အလှမယ် ထက်ထက်ထွန်းရဲ့ Best National Costume ဖန်တီးရှင် ဒီဇိုင်နာ လဇိန်ဂမ်ထွဲ

0
199

La-Zain-Gan-Twalဖိလစ်ပိုင်နိုင်ငံတွင် ၆၅ ကြိမ် မြောက် ကျင်းပတဲ့ Miss Universe 2016 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Best  National Costume Winner Award Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း ရဲ့ National Costume ဝတ်စုံကို ဖန်တီးပေးနိုင်တဲ့ သူကတော့ ဒီဇိုင်နာ လဇိန်ဂမ်ထွဲ ဖြစ်ပါတယ်။ အခုလို ကမ္ဘာအဆင့် မြင့်ပြိုင်ပွဲကြီး မှာ သူဖန်တီးပေးတဲ့ ဝတ်စုံက အကောင်း ဆုံးဆု ရရှိခဲ့ရ ခြင်းအပေါ် ကိုတော့ ဒီဇိုင်နာ လဇိန် ဂမ်ထွဲက

“Miss Universe ပြိုင်တဲ့ သက်တမ်းတိုတို လေးအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ကြောင့်မို့ ပိုပြီးတော့ ဂုဏ်ယူမိပါ တယ်။ ပြီးတော့ ထက်ထက် ကလည်း တကယ်တမ်း ကြိုးစားတဲ့ Miss တစ် ယောက်ဖြစ်တဲ့ အတွက်မို့ ကိုယ်လည်း ပံ့ပိုးပေးရကျိုးနပ်တယ်။ ပြီးတော့ Miss Universe Organization  ဆိုတာကလည်း ကိုယ့်နိုင်ငံအတွက် ဂုဏ်ဆောင်ပြီးတော့ လုပ်ပေးနေတဲ့ ဦးဆောင်နေတဲ့ Organization ဖြစ် တော့ ကိုယ့် အတွက်လည်း ကောင်း တာပေါ့နော်။ အားလုံး ညီညွတ်လို့ အခုလို ဆုမျိုး ရရှိသွားတာပါ။ ပြီးတော့ ကျွန်တော့် ရည်မှန်းချက် လည်း အောင်မြင်တယ်လို့ ခံစား ရတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်က အစကတည်းက ဒီရုပ် သေး အကမှာ လိုက်ကာ ဖွင့် လိုက် တာနဲ့ ရွှေတိဂုံ ဘုရားကို ပေါ်အောင်လုပ် ထားတာ လေ။ ကြည့် လိုက်တာနဲ့ ဒီအရုပ်ကလေး က မြန်မာ နိုင်ငံဆိုတာ တန်း သိစေ ချင်တာ။ အခုတော့ ရည်မှန်းချက် အောင်မြင် သွားတယ်” လို့ ပြောပြပါ တယ်။ National Costume အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ ရုပ်သေး ဝတ်စုံကို ဖန်တီး ပေးဖြစ်ခဲ့ ပုံကိုတော့ ဒီဇိုင်နာ လဇိန်ဂမ်ထွဲက အခုလို ပြောပြပါ တယ်။

“ဒီဝတ်စုံကို ဖန်တီးပေးတဲ့ အချိန်တုန်းက ကိုယ်လုပ်ရမယ့် Idea အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်။ ဒါပေမဲ့ ထွက်လာတဲ့ အချိန်မှာ ကြိုက်တဲ့ သူတွေလည်း ရှိတယ်။ မကြိုက်တဲ့ သူတွေလည်း ရှိတယ်။ အခါတိုင်း မြင်နေကျ မဟုတ် တဲ့ အတွက် ဝေဖန်သံ ကတော့ တော်တော်လေးကို ညံခဲ့တာ။ ဒါပေမဲ့ ကျွန်တော် စလုပ်ကတည်းက ကိုယ့်ရဲ့ အော်ဒီ ရန့်တား ဂတ် က မြန်မာတင် မဟုတ်ဘူး၊ နိုင်ငံခြား သားတွေ။ ကိုယ့်ရဲ့ Tourism industry က ဘာကို Promote လုပ်လို့ရလည်း ဆိုတာ ကြည့် ပြီးတော့ လုပ်လိုက်တာ။ အဲဒါကို ကိုယ့်မြန်မာ ပရိသတ်တွေက အခါတိုင်းမြင်နေကျ ဟာတွေထက် နည်းနည်းကွဲထွက် သွားတော့ နည်းနည်းလေး  ဝေဖန်ခံ ခဲ့ရတယ်။ ကျွန်တော့်ကို မစိုးယုဝေနဲ့ ထက်က National Costume ရုပ်သေး လုပ်မယ်ဆိုပြီး  Theme လေး တစ်ခု ချပေးတယ်။ ရုပ်သေး ဆိုတော့ နည်းနည်းတော့ ဘောင်ကျဉ်းတာ ပေါ့နော်။ ဘောင်ကျဉ်းတော့ လုပ်လို့ ရသလောက်လေး မှာ ကိုယ်က ဘယ်လို Perform လုပ်မလဲ ဆိုတာကို တွေးပြီးတော့ စတိတ်စင် ကိုပါ လုပ်ပေးလိုက်တာ။ National Costume  က ရုပ်သေး လိုကပြ ရမယ် ဆိုကတည်းက သူ့ကို အက သင်ခိုင်းခဲ့တယ်။ အကကို တောင်မှ တစ်ကွက် နှစ်ကွက် မဟုတ် ဘူး။ တစ်ပုဒ်လောက် စာကို သင် တာ။ ဘယ်အကွက်က စက စက သူမ ကြောင်တော့ဘူး။ စင်ကို ထမ်း လာပြီး လိုက်ကာဖွင့်ဖို့ ကိုပါ တစ်ခါ တည်း သင်ပေးလိုက်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here