အနုပညာ အလုပ်တွေ မလုပ်ဖြစ်တော့ဘဲ စီးပွားရေးပဲ လုပ်ဖြစ်တော့မယ့် သဉ္ဇာနွယ်ဝင်း

0
365

MIN_4346သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာ အနုပညာ အလုပ်တွေ မလုပ်ဖြစ်တော့ဘဲ ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့် နဲ့အတူ စားသောက်ဆိုင် လုပ်ငန်းတွေကို အတူ တွဲလုပ် သွားမှာဖြစ်ကြောင်း ပြောပါတယ်။

“သဉ္ဇာအနုပညာ စလုပ်တည်းက သဉ္ဇာရဲ့ပါးပါးက ဒီအနုပညာ အလုပ်ကို အိမ်ထောင် ပြုပြီးသွားရင် မလုပ်ရဘူးလို့ ပြောထားတယ်။ အဲ့ဒါကြောင့် သဉ္ဇာ အိမ်ထောင်ပြုပြီးသွား ပြီဆိုတော့ အနုပညာ အလုပ်မလုပ် ရတော့ဘူး။ ဒါက ပါးပါး အစတည်းက ပြောထားတဲ့ စကားဆိုတော့၊ သဉ္ဇာ စီးပွားရေး ဘက်ကိုပဲ လုပ်ဖြစ်မှာပါ။ သဉ္ဇာ အမျိုးသားက Hot Pot City နဲ့  The Loft House ဆိုင်ဖွင့်ထားတယ် ဆိုတော့ သဉ္ဇာလည်း စားသောက်ဆိုင် လုပ်ငန်း လုပ်ဖူးတယ်။ ဝါသနာလည်း ပါတဲ့အတွက် သဉ္ဇာ အမျိုးသားကို ကူညီပြီးတော့ စီးပွား ရေးလုပ်သွားမှာပါ” လို့ပြောပါတယ်။
TMS_2968
ကိုလှမျိုးမြင့် နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့က ဖေဖော်ဝါရီလ ၁ ရက်နေ့ ၊ မင်္ဂလာဦး ဆွမ်းကျွေး၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ တရားရုံး မှာ မင်္ဂလာ လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီ လ ၃ ရက်နေ့ မနက်ပိုင်း Melia Hotel မှာ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာ ကျင်း ပပြု လုပ်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ အဆိုပါ Melia Hotel  မှာပဲ ညစာစားပွဲ ပြုလုပ်ခဲ့ပါတယ်။ အခု ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတွေ က သူ ငယ်ငယ်လေး ကတည်း ဖြစ်ချင်ခဲ့တဲ့ ပုံစံမျိုးဖြစ်ခွင့် ရခဲ့တဲ့ အတွက် လည်း အရမ်းပျော် ရကြောင်း၊ အနုပညာ သက်တမ်း ၇ နှစ်ကျော် အတွင်းမှာ အားပေးခဲ့တဲ့ ပရိသတ် အားလုံး ကို ကျေးဇူး တင်ကြောင်း သဉ္ဇာနွယ်ဝင်း က ပြောပါတယ်။ ဟန်နီးမွန်း ခရီးစဉ် ကိုတော့ ငပလီ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၊ ဥရောပ နိုင်ငံတွေ ဆီ သွား ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တွယ်တာ၊
ဓာတ်ပုံ-My Dream Wedding Studio ၊ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here