုးတွေ ကျသွားမှာကိုပါ။ ဘဏ်ကပေးတဲ့ အတိုး တွေကျသွားရင် ကျွန်တော် နောက်ထပ် နည်းလမ်းတွေ စဉ်းစားရဦးမှာပေါ့နော်။ ဒီအချိန်အထိ ကအဆင်ပြေပါတယ်”လို့ပြောပါတယ်။
ခိုင်ဝေလွင်