ရုပ်ရှင် ဥက္ကဋ္ဌ ရာထူး အနား ယူပြီးတာနဲ့ အနုပညာနဲ့ ဆက်နွှယ်တဲ့ စီးပွားရေး လုပ်သွားမယ့် လူမင်း

0
257

Ly-Minသရုပ်ဆောင် လူမင်းက ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌရာထူးက အနား ယူပြီးတဲ့ နောက်ပိုင်းမှာတော့ စီးပွား ရေးလုပ်ငန်းတွေ လုပ်ဆောင် သွား မယ်လို့ သိရပါတယ်။ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး လူမင်းက

“စီးပွားရေး လုပ်တယ် ဆိုတာက ဒီလိုပါ။ ကိုယ့်ရဲ့ အနုပညာ နဲ့ပတ် သက်တဲ့ ၂၅ နှစ်လောက် အတွေ့ အကြုံနဲ့ ဒီအနုပညာနဲ့ သက်ဆိုင် တဲ့ စီးပွားရေး လုပ်ဖို့တွေ ကိုယ့်မှာအစီ အစဉ်တွေ အစောကြီး ကတည်းက ရှိပြီးသားပါ။ ဒါပေမဲ့ ဒီသုံးလေးနှစ် မှာ ကားရိုက်တာလေး နဲ့ ရုပ်ရှင် အစည်းအရုံး အတွက် အချိန်ပေး ထားရတ်ာဆိုတော့ ကိုယ့်ရဲ့ ကိုယ် ပိုင် အလုပ်တွေဘာမှ လှည့်မကြည့်ဘဲ မေ့ထားတာ ရှိတယ်။ အဲဒါတွေ ပြန် လုပ်ဖို့ရှိတယ်”လို့ ပြောပါတယ်။

ဆရာကြီး မင်းသိင်္ခဝတ္ထုဖြစ်တဲ့ မိုးနဲ့မြေ ဝတ္ထုကို ဝယ်ယူထားတဲ့ သရုပ်ဆောင် လူမင်းက ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ရာထူးက အနား ယူပြီးတဲ့ နောက်ပိုင်းမှပဲ သူ့ကိုယ်ပိုင် ထုတ်လုပ်ရေး က ရိုက်ကူးသွားမှာဖြစ် ကြောင်း ပြောပါတယ်။ ဒီဇာတ်လမ်း နဲ့ ပတ်သက်ပြီး လူမင်းက..

“အရင်ဆုံး ရိုက်ကူးဖြစ်ရင် တော့ ဆရာကြီး မင်းသိင်္ခရဲ့ မိုးနဲ့မြေ ဆိုတဲ့ ဝတ္ထုကို ဝယ်ထားပြီးပါပြီ။ ရိုက်ဖို့ စီစဉ်သွားမှာပါ။ ဒါက ကိုယ်နားပြီး မှပဲ စီစဉ်နိုင်မှာ။ ကိုယ်ကိုယ်တိုင် သရုပ် ဆောင်လုပ်ဖို့၊ မလုပ်ဖို့က မသေ ချာသေးဘူး။ ကိုယ့်ရဲ့ ထုတ်လုပ်ရေးက ရိုက်ကူး သွားမှာပါ” လို့ ပြောပါတယ်။

သရုပ်ဆောင် လူမင်းတို့ ဇနီး မောင်နှံက အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ ကျန်ရစ်ခဲ့တဲ့ မိသား စုဝင်များကို ဖေဖော်ဝါရီ ၁ ရက်နေ့က သွားရောက် တွေ့ဆုံ အားပေးခဲ့ပြီး ဆယ်တန်း ကျောင်းသူ ဖြစ်တဲ့ ပြည့် ပြည့်ရဲ့ ပညာသင်စရိတ်ကို ထောက် ပံ့ပေးသွားမှာ ဖြစ်ကြောင်း သိရပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here