အလုပ်၊ ပရိသတ်၊ မိသားစုပဲ ခေါင်းထဲမှာရှိတယ် ရဲလေး

0
289

Ye Lay copy

နောက်ဆုံးထွက်ရှိထားတဲ့ ‘အောင်မြင်မှုခရီးစဉ်’ တေးစီးရီး Audio CD အတွက် MTV ရိုက်ကူးမှုတွေ ပြုလုပ်တော့မယ့် အဆိုတော်ရဲလေး ကို အင်တာဗျူးမေး မြန်းဖြစ်တဲ့အခါ သူက ၂ဝ၁၇ခုနှစ်ထဲမှာ အနုပညာနဲ့ ပတ်သက်လို့ အလုပ်တွေ တော်တော်ကြိုးစားနေကြောင်း ပြောပြ လာပါတယ်။

“သီချင်းတွေကတော့လောလောဆယ်မှာMTV   ရိုက်ကူး ဖို့အတွက်ကို ဇာတ်လမ်းတွေ စဉ်းစားနေပြီပေါ့။ ဘယ်သီချင်းကို ဘယ်သူနဲ့ ရိုက်ကူးမယ်ဆိုတာလေးတွေ တော့ လုပ်နေပါပြီ။ ကျွန်တော်ကတော့အလုပ်နဲ့ ပရိ သတ်နဲ့ မိသားစုနဲ့ဒါပဲခေါင်းထဲမှာရှိပါတယ်။ ကျန်တာ ဘာမှခေါင်းထဲမှာမရှိပါဘူး” လို့ ရဲလေးက ဆိုပါတယ်။ ဇန်နဝါရီလ ၂၉ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြေတီဦး ဖောင် ဒေးရှင်းပဒေသာ ကပွဲကြီးမှာ အနုပညာရှင်များ စွာနဲ့အတူ ရဲလေးတို့ နှင်းဆီအဖွဲ့လည်းပါဝင်ခဲ့ပါတယ်။ သူက နှင်းဆီအဖွဲ့နဲ့အတူ ပြန်လည်ပူးပေါင်းပြီး ပရိသတ် ကို ဖျော်ဖြေတင်ဆက်နေရတာ ပျော်ရွှင်နေပုံရပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းပဒေသာ ကပွဲကြီးမှာ ပါဝင်ဖျော် ဖြေခဲ့တဲ့ ရဲလေးက..

“အရင်ထက်ပိုပျော်ဖို့ကောင်းပါတယ်။ အခုနောက် ပိုင်းကတော့ ကြည့်တဲ့ပရိသတ်တွေ ပိုပြီးတော့ ပါးစပ် မပိတ်ရဘူး။ ပျော်ပျော်ရွှင်ရွှင်၊ အပေးအယူမျှမျှနဲ့ပေါ့။ ကျွန် တော်တို့အဲဒီတုန်းက ၂ရက်လောက်ပဲ အချိန်ရတာ လေ။ ထွန်းထွန်းကလည်း ကားရိုက်၊ ကျွန်တော်ကလည်း ကားရိုက်၊ ကိုနေတိုးကလည်း ကားရိုက်၊ အကုန်လုံးက လည်း ခရီးသွားဆိုတော့ရတဲ့အချိန်မှာ အကောင်းဆုံး နဲ့သေသေချာချာစုစု စည်းစည်းလေးနဲ့တင်ဆက်ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ပရိသတ် Response လည်း ကောင်းတော့ ကျွန်တော်တို့ ပျော်ရတာပေါ့” လို့ပြောပါတယ်။ ဆက်လက်ပြီးရဲလေးက

“နောက်ထပ်နှင်းဆီပွဲတွေလည်းလာဖို့ရှိပါ တယ်။ ကျွန်တော်ကတော့ တောက်လျှောက် နှင်းဆီ ရဲ့လှုပ်ရှားမှုတွေမှာပါဝင်သွား ဖို့ရှိပါတယ်” လို့ ဖွင့်ဟလာပါတယ်။

၂ဝ၁၇ခုနှစ်မှာ ဂီတအပြင်ရုပ်ရှင်တွေ ပါရိုက် ကူးနေဖြစ်ခြင်းကိုလည်း “ကျွန်တော်နောက် ဆုံးရိုက်ကူးထားတာကတော့ ကိုကျော်ဇော လင်း (အတွေးပုံရိပ်)နဲ့ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးထားပါတယ်။ ကိုလူမင်းပါတယ်၊ ကျွန် တော်ပါတယ်၊ ကိုမင်းမော်ကွန်းပါ တယ်၊ ကျော် ကျော်ပါတယ်။ မင်းသမီးကတော့ ခင်ဝင့် ပေါ့နော်။ ဟာသဇာတ်ကားလေးပါပဲ။ ၃၁ရက်နေ့ကမှ ပြီးသွားတာပါ။ အဲဒီဇာတ် ကားလေးပြီးတဲ့အခါမှာ လောလောဆယ်တော့ လက်ခံထားတာမရှိ ပါဘူး။ ရှိုးပွဲတွေအတွက်ပဲ အချိန်ပေးထား တယ်။ သီချင်းအသစ်တွေ ရိုက်ကူးဖို့ အတွက် အချိန်ပေးထားပါတယ်” လို့ ရဲ လေးကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here