Snare အဖွဲ့ရဲ့ တတိယအခွေ ဘယ်တော့ထွက်လေမလဲ နေဝင်း (Snare)

0
188

Nay win (Snare)

Snare အဖွဲ့ရဲ့တတိယစီးရီးခွေက အပြီးသတ်နေပြီဖြစ်ပြီး သူငယ်ချင်းနှစ်ယောက် ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတဲ့အတွက်အနည်းငယ်ကြန့်ကြာ နေခြင်းဖြစ်ကြောင်း ဟစ်ဟော့ပ်အဆိုတော်နေဝင်းက ပြောပါတယ်။ သူတို့ရဲ့ အခွေသစ်အပေါ်ကို နေဝင်းက..

” သီချင်းကတော့ Snare က ၁ဝပုဒ်လောက်ပြီးနေတာ တော်တော်ကြာနေပြီ။ ဒီကြားထဲမှာက နည်းနည်းတိုင်ပတ်နေတာပေါ့။ ရှေ့ ဆက်ဖို့ အလုပ်သိပ်မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ မျောတာကများနေတယ်။ အခုက သင်္ကြန်ကလည်း လာမှာဆိုတော့ ထုတ်ချင်တိုင်းက ထုတ်လို့မရဘူး ဖြစ်နေတယ်။ သေချာတာက ၂ဝ၁၇ခုနှစ်မှာတော့ အကောင်အထည်ဖော်ဖြစ်မှာပါ။ ကျွန်တော်တို့သီချင်းက တော်တော်ပြီးနေပါပြီ။ အခုလည်း အသစ်တွေထပ်လုပ်နေပါတယ်။ သီချင်းတွေက အရင့်အရင်ထက် စကားလုံးတွေ ပိုလေးနက်လာတယ်။ Flow တွေပို မိုက်လာတယ်။ တီးလုံးတွေက နည်းနည်းလေးပိုကြမ်းလာတယ်။ ကျွန်တော်တို့ Snare ရဲ့ ပုံစံတော့ ပျောက်မသွားပါဘူး” လို့ ပြောပါတယ်။

နေဝင်းရဲ့ OMG ဖက်ရှင်ဆိုင်ကတော့ ဖွင့်လှစ်တာသုံး နှစ်ပြည့် ခဲ့ပြီဖြစ်ပြီး ၂ဝ၁၇မှာ ဖက်ရှင်ဒီဇိုင်းအသစ်တွေ ထွက်ဖို့ အားထုတ်နေတယ်လို့ နေဝင်းက ပြောပါတယ်။ ချစ်သူများနေ့နဲ့ သင်္ကြန်အတွက် ဖက်ရှင်တွေ ထွက်ဖို့ရှိကြောင်းလည်းဆိုတဲ့ နေဝင်းက ပြောင်းလဲလာတဲ့ ဟစ်ဟော့ပ်ဖက်ရှင် ရေစီးနဲ့ပတ်သက်ပြီးလည်း…

” အမှန်တော့ ဟစ်ဟော့ပ်ဖက်ရှင်က တအားအပွကြီးကနေ တအားသေးသွားတဲ့ဘက်ကို ပြောင်းသွားတယ်။ ကျွန်တော်ထင်တာတော့ ရေစီးကြောင်းကြီးက လှည့်လည်သွားလာနေတာဆို တော့ ပြန်လည်းပွလာနိုင်တာပေါ့”လို့ နေဝင်းက ပြောပါတယ်။ ကျွန်တော်တို့တွေကို အသက်ကြီးတဲ့အထိ အားပေးနိုင်ပါစေလို့ ဆိုတဲ့နေဝင်းက Snare အဖွဲ့ရဲ့ တတိယအခွေရဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး အပြည့်အဝအားစိုက်ထားကြောင်း အာမခံခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here