ကုန်ဆုံးသွားတဲ့ အချိန်တွေက အစားထိုး ပြန်မရသလို ဖြတ်သန်းခဲ့ ရာ ဘဝမှာ ဖြစ်ပျက်ခဲ့ ဖူးတဲ့ အမှာ တွေကလည်း ပြန်လည်ပြုပြင်ဖို့ ဆို တာက တန်ဖိုးရှိတဲ့ အချိန်တွေ အများကြီး ပြန်လည်ပေးဆပ် ပြုပြင် ရပါတယ်။ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးစေတဲ့ ပြုပြင်မှု နောင်တ အမှားတွေကို ကြိုတင်ပြင်ဆင်ဖို့က စာအုပ်စာပေ ဖတ်ခြင်းကနေ ဆောင်ရန်၊ ရှောင်ရန် အတွက် လမ်းပြကြယ်လေး တစ်ပွင့် ဖြစ်ပါ တယ်။ စာပေရဲ့ အကျိုးကျေးဇူး နဲ့ စာဖတ်ခြင်း အကြောင်းကိုတော့ စာရေးဆရာကြီး များရဲ့ အမြင်တွေ ကို ခံစား သိရှိစေဖို့ အတွက် စု စည်း ဖော်ပြပေး လိုက်ပါတယ်။
မင်းခိုက်စိုးစန်
နိုင်ငံဖွံ့ဖြိုး တိုးတက်မှုမှာ စာပေ ဟာ ဘယ်လောက် အတိုင်းအတာ အထိ အဓိကကျသလဲ ဆိုရင်တော့ ရာခိုင်နှုန်း အားဖြင့် တွက်ပြ ဖို့တော့ ခက်တယ်။ သို့သော် ဆားလိုပဲပေါ့။ ဆားဆိုတာက ဝယ်ထားမိရင် ဘယ်သူမှတော့ ဆားတွေကို တစ် ထိုင်တည်း ထိုင်မစား ကြဘူး။ ဒါပေမဲ့ ဟင်းချက်တဲ့ အခါတိုင်း ဆားကတော့ ပါနေရမှာပဲ။ အဲဒီတော့ စာပေ ဆိုတာ က အားလုံးရဲ့ အခြေခံပဲ။ ဘယ်နေရာ မှာပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စစ်ရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေး ပဲဖြစ်ဖြစ် အားလုံးမှာ ဘယ်ဟင်းမှာမဆို ဆား ကို ခတ်ရ သလိုပဲ။ စောစောက ပြော တဲ့ ကဏ္ဍတွေ အကုန်လုံးမှာ စာပေ ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါနေမှာပဲဖြစ်ပါတယ်။ အွန်လိုင်း ဆိုတာကတော့ ရှိမှာပဲလေ။ နိုင်ငံ တကာမှာလည်း ဒီအွန်လိုင်း မီဒီယာ ကို အားလုံးက ဒီစီးမျောမှု အောက် မှာ ပါဝင်နေကြတာပဲ။ ဒါပေမဲ့ နိုင်ငံ ကြီးသားတွေ အကုန်လုံးကကျတော့ ဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်က စာပေ ကို အဓိကထားပြီး ဖတ်ရှုကြပါတယ်။ အွန်လိုင်းမှာ ရသ အတိုလေးတွေ ပေးနိုင်တယ်။ သတင်းတွေပေးနိုင် တယ်။ သို့သော် ဘက်စုံထောင်စုံ လေ့လာဖို့ စေ့စေ့ငုငု အပြန်အလှန် ကျယ်ပြန့်တဲ့ မြင်ကွင်း တစ်ခုကို ရဖို့ အတွက်က ကျတော့ စာအုပ်တွေက အဓိကအသက်သွေးကြောဖြစ်ပါ တယ်။
မေတ္တာရှင် (ရွှေပြည်သာ)
စာဖတ်တာက အကျိုး နှစ်မျိုး ရပါတယ်။ နံပါတ်တစ် အကျိုးက တော့ အဲဒီ စာအုပ်တွေထဲမှာ သူ တစ်ပါး အမှားတွေလည်း ရေးထား တာ ရှိတယ်။ အဲဒီအတွက် ကြိုတင် ရှောင်လို့ ရသွားပါတယ်။ ဒါက တော်တော် တန်ဖိုးကြီးသွားတယ်။ နောက်တစ်ချက်က သူများ ရဲ့ အောင်မြင် တဲ့ အကြောင်းတွေလည်း ပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ် အောင်မြင်ဖို့ လမ်းစလည်း ပိုနီးသွား တယ်။ အဲဒီတော့ စာဖတ်ခြင်း အား ဖြင့် ကိုယ့်အတွက် ရှောင်ဖို့လည်း ရတယ်။ ဆောင်ဖို့လည်းရတယ်။ ပြီးတော့ ဆရာ့ အယူအဆအရ ဆိုရင် ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး စသဖြင့်ပေါ့။ ဘာပဲလုပ်လုပ် စာဖတ် သူသည် စာမဖတ်သူထက် အမြဲတမ်း ခေါင်းတစ်လုံး သာတယ်။
မြေမှုန်လွင်
စာဖတ်ထားတာ လူတစ် ယောက်ရဲ့ အခြေခံပဲ။ ဘယ် နယ်ပယ်ပဲ ရောက်ရောက် အခြေခံ ရှိမှပဲ တင့်တယ်မှာပေါ့။ အခြေခံရှိတဲ့ စာဖတ် ထားရင် နှာတစ်ဖျား သာမှာ ပေါ့။ အခုခေတ်က တိုင်းပြည် တစ် ပြည်နဲ့ တစ်ပြည်ကို လက်နက်နဲ့ နယ်ချဲ့တာ မဟုတ်ပါဘူး။ စာပေနဲ့ အနုပညာနဲ့ နယ်ချဲ့တာပါ။ စာဖတ် အား ကောင်းတယ်၊ စာအုပ်တွေ ရောင်းနေရတယ်၊ စာရေးဆရာတွေ အများကြီး ရှိတယ်၊ စာပေ ပွဲတော်တွေ အများကြီး ရှိတယ်ဆိုတဲ့ နိုင်ငံကို သွားကြည့်ပါ။ အဲဒီနိုင်ငံက ဖွံ့ဖြိုး တိုးတက်ပြီးသားပဲပေါ့။ ကျွန်တော် တို့ နိုင်ငံတွေ ဆင်းရဲတယ် ဆိုတာ အရင်တုန်းက စာပေပွဲတော်တွေ မရှိ ဘူး။ အဲဒီလို စာပေပွဲတော်တွေ မရှိ တဲ့ နိုင်ငံ ဆိုရင်တော့ ဖွံ့ဖြိုး တိုးတက်မှု အားနည်းတာပေါ့။ အခုလို စာပေပွဲ တော်တွေ များများရှိတော့ ပိုပြီးတော့ ဖွံ့ဖြိုးလာတာပေါ့။
မျိုးကျော် (ကနောင်သွေး)