Myanmar Idol ပြိုင်ပွဲရဲ့ သဘောတရားတွေကို ပြော ပြတဲ့ ဥက္ကာဦးသာ

0
206

Oo Khar Oo Thar

နာမည်ကျော် Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ Music Producer အဖြစ် ဂီတမှူးဥက္ကာဦးသာကပါဝင်ဆောင်ရွက် ပေးနေပါတယ်။ လူငယ်တွေရဲ့သီချင်းဆိုပုံဆိုပေါက်ပုံစံမျိုးစုံအတွက် Arrange လုပ်ပေးနေတဲ့ ဥက္ကာဦးသာကို Myanmar Idol က ပြိုင်ပွဲဝင်လူငယ်တွေနဲ့ ပတ်သက် လို့မှတ်ချက်ပြုစကားကို တွေ့ဆုံခိုက်မေးတဲ့အခါ..

” ဒီပြိုင်ပွဲကတော့ အရည်အချင်းစစ် ပြိုင်ပွဲတစ်ခုပေါ့။ ပုံစံတစ်မျိုးတည်းလည်း ဆိုနိုင်လို့မရပါဘူး။ သီချင်းပုံစံအမျိုးမျိုးကို သူတို့ရဲ့ စုပ်ယူနိုင်စွမ်းနဲ့ အသုံးချနိုင်တဲ့ စွမ်းရည်တွေပေါ်မှာလည်း မူတည်ပါတယ်။ သူ့စတိုင်နဲ့သူဖြစ်အောင် ဘယ်လိုပြန်ဖန်တီးမလဲဆိုတဲ့ ဖန်တီးမှုအပိုင်းလည်း ပါပါတယ်။ မီဒီယာအားကောင်းကောင်းနဲ့ သူတို့ကိုတင်ပေး လိုက် တဲ့အပေါ်မှာ သူတို့ဘယ်လိုအသုံးချနိုင်မလဲဆိုတာ မူတည်ပါတယ်။ နောက် မျိုးဆက်သစ်မှာ ဖန်တီးမှုကောင်းကောင်းနဲ့ တင်ဆက်နိုင်တဲ့ လူငယ်တွေလည်း မျှော်လင့်ပါတယ်။ ဒိုင်တွေက မွေးထုတ်ထားတဲ့ ဒီဆန်ခါတင်၁ဝယောက်ကို ပိုပြီးအရောင်တောက်အောင်မွမ်းမံဖို့ ကျွန်တော် တို့လည်း အစွမ်းကုန်ကြိုးစားရပါတယ်” လို့ဆိုတဲ့ ဥက္ကာဦးသာက ပြိုင်ပွဲဝင်တွေရဲ့ သီချင်းရွေးချယ်မှုကတော့ သက်ဆိုင်ရာပြိုင်ပွဲအတွက် သီချင်းတွေက ရွေးချယ်ပြီးသားဖြစ်ပြီး ဒီရွေး ချယ်ထားတဲ့သီချင်းတွေကိုပဲ ပြိုင်ပွဲဝင်တွေကအကောင်းဆုံးသီဆိုရမှာဖြစ်တယ်လို့ပြောပါတယ်။

” မဲနှိုက်ပြီးတော့ သူတို့ကျတဲ့ သီချင်းကို သူတို့ရဲ့ပုံစံနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးသီဆိုရမှာ ဖြစ်ပါတယ်။ ဒါမှ သူတို့ရဲ့ဖန်တီးမှုဟာ ကောင်းလား၊ မကောင်းလား သိနိုင်မှာဖြစ် ပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ကျတဲ့ သီချင်းအပေါ်မှာ အကောင်းဆုံး မွမ်းမံပေးရမှာပေါ့” လို့လည်း ဥက္ကာဦးသာက ပြောပါတယ်။ ဥက္ကာဦးသာက ဇနီးဖြစ်သူ ရှင်ဖုန်း ရဲ့ စီးရီးသစ်အတွက်လည်း ဂီတပိုင်းဆိုင်ရာကို တာဝန်ယူဖန်တီးပေးထားပြီး စီးရီးထုပ်ပိုးမှုကအစ အစစအရာရာ ပါဝင်ဆောင်ရွက်ပေးထားတယ်လို့ လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here