ကချင်တိုင်းရင်းသားတွေရဲ့ အနုပညာကို မြင်တွေ့ရမယ့် ရုပ်ရှင်ဇာတ်ကား

0
193

KG

ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ JZ ဒေါင်းလွမ်း ရိုက်ကူးတဲ့ “မနောမြေမှကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲပြသခြင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် ၇ နာရီခွဲက သမ္မတရုပ်ရှင်ရုံ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကြီးမှာ Z Daung Loon, M Seng Naw, G Taint Saung, Swan Swan Pan, M Jyar Aung, Jyar Seng Eain နဲ့ အခြား အနု ပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ JZ Daung Loon က..

” ဒီဇာတ်ကားကို ကျွန်တော်တို့ ဖားကန့်မှာရှိတဲ့ ကျောက်တူးသမား တွေရဲ့ဘဝကို သိစေချင်လို့ ရိုက်ကူး ထားတာပါ။ ဖားကန့်မှာ ဒီဇာတ် လမ်းထဲကအတိုင်းပဲ ဘဝဆုံးရှုံးသွား တဲ့သူတွေလည်းရှိသလို ကျောက်စိမ်းတူးပြီး ချမ်းသာတဲ့သူတွေလည်း ရှိ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ပရိသတ် တွေအနေနဲ့ ကချင်တိုင်းရင်းသား လူ မျိုးတွေရဲ့ အနုပညာများကို အားပေး စေချင်တယ်။ ဒီဇာတ်ကားကို အကုန် လုံး ကိုယ်တိုင်လုပ်ထားရတဲ့အတွက် အားရကျေနပ်မှုတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။ “မနောမြေ မှကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာမီအချိန်မှာ မြန်မာတစ်နိုင်ငံလုံး ပြသသွားမှာဖြစ် ကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here