မြန်မာသံ ပရိုမိုးရှင်းပွဲတွေ လုပ်ချင်ကြောင်း ဗညားဟန်ပြော

0
207

banayar-hanမြန်မာသံနဲ့ ပတ်သက်လို့ မြန်မာသံ ပရိုမိုးရှင်းပွဲတွေ လုပ်ချင်ပြီး  ပွဲကျင်းပဖို့ အတွက် နေရာဒေသ ရွေးတဲ့ အခါမှာလည်း ရန်ကုန်ဖြစ်ချင် မှ ဖြစ်မှာဖြစ်ပြီး နယ်မြို့တွေ မှာလည်း ဖြစ်ချင်ဖြစ်မှာ ဖြစ်ကြောင်း အဲဒီမြို့တွေမှာ သက်ဆိုင်ရာ မြို့နယ်က လူကြီးမင်းများ အနေနဲ့ စတိတ် အခက်အခဲ၊ လုံခြုံရေး အခက်အခဲ အကူအညီ အနည်းငယ် ကို ပေးနိုင်မယ် ဆိုရင် သွားရောက် ဖျော်ဖြေချင်ကြောင်း လည်း မြန်မာ သံ ချစ်သူများ အဖွဲ့မှ ဗညားဟန်ကပြောပါတယ်။

“ဥပမာ- ဆိုမယ့် အဆိုတော် အယောက် ၅ဝ ရှိရင် ၅ဝနဲ့ တစ်ယောက်ကို သီချင်း တစ်ပုဒ်ပဲ ဆိုရဆိုရ နှစ်ပုဒ်ပဲ ဆိုရဆိုရ ဆိုဖို့ပဲ အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။ အဲဒီမှာ နာမည် ကြီးတဲ့သူက ရှေ့က ဆိုမယ်၊ နာမည် မကြီးတဲ့သူက နောက်ကဆိုမယ်၊ ဒါတွေလည်း မဖြစ်အောင် မဲနှိုက်ပြီးတော့ နံပါတ်၁ ကျတဲ့သူက နံပါတ် ၁ဆို၊ နံပါတ် ၅ကျတဲ့သူ နံပါတ်၅ ဆိုပေါ့။ ပရိသတ် ရှိရင်ရှိသလိုဆို ပရိသတ် မရှိရင် မရှိသလိုဆို ညီတူညီမျှ နဲ့ ကျွန်တော်တို့ လုပ်မယ်။ ရလာခဲ့တဲ့ အကျိုးအမြတ် ဆိုတာက ကျွန်တော်တို့ အဖွဲ့ကို လှူတာ ရှိမယ်၊ ဆုချတာ ရှိမယ် အဲဒါတွေကို အဖွဲ့ရဲ့  ရန်ပုံငွေ အဖြစ်နဲ့ သတ်မှတ်ပြီးတော့ အဲဒီလိုမျိုး လုပ်ပေးနိုင်ကြမလားလို့ ကျွန်တော် အဲဒီလို စိတ်ကူးထား ပါတယ်။ ဒါက တစ်နှစ်လုံး မှာမှ တစ်ပွဲတည်း လည်း ဖြစ်ချင်ဖြစ် ပါမယ်၊ နှစ်ပွဲလည်း ဖြစ်ချင်ဖြစ်ပါမယ်။ နှစ်ပွဲထက်တော့ ပိုစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ အနုပညာသမားတွေ လည်း အားချင်မှ အားတာပါ။ အဲဒီရက်ကို သွားဆိုကြမယ် ဆိုရင် ကျွန်တော်တို့ ကြိုတင် ဖုန်းဆက် ပါ့မယ်။ စာရင်းပေးပြီး ရင်တော့ မပျက်မကွက် သွားပြီးတော့ ဆိုနိုင်မယ့် ပုဂ္ဂိုလ်များ လိုချင်ပါတယ်။ ကိုယ့်အစီစဉ် နဲ့ကိုယ်သွား၊ ကိုယ့် စရိတ် ကိုယ်စားပြီး ကိုယ့်အနုပညာ ကိုသွားပြီးတော့ ဖျော်ဖြေ တင်ဆက် နိုင်ပြီး Free Show ကို ဆိုနိုင် တယ်၊ ဆိုချင်တယ်ဆိုတဲ့ အနုပညာ သမားများ လိုချင်ပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ့်စရိတ် ကိုယ်စားပြီး ပရိုမိုးရှင်း လုပ်ချင်ပါတယ်” လို့ မြန်မာသံ ပရိုမိုးရှင်းပွဲ လုပ်ချင်တဲ့ စိတ်ကူးကို မြန်မာသံ ချစ်သူများအဖွဲ့မှ ဗညားဟန်ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here