လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို လုပ်ဆောင် သွားမယ့် ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း

0
243

Bogyoke-(3)ဗိုလ်ချုပ်အောင်ဆန်း ဖောင် ဒေးရှင်းရဲ့ ရှေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး တွေ့ဆုံ ရှင်းလင်းပွဲကို တော့ ဇန်နဝါရီလ ၂၉ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ တော့ ဗိုလ်ချုပ်အောင် ဆန်း ဖောင် ဒေးရှင်း ဖြစ်မြောက်ရေး ကော်မတီမှ နာယက ဆရာတော်ကြီး များက သြဝါဒ ကထာများ ချီးမြှင့်ခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ ဦးဟန်ဇော် မှ အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟန်ဇော် က ပြောကြားခဲ့ရာမှာ    တော့

“ကျွန်တော်တို့ ပထမဦးဆုံး စတင် ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်ရာပြည့် ပွဲအတွက် သတင်းစာ ရှင်းလင်းပွဲမှာ စာနယ်ဇင်း သမားတွေက မေးမြန်း ကြပါတယ်။ ဒီအလှူငွေတွေ ပိုလျှံ လို့ရင် ဘာလုပ်မလဲ မေးကြတဲ့အခါ ကျွန်တော်တို့ကလည်း ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဗိုလ်ချုပ် အောင် ဆန်း ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး အတွက် မတည်ပေးပါမယ်လို့ ကတိ ပြုခဲ့ကြပါတယ်။ ရာပြည့် ပွဲတော်ကြီး မှာလည်း အများပြည်သူ က ဗိုလ်ချုပ် ကို ချစ်တဲ့စိတ်နဲ့ နတ်မောက်မှာ ကျက်ပျံမကျ စည်ကားအောင် ကျင်းပနိုင်ခဲ့တဲ့ အပြင် ဗိုလ်ချုပ် အောင် ဆန်း ဖောင်ဒေး ရှင်း ဖြစ် မြောက်ရေး အတွက် အလှူငွေများ လည်း ထည့်ဝင်လှူဒါန်းကြ ပါတယ်။ ရာပြည့်ပွဲပြီးတဲ့ အချိန်မှာ ကျွန်တော် တို့ သိန်းထောင့် တစ်ရာကျော် ပိုလျှံ ခဲ့ပါတယ်။ ၂ဝ၁၅ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး အတွက် တော် ဝင်နှင်းဆီမှာ အစည်း အဝေး ကျင်းပပြီး ကော်မတီ ဖွဲ့စည်း ခဲ့ပါတယ်” လို့ ဦးဟန်ဇော်က ပြော ကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဖောင် ဒေးရှင်း ဖြစ်မြောက်ရေး ကော်မတီ အနေနဲ့ ၂ဝ၁၇ခုနှစ် အတွင်းမှာ ဖြစ်မြောက်အောင် အကောင် အထည် ဖော် သွားမှာဖြစ်ပြီး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ အချက်များကို လုပ်ဆောင် သွားဖို့ ရှိကြောင်းလည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here