ကိုနေဝင်းကို ဂုဏ်ပြုသောအားဖြင့် ကျန်ရစ်သူ မိသားစုကို လှူဒါန်းထောက် ပံ့သွားမယ့် မေတ္တာသင်္ဂဟ အဖွဲ့

0
229

မေတ္တာသင်္ဂဟ အသင်း ရန်ကုန်၊ မန္တလေးတို့ ပူးပေါင်းပြီး နာဂဒေသ မှာရှိတဲ့ ကူးစက်ရောဂါသင့် ကလေးငယ်များ ပြန်လည် ထူထောင်ရေး အတွက် အလှူငွေ သိန်း၃ဝ လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။ ပြေတီဦး ပညာရေးဖောင် ဒေးရှင်း ရန်ပုံငွေပ ဒေသာကပွဲမှာ ခန့်စည်သူ နဲ့ တွေ့ဆုံဆိုက် မေတ္တာသင်္ဂဟ အဖွဲ့ရဲ့ အလှူကိုမေးတော့ “နာဂဒေသ ဆိုတာ ဖွံ့ဖြိုး တိုးတက်မှု အင်မတန် အားနည်းတဲ့ နေရာပါ။ ငွေကြေးကလည်း အင်မတန် ဆင်းရဲတဲ့ ဒေသဖြစ် တဲ့အတွက် ကျွန်တော်တို့က ကိုယ်တတ် နိုင်တဲ့ဘက်က တစ်ပိုင် တစ်နိုင်လှူ ဒါန်း ရခြင်းဖြစ်ပါတယ်။ တကယ်လို အပ်တဲ့နေရာကို လှူဒါန်းခွင့်ရတဲ့ အတွက် မေတ္တာသင်္ဂဟ အဖွဲ့ကိုယ်စား အတိုင်း မသိ ဝမ်းသာ ပီတိဖြစ်ရပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ၂၉ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဥပဒေ အကြံပေး ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူကို လိုက်လံ ဖမ်းဆီးခဲ့ရာမှ အသက် စွန့်သွားခဲ့ရသော အဌားယာဉ်မောင်း ကိုနေဝင်းကို ဂုဏ်ပြုသော အားဖြင့် ကျန်ရစ်သူ မိသားစုကို မေတ္တာသင်္ဂဟ အဖွဲ့မှထောက် ပံ့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။

P060


LEAVE A REPLY

Please enter your comment!
Please enter your name here