မီးသတ်သင်တန်း နှစ်ပတ်ကြာတက်ခဲ့တဲ့ ထွန်းကိုကို

0
219

Tun Ko KO

ဒါရိုက်တာ တုနှိုင်းခ ရိုက်ကူးမယ့် “အဖြူရောင် နှလုံးသားများ” မြန်မာ့မီးသတ်တပ်ဖွဲ့ ဂုဏ်ပြု ဗီဒီယိုဇာတ်လမ်းမှာ ထွန်းကိုကိုက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါတယ်။ ဒီလို အသိပညာပေး ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာမိပြီး ထွန်းကိုကိုက သူ ပါဝင်ရမယ့် ကာရိုက်တာနဲ့ပတ်သက်လို့ “ဒီဇာတ်ကားမှာ ကျွန်တော်က Fire Safety မီးဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဗဟုသုတတွေ သိကျွမ်းထားတဲ့ လူငယ်တစ်ယောက်ပါ။ မီးနဲ့ပတ်သက်လို့ သင်တန်းတွေလည်း တက်ဖူးတယ်။ လေ့လာထားတာတွေလည်းရှိတယ်ပေါ့။ ဒီဇာတ်ကားမှာ ချစ်ခန်းကြိုက်ခန်းလေးတွေလည်း နည်း နည်းပါပါတယ်။ ကျွန်တော် ဒီလိုအကျိုးပြုဇာတ်ကား ရိုက်ကူး ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်” လို့ ပြောပါတယ်။ သူက နောက်ထပ်လည်း ဒီလို ပြည်သူ့အကျိုးပြုဇာတ်ကားတွေမှာ ပါဝင်ခွင့်ရချင်ပါသေးတယ် လို့လည်း ဆိုပါတယ်။ ထွန်းကိုကိုက ယခင်ကလည်း “ရှာဖွေကယ်ဆယ်ရေး’ သင်တန်းကို လဝက်ခန့်တက်ရောက် ပြီးစီးပြီးဖြစ်ပါတယ်။ မီးသတ်သမားတစ်ဦးရဲ့ တာဝန်နဲ့ သင်ယူခဲ့တဲ့ ကယ်ဆယ်ရေးအခြေခံအကြောင်းအရာများအကြောင်းကို ထွန်းကိုကိုက ..

” မီးသတ်သမားတစ်ယောက်က သင်တန်းတွေလည်း တက်ထားပြီး ကျွမ်းကျင်ရမယ်။ ဘယ်အချိန်မှာ ဘယ်လိုအရေးကြီးတာတွေ ပေါ်လာမလဲမသိတဲ့အတွက် ၂၄နာရီ ပတ်လုံး သူတို့ကိုယ်သူတို့ အသင့်ပြင် ထားရတာပါ။ သူ တို့တွေက စေတနာ့ဝန်ထမ်းစစ်စစ်တွေပေါ့။ ကျွန်တော်လည်း “ရှာဖွေကယ်ဆယ်ရေး” သင်တန်းတက်ခဲ့ဖူးတယ်။ တိုက်အမြင့်ကြီးတွေမှာ မီးလောင်မှုတွေဖြစ်ရင် ကြိုးတက် ကြိုးဆင်ပြုလုပ်နိုင်ဖို့ လေ့ကျင့်တာတွေ၊ှာသုနံသကျန ဆိုတဲ့ မီးခိုးငွေ့တွေပြည့်နေတဲ့ အိမ်ထဲက လူကို ကယ်ဆယ်ပုံတွေ၊ ကားတိုက်လို့ ကားထဲမှာ ညပ်နေတာ တွေကို ကယ်ဆယ်တဲ့ ပုံစံတွေ၊ နည်းစနစ်တွေကိုနှစ် ပတ်ကျော်သင်တန်းတက်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။

ကာရိုက်တာတစ်မျိုးထက်တစ်မျိုး မရိုးအောင် ရိုက်ကူးချင်တယ်ဆိုတဲ့ ထွန်းကိုကိုက မတ်လမှာ “ချိန်ခွင်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးသွားမယ့်အပြင် ရတနာပုံ ဇာတ်လမ်းတွဲကြီးကိုလည်း ဆက်လက်ရိုက်ကူးမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလမှာလည်း ဘန်ကောက်မှာ နန်းစန္ဒာလှထွန်းနဲ့အတူ Now How ကြော်ငြာသွား ရောက် ရိုက်ကူးမှာဖြစ်ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here