ဒီနှစ်အကယ်ဒမီ အတွက် ထွန်းထွန်းကို မဲ ပေးထားတဲ့ ဒါရိုက်တာ သားညီ

0
243

Thar Nyi copy

ဒါရိုက်တာ သားညီက ရတနာပုံ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ လက်ကျန် ကို ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ်ကားပြီးရင် အပြီးသတ် ရိုက်ကူးဖို့ ပြင်ဆင်ထားပါတယ်။ အဲဒါပြီးရင်တော့ ဗီဒီယိုဇာတ်ကား နှစ်ကား ရိုက်ကူးပေးဖို့ ရှိပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ လည်း ရှိနေ ပေမယ့် သေချာ မသေချာကို တော့ မတိအကျ မပြောနိုင်သေးဘူး လို့ ဆိုပါတယ်။

“ဇာတ်လမ်းတွဲတွေ ကပြောရ ရင် Update  အရမ်းဖြစ်တယ်ဗျ။ အခု ကျွန်တော်တို့ ရတနာပုံ ဇာတ်လမ်းတွဲရိုက်ကူးတယ်။ ဖေဖော် ဝါရီလမှာရိုက်ကူးမယ်။ ဧပြီလမှာ ပြသမယ်။Charm ရုပ်သံ ဇာတ်လမ်းတွဲ ဆို ရင်လည်း အဲဒီ လိုပဲ ရိုက် ကူးတာနဲ့ ပြသတာ နဲ့က
နှစ်လ  လောက် ပဲခြားတော့ ချက်ချင်း Current ဖြစ်နေ တာတွေကို ရိုက်ပြလို့ ရတယ်။ ဗီဒီယို ထက် တောင် မြန်သေး တယ်ဗျ။ ချက်ချင်း ရိုက် ချက်ချင်းပြ သဘောပဲ။ အဲဒီတော့ ဗန်း စကားတွေ ၊ ပလော့ခ် တွေအစ လတ်လတ် ဆတ်ဆတ် ဖြစ် တယ်။ အဲဒီ အားသာ ချက် က လေး တစ် ခုတော့ ရှိ တယ်” လို့ ဆိုပါ တယ်။

ဒါရိုက်တာ သား ညီကအခုနှစ် အကယ် ဒမီပေးပွဲမှာ ထွန်း ထွန်း ကိုအကယ်ဒမီရစေချင် တယ်လို့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောပြ ပေး ခဲ့ပါတယ်။

“ဒီနှစ်အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေက အကုန်လုံးက သပ်သပ်ရပ်ရပ်လေးတွေ ရိုက်ကူး ထား ကြတဲ့ဇာတ်ကား တွေအများကြီး   တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ မျှော်လင့်စရာ အကြောင်း အရင်းရှိမနေသေးပါဘူး။ ဒီနှစ် အတွက်ကတော့ ကျွန်တော် ထွန်းထွန်းကို မဲပေးပါတယ်။ ထွန်းထွန်း ပါပဲ။  ကျွန်တော် ကတော့ ကျွန်တော့်ညီလေးကို ကျွန်တော်ပေး ပါတယ်” လို့ ကပြောပြ ခဲ့ပေးပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here