အနုပညာနဲ့ ပတ်သက်လာရင် ဘယ်တော့မှ လျော့ မလုပ်ဘူးလို့ ဆိုတဲ့ ရတနာဗိုလ်

0
445

Yadanar Bo copy

လက်ရှိမှာ ရတနာပုံဆိုတဲ့ ရုပ်သံဇာတ်လမ်း တွဲကို  ရိုက်ကူး လျက်ရှိနေပြီး အခု ဇာတ်လမ်း တွဲဟာသူ့အတွက် ပထမဦးဆုံး ဇာတ်လမ်း တွဲ ဖြစ်တယ်လို့ ရတနာ ဗိုလ်ကဆိုပါတယ်။ ပထမဦးဆုံး ရုပ်သံဇာတ် လမ်းတွဲ ဖြစ်တဲ့အတွက် ကြိုးစား စိုက်ထုတ်မှုကိုလည်း ပိုထည့် ထားတယ်လို့ ဆိုပြီး ပရိသတ် တွေအနေနဲ့ တီဗီမှာထုတ်လွှင့်တဲ့ အခါ ကျေနပ် အားရကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

 “ညီမအနေနဲ့ ရုပ်ရှင်ဇာတ်ကား ပဲဖြစ်ဖြစ်၊ ဗီဒီယိုဇာတ်ကားပဲဖြစ် ဖြစ်၊ ရုပ်သံဇာတ်လမ်းတွဲပဲဖြစ်ဖြစ်၊ ကိုယ့်ကိုလာပြီးတော့ ယုံကြည်စွာနဲ့ အပ်နှံထားတဲ့ အလုပ်တွေကို မိမိ ဘက်ကနေပြီးတော့ ပရိသတ် အပေါ်မှာ တာဝန်ကျေအောင် အမြဲ တမ်း အကောင်းဆုံးကြိုးစားအား ထုတ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ကြီးမို့လို့ ပိုအားထုတ်တာတို့၊ ဗီဒီယို ဇာတ်ကား မို့လို့ လျော့လုပ်တာတို့ ဆိုတာမျိုးတွေ မရှိပါဘူး။ အနု ပညာနဲ့ ပတ်သတ် လာရင် ဘယ် တော့မှ လျော့မလုပ်ပါ ဘူး။ အလုပ် လာအပ်ပြီဆိုတာနဲ့ သေချာပြင်ဆင်ပြီးတော့ပဲ လုပ်ပါ တယ်” လို့ ရတနာဗိုလ်က ဆိုပါတယ်။

၂ဝ၁၆ ခုနှစ်ထဲမှာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးထားခဲ့တာမို့ အခု ၂ဝ၁၇ ခုနှစ် ထဲမှာတော့ ရတနာဗိုလ် ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ရုံတင်ပြသတော့မှာ ဖြစ် တာ ကြောင့် ပရိသတ်တွေအနေနဲ့ စောင့်ဆိုင်း အားပေးစေချင်ေ ကြာင်း လည်း ဆိုပါ တယ်။ ရတနာဗိုလ် ပါဝင်သရုပ်ဆောင်ပြီး ၂ဝ၁၆ ခုနှစ်ထဲမှာရုံတင်ခဲ့တဲ့ ဘောစိ အမည်ရ ဟာသရုပ်ရှင် ဇာတ်ကား ကလည်း အောင်မြင်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား တစ်ကား ဖြစ်ခဲ့ပြီး ဝင်ငွေစံချိန်လည်း ချိုးထားနိုင်ခဲ့ ပါတယ်။

ရတနာဗိုလ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ပြေတီဦးဖောင်ဒေးရှင်း ပဒေသာကပွဲ ရဲ့ ချန်နယ်သစ်ပြဇာတ်မှာလည်း    ပါဝင်ကပြဖျော်ဖြေပေးခဲ့ပါသေး တယ်။ ဒါ့အပြင် ဒီနှစ်အကယ်ဒမီ ပွဲနဲ့ ပတ်သတ်ပြီး အနုပညာပျိုးခင်းက မောင်နှမတစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသု အကယ်ဒမီ တစ်ပြေးနေတာကို ကြား ရတဲ့အတွက်လည်း ပျော်နေမိတယ်လို့ ဆိုပါတယ်။

“ပြီးတော့ စီနီယာအစ်ကို အစ်မတွေထဲကလည်း ကြား နေရပါ တယ်။ လတ်တ လော မှာကိုထွန်းထွန်းရ မယ်လို့ လည်း ကြားနေ ပါတယ်။ ဦးဇင်ဝိုင်းလည်း ရ မယ်လို့ ကြားနေ ရပါတယ်” လို့ ရတနာဗိုလ်က ပြောပြ ပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here