သုဒြာ ထုတ်လုပ်ရေး မှ ထပ်မံ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား အတွက် ဇာတ်လမ်း စဉ်းစားနေတဲ့ အိန္ဒြာကျော်ဇင်

0
190

Eandar-Kyaw-Zin-1သုဒြာထုတ်လုပ်ရေးက ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား အတွက် ဇာတ်လမ်း ရွေးနေတုန်းပဲဆိုတဲ့ အိန္ဒြာကျော်ဇင် က ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ပဒေသာကပွဲကြီးကို စီစဉ်ရတာ ပင်ပန်းပေမယ့်လည်း ဖောင်ဒေးရှင်းက ကျောင်း သားကျောင်းသူတွေက ဂုဏ်ထူးထွက်တဲ့ အထိ စာကြိုးစားကြတဲ့ အတွက် ပီတိ ဖြစ်ရပြီး ပင်ပန်းရ ကျိုးနပ်ကြောင်း ပြောပါတယ်။
လတ်တလောမှာ လေဒီဒိန်းဂျား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေ ပြီး ဒီဇာတ်ကားထဲမှာ အခုခေတ် ဝတ်နေတဲ့ ဖက်ရှင်ပုံစံ အတိုင်းပဲ ဝတ်ဆင်ထား ကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။

ဖက်ရှင်ကတော့ သူက ကုမ္ပဏီပိုင်ရှင် ဆိုတော့ အခုခေတ် ဝတ်နေတဲ့ ပုံစံမျိုးပါပဲ။ ဒါရိုက်တာကရော၊ ပရိုဂျူဆာကရော ခပ်လန်း လန်းလေး ဝတ်ပေးဖို့ ပြောထားတယ်။ ကိုယ့်အသက် အရွယ်နဲ့ တအားကြီး လန်းလို့လည်း မဖြစ်ဘူးလေ။ နည်း နည်းလေး လည်း ဟော့ တယ်။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ ဟော့ရှော့ပုံစံလေး ဝတ်ထားပါ တယ်” လို့ပြောပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ သုဒြာ ထုတ်လုပ်ရေးက Reflection နဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ ရုပ်ရှင်ဇာတ် ကား ၂ကား ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားတွေ ကို ရုံတင်ပြသ သွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “အစ်မဇာတ်ကား ၂ ကားလုံးမှာ editing က တစ် ကား ပြီးသွားပြီ။ တစ်ကားကတော့ အချောသတ်နေတယ်။ ရုံတင်ဖို့ကျတော့ အစ်မတို့ခေတ် က အပြောင်းအလဲတွေက အများကြီးပဲ။ ဘာဖြစ်မလဲ ဆို တာလည်း တစ်ချက်စောင့်နေတယ်။ အခုလည်း ရုံတစ်ရာ စီမံကိန်းတွေ က ရှိနေတော့ မျှော်လင့် ချက် တွေတော့ ရှိပါ တယ်။  သူများနည်းတူ တန်းစီဆိုလည်း တန်းစီ ရမှာပေါ့။ အစ်မ ထုတ်လုပ်ရေးက နောက်ထပ် ရိုက်ကူးမယ့် ဇာတ် ကားအတွက် ဇာတ် လမ်း စဉ်း စားနေပါတယ်။ အဓိကက ဇာတ်လမ်းကို ဦးစားပေးပြီး ရွေးတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်မျိုးပေါ့။ ဇာတ်လမ်း ရပြီဆိုမှ ဒီဇာတ်လမ်း နဲ့ လိုက် ဖက်တဲ့ သရုပ်ဆောင်တွေ ရွေးချယ်တယ်။ အခုက တော့ ဇာတ်ရွေးချယ်နေတဲ့ အပိုင်းလေး ပဲဖြစ်နေတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here