ဆူးလေစေတီတော်မြတ်ကြီး၏ ၁ဝ၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်

0
136

DSC_0273 copy

ဆူးလေစေတီတော်မြတ်ကြီး၏ ၁ဝ၅ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဇန်နဝါရီလ ၂၅ရက်နေ့ မှ ၂၉ရက်နေ့အထိ ၅ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓပူဇနိယ ပွဲတော်ရက်အတွင်းမှာတော့ ဆွမ်း တော်ကြီးတင်ကပ်လှူပူဇော်ပွဲ များ၊ ကုသိုလ်ဖြစ် အခမဲ့ ဆေးကု သ ပေးခြင်းများ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်နောက်ဆုံးရက်မှာတော့ အောင်ပွဲအခမ်းအနားအဖြစ် ဆွမ်း ဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကြီးကို ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ပါ တယ်။ ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲ တော်မတိုင်မီ နေ့ခင်း ၃နာရီအချိန် မှာတော့ သံဃာတော် အရှင် သူမြတ်  များက ပရိတ်တရား တော်များ ချီးမြှင့် ခြင်း၊ လှူဒါန်းမှု အစုစု တို့အတွက် အနုမောဒနာ တရားတော် နဲ့ ရေစက်ချတရားတော် ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ ဆူးလေ ဂေါပက အဖွဲ့ဝင်များနဲ့ အလှူရှင်များက တရားတော်များ နာယူ၊ ငါးပါးသီလ   ဆောက်တည်ကြ ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါ တယ်။ အဲဒီနောက် မှာတော့ မြတ်စွာ ဘုရားအမှူးထားပြီး သံဃာ တော် ၁၈ဝပါး၊ သီလရှင် ၅ဝပါး တို့ ကို ကျောက် တံတား၊ ပန်း ဘဲတန်း၊ လသာ အစရှိတဲ့ မြို့နယ် အသီးသီးမှ အလှူရှင်များက ဆွမ်း ဆန်တော်နဲ့ လှူဖွယ် ဝတ္ထု အစုစုတို့ကိုဆက်ကပ် လောင်းလှူ ပူဇော်ခဲ့ကြပါတယ်။

DSC_0330 copy

သတင်း၊ ဓာတ်ပုံ-မျိုးကျော် (ကနောင်သွေး)

DSC_0332 copy

DSC_0241 copy

DSC_0333 copy


LEAVE A REPLY

Please enter your comment!
Please enter your name here