မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) အား မြန်မာနိုင်ငံဂီတ ကောင်စီ ဟု ပြောင်းလဲခေါ်ဆိုမည်

0
218

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အား ယခု၂ဝ၁၇ ခုနှစ်မှ စတင် ကာ မြန်မာနိုင်ငံ ဂီတကောင်စီဟု အမည် ပြောင်းလဲ ခေါ်ဆို သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမည်ပြောင်းလဲ ခေါ်ဆိုမှုအား ယခုနှစ် ဂီတအစည်းအရုံး ရွေး ကောက်ပွဲ ကာလမှ စတင် သတ်မှတ် သွားမည် ဖြစ်ကြောင်း သိရပြီး အသေးစိတ် အချက်အလက်များ ကို လည်း မကြာမီတွင် ဂီတလောက သားများအား ထုတ်ပြန်ကြော်ငြာ သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် တို့ အမှုဆောင်တွေ အားလုံးတော့ ဆွေးနွေးပြီးပါပြီ။ ဘာ ကြောင့် ဒီလို အမည် ပြောင်းလဲခေါ် ဝေါ်မယ် ဆိုတဲ့ အကြောင်း ကိုလည်း မကြာခင်မှာ အသေးစိတ် ထပ်မံ ထုတ်ပြန်သွားပါ မယ်။ လောလောဆယ်တော့ ဒါကို အကြိမ်ကြိမ် ဆွေးနွေးစည်း ဝေးနေ ပါတယ်” ဟု မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)မှ ဒုဥက္ကဋ္ဌဦး လွင်မြင့်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here