အ ချစ် များ စွာ နဲ့ ဝန်းရံသူတွေ ပြည့်နှက်ခဲ့တဲ့ ဖြိုးပြည့်စုံ ရဲ့ ညနေခင်း

0
111

Phyo Pyay Sone

မိန်းကလေးအဆိုတော် ၁၁ ယောက်နဲ့ “အချစ်များစွာနှင့်” ဆိုတဲ့ တေးစီးရီးခွေလေးကို အဆိုတော် ဖြိုးပြည့်စုံက ချစ်သူများနေ့အမီ ထွက်ရှိနိုင်ခဲ့ပြီး ဇန်နဝါရီ လ ၂၈ ရက်နေ့ ညနေခင်းက လှည်းတန်းစင်တာ၊ Outdoor Area မှာ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ပရိသတ်တွေများစွာလာ ရောက်အားပေးကြတဲ့အတွက် ပျော်ရွှင်မှုတွေနဲ့ ပီတိတွေ ထွေး ပိုက်ထားတဲ့ ဖြိုးပြည့်စုံက..

” စပြီးတော့ အနုပညာတွေ လုပ်ခွင့်ရတဲ့အချိန်မှာ “မျှော်နိုင်သမျှ” ဆိုတဲ့ တေးစီးရီးလေးကို ပရိသတ်တွေရှေ့ ချပြခွင့်ရလိုက်တယ်။ တစ်နည်းအားဖြင့် ယုံ ကြည်မှုလေးတွေများစွာရရှိခဲ့တယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ရဲ့ ဒုတိယစီးရီးခွေလို့ပြောနိုင်တဲ့ “အချစ်များစွာနှင့်”ဆိုတဲ့ တေးစီးရီးခွေလေးကို ချပြခွင့်ရလိုက်တဲ့အခါ ပရိသတ်တွေက အများကြီးဝန်းရံပေးကြတယ်။ အမှန်တကယ်ကတော့ ကိုယ်ကပရိသတ်အပေါ် တာဝန်ကျေရမယ်ဆိုတဲ့ စိတ်နဲ့လုပ်လာခဲ့တာ။ ဒီစီးရီးခွေလေးလုပ်တဲ့ အခါ စိတ်ဖိစီးမှုတွေများခဲ့တယ်။ အခုဆို ပရိသတ်တွေဆီက Feedback လေးတွေလည်း ကြားလာရပြီဆိုတော့အတိုင်းမသိ ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ ချစ်သူများနေ့အမီ ထွက်ရှိလာနိုင်တဲ့ သူ့ရဲ့Duet Songs Album လေးက ချစ်သူများနေ့တစ်နေ့တည်းအတွက် မဟုတ်ဘဲ တစ်နှစ်ပတ်လုံးနားဆင်လို့ရမယ့် စီးရီးခွေလေးဖြစ်ကြောင်းကိုလည်း..

” အဓိကကတော့ ကျွန်တော့်ရဲ့ ဒုတိယအခွေ လေးလိုဖြစ်နေတဲ့ ဒီ”အချစ်များစွာနှင့်” အခွေလေးက ချစ်သူများနေ့အမီ ထွက်နိုင်ခဲ့တယ်။အချစ်သီချင်းလေးတွေနဲ့ ချစ်သူခင်သူတွေကြားမှာ နားထောင်နိုင်မယ့် စီးရီးခွေလေးပေါ့။ အမှန် တကယ်ကတော့လည်း Valentine’s Day သီးသန့် ရည်ရွယ်ထားတာမျိုးတော့မဟုတ်ပါဘူး။ သီချင်းတွေကို တစ်နှစ်ပတ်လုံးနားဆင်နိုင်အောင် ရည် ရွယ်ပြီးထုတ်ထားတာပါ” လို့ ပြောပါတယ်။ ဖြိုးပြည့်စုံက ချစ်သူများနေ့မှာ သီချင်းဆိုရင်း ဖြတ်သန်းဖြစ်မယ်လို့ဆိုပြီး ကြားကာလထဲမှာသူသီဆိုထားတဲ့ သင်္ကြန်စီးရီးခွေလေးတွေလည်းထွက်ရှိလာဦးမယ်လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here