ရွှေကြို ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ မေသန်းနု ရဲ့ ရွှေကြို ရွေးချယ်မှု အကြောင်း

0
246

MayThanNuအကယ်ဒမီ ရွှေကြိုရွေးချယ်ရေး ကော်မတီက လက်ရှိမှာ ရွှေကြို မောင်မယ် လျှောက်လွှာတွေကို စိစစ်ရွေးချယ်နေပြီ ဖြစ်ပါတယ်။ အခုနှစ် အတွက် ရွှေကြိုမောင်မယ် စုစုပေါင်း ၁၆ယောက်ကို ရွေးချယ်သွား မှာဖြစ်ပေမယ့်လည်း ရွေးချယ်တဲ့ အခါမှသာ အတည်ပြုနိုင် မှာမို့ အယောက်၂ဝ လည်း ဖြစ်ချင်ဖြစ် သွားနိုင်ကြောင်း အကယ်ဒမီ ရွှေကြို ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ အကယ် ဒမီ မေသန်းနု က ပြောပါတယ်။ အခုနှစ်မှာတော့ ရွှေကြိုမောင်မယ် လျှောက်လွှာတင် လျှောက်ထား သူဦးရေဟာ အရင်နှစ်တွေ ကထက် များစွာ မြင့် တက် လာခဲ့ပြီး လျှောက် လွှာ စုစုပေါင်း ၆၉၃ စောင်အထိ လက်ခံ ရရှိထားခဲ့ပါတယ်။

“မဆင့် တို့ ရည်ရွယ်ချက်ကိုက ဒီဟာသည် လူငယ်လေးတွေရဲ့ မျှော်လင့်ချက် အိပ်မက် ကလေးတွေကို အကောင်အထည် ဖော် ပေးချင် တဲ့စေတနာ ဖြစ်ပါတယ်။ တကယ်တော့ ရွှေကြိုဆို တာသည် သရုပ် ဆောင်သစ် ဖြစ်လာမယ့် သူလေးတွေကို ကြိုဆိုတဲ့ အနေနဲ့ လည်းဖြစ်တယ်။ သူတို့လေးတွေ ဖြစ်လာမလား ဆိုတဲ့ ရည်ရွယ်ချက် မျှော်လင့်ချက် စေတနာတွေနဲ့ လုပ်ကြတာ ဖြစ်တယ်။ သူတို့ ရဲ့မျှော်လင့် ချက် အတိုင်း ဖြစ်သွားတဲ့ သူတွေလည်း ရှိတယ်၊ မဖြစ်သွားတဲ့ သူတွေလည်း ရှိတယ်။ ကိုယ့်ရဲ့ ကံတရားတွေ နဲ့လည်း ဆိုင်တယ်။ မဆင့်တို့ကတော့ လမ်းကြောင်း ကလေးပေါ် တင်ပေး လိုက်တာပေါ့လေ။ အကယ်ဒမီ ဆိုတာကို တစ်ကမ္ဘာ လုံးမှာ ရှိနေ တဲ့ မြန်မာတွေကလည်း စောင့်ကြည့် နေကြတာဖြစ်တယ်။ မြန်မာ တစ်နိုင်ငံလုံး ကလည်း စောင့်ကြည့်ရတဲ့ ပွဲဖြစ်တဲ့ အတွက် စင်ပေါ် ကိုတက်ရတဲ့ အခွင့်အရေးလေးမှာ အားလုံး သိသွားတဲ့ အခြေအနေ တစ်ခုတော့ ဖြစ်သွားတာပေါ့” လို့ အကယ် ဒမီ မေသန်းနု က ပြောပြပေးပါတယ်။

အကယ်ဒမီ ရွှေကြိုဆိုတာကို အလကားထည့် ထားတာမျိုး မဟုတ်ဘဲ အကယ်ဒမီ အတွက် အမှန် တကယ် လိုအပ်တဲ့ အစီအစဉ် တစ်ခုဖြစ်တဲ့ အတွက် သာထည့်သွင်း ခဲ့ခြင်းဖြစ်တယ် လို့လည်း ဆိုပါတယ်။

“အခုဆိုရင် ယောကျာ်းလေး တွေကိုပါ ရွေးချယ်တယ်။ မင်းသားရှိတယ်။ မင်းသမီး ရှိတယ်လေ။ သူတို့ကို လက်ကမ်း ကြိုရမယ်။ ဒါတွေကို အားပေးရမယ်။ ရုပ်ရှင် အစည်း အရုံး ဆိုတာကလည်း ရုပ်ရှင်လောကမှာ ဒီတစ်ခုပဲ ရှိတာလေ။ သူတို့လေးတွေက လည်း အားကိုးတကြီး နဲ့ လာရောက်ကြတာ ဖြစ်တဲ့ အတွက် မဆင့်တို့လည်း လုပ်ပေးရ ကျိုးနပ် တယ်။ သူတို့လေးတွေ လည်း စင်ပေါ် ရောက်တယ်။ တစ်နေ့ကျရင်သူတို့လေး တွေ ထဲက နာမည်ကျော် သရုပ်ဆောင်တွေ မဖြစ်လာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး” လို့ ပြောပြပေး ခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here