အနုပညာရှင်ကြီး တွေရဲ့ အသံနဲ့ စတိုင်အတိုင်း တုပပြောပြီး တင်ဆက်ခြင်းကို ဟာသ အမြင် နဲ့ပဲ မြင်စေချင်ကြောင်း လူရွှင်တော် ကြာစိ ဖွင့်ဟ

0
282

Kyar-Se5Stars အဖွဲ့မှ လူရွှင်တော် ကြာစိက လူရွှင်တော် အဖြစ် ပရိသတ်တွေကို တင်ဆက်ဖျော်ဖြေ ဖြစ်နေသလို ပဲ သူ့အနေနဲ့ ဂီတအနုပညာ ကိုလည်း ငယ်စဉ်က ဝါသနာ ပါခဲ့ပါတယ်။ ငယ်စဉ်ကတော့ သူ့ကိုသူ လူရွှင် တော်ဖြစ်လာ လိမ့်မယ်လို့ မတွေးထင်ခဲ့ မိတဲ့အတွက် သီချင်း ဆိုတဲ့ဘက်ကို နည်းနည်း အားသန်မိခဲ့တယ် လို့လည်း ပြောပြပါတယ်။

“အဆိုတော် လုပ်မယ်ဆိုတဲ့ အတွေးမျိုးတော့ မရှိခဲ့ပါ ဘူး။ စိတ်ကူးတော့ မယဉ်ခဲ့ပါဘူး။ စိတ်ကူးလည်း မယဉ်ရဲ ပါဘူးဗျာ။ ကိုယ့်ကိုယ် ကိုယ်လည်း ဖြစ်မယ်လို့ ယုံကြည် ချက် တော့မရှိပါဘူး။ ဒါပေမဲ့ ကြိုးစား ချင်စိတ်ကတော့ အမြဲတမ်း ရှိပါတယ်။ လုပ်ချင်ကိုင်ချင်စိတ် ကတော့ အမြဲ ရှိပါတယ်။ လုပ်ချင် ကိုင်ချင်စိတ် ရှိလို့လည်း အခုလိုလုပ် ခွင့်ရတဲ့ အချိန်မှာ လုပ်လိုက်ရတာကို ကျေနပ်ပါတယ်” လို့ လူရွှင်တော် ကြာစိက ပြောပါတယ်။ သူ့အနေနဲ့က တော့ Pop Music ပိုင်းကိုပိုမို အားသန်ပြီး အသံ အနေအထား အရ သီချင်း အချိုလေးတွေ နဲ့ပဲ လိုက်ဖက်တယ် လို့ မြင်မိတယ်လို့ ဆိုပြန်ပါတယ်။

သီချင်းတွေ ကိုလည်း သံစဉ် လှလှလေးတွေနဲ့ အများ ကြီး ရေးဖွဲ့ချင်ပေမယ့် ဂစ်တာတီး မကျွမ်းကျင်တဲ့ အတွက် နုတ်မထုတ် တတ်ခြင်းကြောင့် သီချင်းမရေးသား ဖြစ်တာပါလို့ လူရွှင်တော်ကြာစိက ပြောပါတယ်။

လူရွှင်တော် ကြာစိရဲ့ စင်ပေါ်မှာ အနုပညာရှင်ကြီး တွေအသံ နဲ့စတိုင် အတိုင်း ပြန်လည်ပြောဆို သရုပ် ဆောင်ပြခြင်းကလည်း ပရိသတ်တွေ အတွက် နှစ်သက် သဘော ကျစေတာကို တွေ့ရပါတယ်။ သူ့ရဲ့တင်ဆက်မှုက အနုပညာရှင်ကြီး တွေအပေါ် မလေးမစား လုပ်ခြင်းလား ဆိုတဲ့ တချို့တွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံရလေ့ရှိပါ တယ်။ ဒီအပေါ် မှာတော့ သူက အခုလိုရှင်းပြတာက

“တချို့ အဆိုတော် တွေကြတော့လည်း သူတို့ကို ထည့်ပြက်တာတို့ ဘာတို့ဆို သရော်တာ လို့မြင်ပြီး ထိ ခိုက်တယ်လို့ မြင်တတ် ကြပါ တယ်။ တချို့အဆိုတော် တွေ ကြတော့ တကယ့်ကို ဝမ်းဝမ်း သာသာနဲ့ လှိုက် လှိုက်လှဲလှဲ လုပ်ပါလုပ်ပါ ဆိုပြီး ပြန်ပြီးတော့ တကူး တက ပြန်လုပ်ခိုင်းတဲ့ အဆိုတော်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ ဟာသအမြင်နဲ့ပဲ မြင် စေချင်ပါတယ်။ ဒီသီချင်း ဒီအဆိုတော်ကို တကယ် ကြိုက်လို့ တကယ် လုပ်တာပါ။ ဒီအဆိုတော် အလုပ်ကို မကြိုက်ရင် ကျွန်တော်တို့ မလုပ်ပါဘူး။ မကောင်း ကြောင်းတော့ မလုပ်ပါဘူး။ ကောင်း တာလေးတွေပဲ လုပ်ပါတယ်။ သူ့ကို မကောင်းတာ လုပ်လို့ရှိရင်လည်း ကိုယ်လည်း မကောင်း တာ ထိမယ်လေ။ သူ့ကိုကိုယ်က အတင်းပြောချင်တဲ့ ပုံစံမျိုးနဲ့ ရှုံ့ချချင်တဲ့ပုံစံမျိုးနဲ့ အိုက် တင်လုပ်မယ် ဆိုရင် ကိုယ်ကိုယ်တိုင် က လည်း အဲဒီလို ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော် အဲဒီလိုမျိုး မလုပ်ပါ ဘူး။ ရယ်စရာ ပျော်စရာလေးတွေပဲ ဖန်တီးပြီး လုပ်ပါ တယ်။ သီချင်း တစ်ပုဒ် ပေါ်လာပြီး အဲဒီသီချင်းဟာ ဘယ်သူမှ လိုက်မဆိုဘူး ဆိုရင် ဘယ်သူမှ သိမှာမဟုတ် ပါဘူး။ ကျွန်တော် တို့တွေက နယ် အနှံ့ ရောက်ရှိတဲ့ အတွက် ကျွန်တော် တို့တွေ ပြန်ပြန်ဆိုတယ်။ ဒီသီချင်း ဟာ ပရိသတ် ကြိုက်သွားပြီ ဘယ်သူဆိုတာလဲဆိုရင် မူရင်း အဆိုတော်ပဲ နာမည်ရပါတယ်။ အဲဒါကြောင့် ဒါလေးတွေ ထွက်ပေါ်စေချင်လို့ ကျွန်တော် တို့က ချစ် လို့ယူပြီးသုံးမိတာပါ။ မှားတာ ရှိရင် လည်း တောင်းပန် ပါတယ်”လို့ လူရွှင်တော် ကြာစိကရှင်းပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here